အခုတစ်ခါမှာလည်း ဒီနေ့ အတွက် ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ ဒီနွေရာသီမှာ ရိုဒရီဂိုကို ရောင်းချဖို့ မစဉ်းစားတော့ပဲ စာချုပ်သစ်ချုပ်ဆိုလိုကြောင်း Football España က ဖော်ပြပါတယ်။ ဘရာဇီးလ် လက်ရွေးစင် တောင်ပံ ကစားသမား ကတော့ နည်းပြသစ် ဇာဘီ အလွန်ဆိုနဲ့ ဆွေးနွေးပြီးမှသာ ဆုံးဖြတ်ချက်ချသွားမယ်လို့ သိရပါတယ်။ ရိုဒရီဂို အနေနဲ့ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာမယ် ဆိုရင် နယူးကာဆယ်က ကမ်းလှမ်းဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ နယူးကာဆယ်က ခေါ်ယူချင်နေတဲ့ ဆန်ကာတင် ၄ ဦး စာရင်းမှာတော့ ဘာစီလိုနာ တိုက်စစ်မှူး ဖာရန်း တောရက်စ်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။
Fichajes ရဲ့ ဖော်ပြချက်အရ လာလီဂါ တိုက်စစ်မှူး ဖာရန်း တောရက်စ်ကို အက်စတွန်ဗီလာက ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ အူနိုင်း အမ်မရီရဲ့ အသင်းက ဗလင်စီယာက ခရစ္စတီယန် မော့စ်ကီယာ၊ အက်တလက်တီကိုမက်ဒရစ်က အီဟန် ဆန်းချတ်နဲ့ အက်စ်ပန်ညို ဂိုးသမား ယိုအန် ဂါစီယာ တို့ကို ခေါ်ယူချင်နေပါတယ်။
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အန်ဒရစ်ခ် ကတော့ ဆန်တီယာဂို ဘာနေဗျူး ကနေ ထွက်ခွာနိုင်ချေ ရှိနေပြီးတော့ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်က စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဘရာဇီးလ် လူငယ် ကြယ်ပွင့်က ကာလို အန်ဆယ်လော့တီ လက်အောက်မှာ မိနစ် အနည်းငယ်သာ ကစားခဲ့ရပြီး ခြေစွမ်း ပိုမို တိုးတက်လာဖို့ အတွက် အသင်း ဘက်က အီတလီကို စေလွှတ်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

ဘာစီလိုနာ အားကစား ဒါရိုက်တာ ဒေကိုက နွေရာသီ အပြောင်းအရွှေ့ အတွက် မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SPORT က ဖော်ပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ရာသီက အက်စတွန်ဗီလာမှာ အငှားနဲ့ သွားရောက် ကစားခဲ့တဲ့ အသက် ၂၇ နှစ် အရွယ် ကစားသမားကို ပေါင်သန်း ၄၀ နဲ့ အပြီးသတ် ရောင်းထုတ်ချင်နေကြောင်း သိရပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ အင်တာမီလန် အသင်းခေါင်းဆောင် လော်တာရို မာတီနက်ဇ်ကို ခေါ်ယူချင်နေကြောင်း သိရပါတယ်။ ဒီယေဂို ဆီမြွန်နီနဲ့ အက်တလက်တီကိုမက်ဒရစ် အကြီးအကဲတွေက အာဂျင်တီးနားသားကို စံပြခေါ်ယူမှု အဖြစ် မျှော်လင့်ထားပေမယ့်လည်း သဘောတူညီမှု ရဖို့ ခက်ခဲလိမ့်မယ်လို့ ဝန်ခံထားပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ အာဆင်နယ်နဲ့ သဘောတူညီမှု ရရှိထားတဲ့ မာတင် ဇူဘီမန်ဒီကို ကြားဖြတ် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေဆဲ ဖြစ်ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ နည်းပြသစ် ဇာဘီ အလွန်ဆို ကတော့ စပိန် ကွင်းလယ်လူကို ခေါ်ယူဖို့ အတွက် အသင်းကို တိုက်တွန်းထားတာလည်း ဖြစ်ပါတယ်။
လစ်ဗာပူးလ် ဗဟိုခံစစ်မှူး အီဘရာဟီမာ ကိုနာတေးက ဒီနွေရာသီမှာ အသင်း ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ကြောင်း နည်းပြသစ် ဇာဘီ အလွန်ဆိုနဲ့ ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေထံ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ Defensa Central ရဲ့ ဖော်ပြချက်အရ လစ်ဗာပူးလ်ဟာ သူတို့ရဲ့ နောက်ခံလူကို ရီးရဲလ်မက်ဒရစ်ထံ ယူရို သန်း ၇၀ (ပေါင် ၅၈.၈ သန်း) နဲ့ ရောင်းချချင်နေတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဘင်ဖီကာ ဘယ်နောက်ခံလူ အဲလ်ဗားရိုး ကာရီးရက်စ်ကို အပြီးသတ် ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း Relevoက ဖော်ပြခဲ့ပါတယ်။ ပေါ်တူဂီ ထိပ်သီး တို့ဟာ သူတို့ရဲ့ ကစားသမား အတွက် ယူရို သန်း ၅၀ ထက် မနည်းတဲ့ ပြောင်းရွှေ့ကြေးကို လိုချင်နေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.