နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကာဗာဟယ် ဒဏ်ရာ ထပ်ရသွားတာကြောင့် ပွဲထွက်ခွင့် ပြန်ရတော့မယ့် ထရန့် | လာလီဂါ

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဒန်နီ ကာဗာဟယ် ကတော့ နောက်ထပ် ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူရဦးမယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်ကလည်း ကာဗာဟယ် အနေနဲ့ ခွဲစိတ်ကုသမှု ခံယူဖို လိုအပ်နေကြောင်း အတည်ပြုထားခဲ့ပါတယ်။

ကာဗာဟယ်ဟာ ပြီးခဲ့တဲ့ လာလီဂါ အဲလ်ကလက်ဆီကို ဒါဘီ ပွဲမှာ ဒဏ်ရာရခဲ့တာကြောင့် ပွဲကစားချိန် ၇၂ မိနစ်မှာ လူစားလဲခံရပြီး တနင်္လာနေ့က စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကာဗာဟယ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က မက်ဒရစ် ဒါဘီ ပွဲစဉ်မှာ ခြေသလုံး ကြွက်သား ဒဏ်ရာ ရရှိခဲ့ပြီးနောက် အခု အဲလ်ကလက်ဆီကို ဒါဘီမှာ ပထမဦးဆုံး အကြိမ် ပြန်လည် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဒဏ်ရာ ပြန်လည် ရရှိသွားတာကြောင့် ထပ်မံ အနားယူရဖို့ ရှိလာတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ဘက်ကတော့ ကာဗာဟယ် အနေနဲ့ ဘယ်လောက်ကြာကြာ အနားယူရမယ် ဆိုတာ ကိုတော့ သတင်း ထုတ်ပြန်ထားခြင်း မရှိသးပါဘူး။ ဒါပေမယ့်လည်း စပိန်က လာတဲ့ သတင်းတွေ မှာတော့ ကာဗာဟယ် အနေနဲ့ လာမယ့် နှစ်စပိုင်းမှ ဘောလုံး ပြန်ကစားနိုင်မှာ ဖြစ်ကြောင်း ဖော်ပြနေကြတာ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း ရီးရဲလ်မက်ဒရစ် နောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်က ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် အသင်းဟောင်း လစ်ဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့် ပွဲမှာ အန်ဖီးလ်ကွင်းကို တစ်ကျော့ပြန် ခြေချခွင့် ရဖို့ နီးစပ်နေကြောင်း သိရပါတယ်။ လစ်ဗာပူးလ် အကယ်ဒမီထွက် အာနိုးလ်ဟာ ပရီးမီးယားလိဂ် ကလပ်မှာ ဆယ်စုနှစ် တစ်ခု နီးပါး အကြာ ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ နွေရာသီက ဆန်တီယာဂို ဘာနေဗျူးကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

အာနိုးလ်ဟာ လာလီဂါ ကလပ်ကို ရောက်ရှိချိန်က စပြီး ၁၀ ပွဲကစားထားပေမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာသာ ပွဲအများဆုံး ကစားထားခဲ့တာ ဖြစ်ပါတယ်။
အသင်းဟောင်း လစ်ဗာပူးလ်နဲ့ ပွဲစဉ်မှာ ပြန်လည် ပါဝင်လာဖွယ် ရှိနေတဲ့ အာနိုးလ်

အာနိုးလ်ဟာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ထံ ပေါင် ၁၀ သန်းတည်းနဲ့ ပြောင်းရွှေ့ခဲ့သူပါ။ ဒါပေမယ့် အင်္ဂလန်သားက ရီးရဲလ်မက်ဒရစ်မှာ ပုံမှန် ခြေစွမ်းပြဖို ရုန်းကန်နေခဲ့ရသလို စက်တင်ဘာလ အတွင်းက ကစားခဲ့တဲ့ မာဆေးလ်နဲ့ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်မှာလည်း ၃ မိနစ်သာ ကစားခဲ့ရပြီး တံကောက်ကြော ဒဏ်ရာရရှိခဲ့တာကြောင့် အနားယူနေခဲ့ရပါတယ်။ အာနိုးလ်ဟာ လာလီဂါ ကလပ်ကို ရောက်ရှိချိန်က စပြီး ၁၀ ပွဲကစားထားပေမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာသာ ပွဲအများဆုံး ကစားထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ အာနိုးလ်ဟာ ရာနှုန်းပြည့် ကြံ့ခိုင်မှု ပြည့်ဝလာအောင် ကြိုးစားခဲ့ပြီး ဘာစီလိုနာနဲ့ အဲလ်ကလက်ဆီကိုဒါဘီမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အရန် လူစာရင်းထဲ ပါဝင်ခဲ့ပေမယ့် ပွဲကစားခွင့်တော့ မရခဲ့ပါဘူး။ ဒါပေမယ့် ဘာစီလိုနာနဲ့ ပွဲမှာ ဝါရင့် နောက်ခံလူ ကာဗာဟယ် အနေနဲ့ ညာဘက် ဒူးဒဏ်ရာ ထပ်ရရှိခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူရတော့မှာ ဖြစ်တာကြောင့် လာမယ့် ၂၀၂၆ ခုနှစ် မတိုင်ခင် အထိ အနားယူရဖို့ ရှိလာပါတယ်။

ဒါကြောင့် နည်းပြ ဇာဘီ အလွန်ဆို အနေနဲ့ နိုဝင်ဘာ ၄ ရက်နေ့ လစ်ဗာပူးလ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ အာနိုးလ်ကို ပွဲထွက် ကစားသမား အဖြစ် ပြန်လည် အသုံးပြုဖို့ ဆန္ဒရှိနေပါတယ်။ အာနိုးလ်ဟာ လစ်ဗာပူးလ် ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း တရားဝင် အတည်ပြုပြီးတဲ့နောက် ပြီးခဲ့တဲ့ မေလတုန်းက အာဆင်နယ်နဲ့ ကစားတဲ့ပွဲမှာ သူ လူစားဝင်လာချိန် လစ်ဗာပူးလ် ပရိသတ်တွေရဲ့ အော်ဟစ် လှောင်ပြောင်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အာနိုးလ် အနေနဲ့ အန်ဖီးလ်မှာ တစ်ကျော့ပြန် ခြေချရဖို့ ရှိနေတာကြောင့် ဒီတစ်ကြိမ် မှာရော လစ်ဗာပူးလ် ပရိသတ်တွေက ဘယ်လိုမျိုး ကြိုဆိုကြမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်