နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၆၁ ကြိမ်မြောက် အဲလ်ကလက်ဆီကို ဒါဘီမှာ ဘယ်အသင်း အသာရသွားမလဲ | လာလီဂါ (ပွဲကြိုသုံးသပ်ချက်)

ဘာစီလိုနာ – ရီးရဲလ်မက်ဒရစ်

၂၆၁ ကြိမ်မြောက် အဲလ်ကလက်ဆီကို လာလီဂါ ဒါဘီ ပွဲစဉ် ကတော့ မနက်ဖြန်ည ဘာစီလိုနာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ စူပါဆန်းဒေးရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ် ဖြစ်ပြီး ဒီနှစ် လာလီဂါ ချန်ပီယံဆု အတွက် အတိုင်းအတာ တစ်ခု အထိ အဆုံးအဖြတ် ပေးသွားမယ့် ပွဲစဉ်လို့လည်း ပြောလို့ ရပါတယ်။

လက်ရှိ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ဘာစီလိုနာ ကတော့ ရီးရဲလ်မက်ဒရစ်ကို ၄ မှတ် ဖြတ်ထားပြီး ချန်ပီယံ ဖြစ်ဖို့လည်း ရေပန်းစားနေပါတယ်။ ဘာစီလိုနာ အနေနဲ့ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရလိုက်တာနဲ့ ၇ မှတ် ဖြတ်လိုက်နိုင်ခြင်းနဲ့ အတူ ချန်ပီယံ ဖြစ်ဖို့ သေချာသွားမှာ ဖြစ်တာကြောင့် ပိုပြီး အားစိုက်လာပါလိမ့်မယ်။ ဘာစီလိုနာဟာ ဖလား ၄ လုံး အိမ်မက် ပျက်သွားခဲ့ပေမယ့် Treble မျှော်လင့်ချက် ကိုတော့ ဘယ်လိုနည်းနဲ့မှ ခြေချော်ခံလိမ့်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဘာစီလိုနာက ဒီရာသီ လာလီဂါ ပထမအကျော့၊ စပိန် စူပါဖလားနဲ့ ကိုပါဒယ်ရေး တွေ့ဆုံမှု ၃ ကြိမ်စလုံးမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရထားပါတယ်။

လာလီဂါ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ရီးရဲလ်မက်ဒရစ်က ၃ ကြိမ် နိုင်ပြီး ဘာစီလိုနာက ၂ ကြိမ်နိုင်ခဲ့ပါတယ်။
ဒီရာသီ တွေ့ဆုံမှု ၃ ကြိမ်စလုံး ဘာစီလိုနာကို အသာမရသေးတဲ့ ရီးရဲလ်မက်ဒရစ်

လက်ရှိ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းအရ ကာလို အန်ဆယ်လော့တီရဲ့ အသင်းက ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းကို ဘယ်လိုမှ ယှဉ်နိုင်တဲ့ အခြေအနေမျိုး မရှိပါဘူး။ နောက်ပြီး ရီးရဲလ်မက်ဒရစ်က ဒီပွဲကို မဖြစ်မနေ အနိုင်ရမှ ဖြစ်မယ် ဆိုတဲ့ ဖိအားနဲ့ ကစားရမှာ ဖြစ်ပြီး ဘာစီလိုနာ ကတော့ အနည်းဆုံး သရေတော့ ကစားခွင့် ရှိနေပါသေးတယ်။ နောက်ပိုင်း အဲလ်ကလက်ဆီကို ဒါဘီတွေက ထင်ထားသလောက် စိတ်ဝင်စားစရာ မကောင်းတော့ပေမယ့် ဒီတစ်ကြိမ် တွေ့ဆုံမှု ကတော့ ရီးရဲလ်မက်ဒရစ် အတွက် ဖလား လက်မဲ့ ရာသီ မဖြစ်ရေး၊ ဘာစီလိုနာ အတွက် Treble အောင်မြင်မှု ဆိုတဲ့ အခြေအနေတွေကြောင့် မဖြစ်မနေ စောင့်ကြည့်ရဦးမှာလည်း ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဘာစီလိုနာ ဘက်က ဒန်နီရယ် ရိုဒရီဂွက်ဇ်၊ ဂျူးလ်စ် ကွန်ဒေး၊ ဘာနဲလ်၊ ကာဆာဒို၊ ပါဘလို တိုရေး တို့ လွဲချော်မှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ဘက်မှာတော့ ရူဒီဂါ၊ ကာဗာဟယ်၊ အလာဘာ၊ မီလီတာအို၊ ကာမာဗင်ဂါနဲ့ ဖာလန်း မန်ဒီတို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဘာစီလိုနာ – တာ စတီဂျန်၊ ဂါစီယာ၊ ကူဘာဆီ၊ မာတီနက်ဇ်၊ ဘဲလ်ဒီ၊ ပက်ဒရီ၊ ဒီယောင်၊ ယာမယ်၊ အော်လမို၊ ရာဖင်ညာ၊ လီဝမ်ဒေါစကီး

ရီးရဲလ်မက်ဒရစ် – ကော့တွစ်၊ ဗယ်လ်ဗာဒီ၊ အဆန်စီယို၊ ချူအာမန်ဒီ၊ ဂါစီယာ၊ ဆယ်ဘာလော့စ်၊ မိုဒရစ်၊ ဂူလာ၊ ဘယ်လင်ဟမ်၊ ဗင်နီးစီးယပ်စ်၊ အမ်ဘာပေး

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု အကြိမ် ၂၆၀ မှာ ရီးရဲလ်မက်ဒရစ်က ၁၀၅ ကြိမ် နိုင်ပြီး ဘာစီလိုနာက ၁၀၃ ကြိမ် နိုင်ကာ ၅၂ ကြိမ်က သရေကျထားပါတယ်။ ဒီနှစ်သင်းက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက နောက်ဆုံး အကြိမ် သရေကျထားတာ ဖြစ်ပြီး နောက်ဆုံး ၂၃ ကြိမ် ဆက်တိုက် အနိုင်၊ အရှုံး အဖြေပေါ်ထားပါတယ်။ လာလီဂါ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ရီးရဲလ်မက်ဒရစ်က ၃ ကြိမ် နိုင်ပြီး ဘာစီလိုနာက ၂ ကြိမ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာ အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာတော့ ဘာစီလိုနာက ၁ ကြိမ်သာ နိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကတော့ ၃ ကြိမ်နိုင်ကာ ၁ ကြိမ် သရေကျခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘာစီလိုနာ နိုင်ရင် ၁.၉၈ ဆ၊ ရီးရဲလ်မက်ဒရစ် နိုင်ရင် ၃.၀၃ ဆ၊ သရေ ဆိုရင်တော့ ၃.၇၄ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ ဘာစီလိုနာက သရေ တစ်ဝက်ရှုံး၊ သရေရှုံး၊ တစ်လုံး တစ်ဝက်စားကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ဂိုးပေါ်မယ့် ကြေးမျိုးပါ။ ရီးရဲလ်မက်ဒရစ် အတွက် ဖလား လက်မဲ့ ရာသီ မဖြစ်ဖို့ ဒီပွဲက နောက်ဆုံး မျှော်လင့်ချက် ဖြစ်ပေမယ့် အစစအရာရာ သာနေတဲ့ ဘာစီလိုနာကို ကတ်တာလန် မြေမှာ အသာရဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာစီလိုနာနဲ့ ဂိုးပေါ်ပဲ ကြိုက်ပါတယ်။

ခန့်မှန်းရလဒ် ဘာစီလိုနာ ၃-၁ ရီးရဲလ်မက်ဒရစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်