နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မိုဒရစ် နေရာမှာ ဘာရယ်လာနဲ့ အစားထိုးချင်နေတဲ့ ရီးရဲလ်မက်ဒရစ်၊ မာကို အဆန်စီယိုကို ဖြစ်နိုင်ချေ ရှိတဲ့ ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့တဲ့ အက်တလက်တီကို | လာလီဂါ

လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ နောက်ဆုံး ရရှိထားသမျှ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ အသင်း ကနေ ထွက်ခွာသွားတဲ့ လူကာ မိုဒရစ် နေရာမှာ အစားထိုးဖို့ အတွက် အင်တာမီလန် ကွင်းလယ်လူ နီကိုလို ဘာရယ်လာကို ခေါ်ယူလိုနေကြောင်း TodoFichajes က ဖော်ပြလာပြန်ပါတယ်။ လစ်ဗာပူးလ်နဲ့ မန်စီးတီး တို့ရဲ့ ပစ်မှတ် ဖြစ်တဲ့ အီတလီသားဟာ ယူရို သန်း ၁၀၀ တန်ကြေး ရှိနေပါတယ်။ အသက် ၂၈ နှစ် အရွယ် ကွင်းလယ်လူဟာ အင်တာမီလန် အတွက် ပွဲပေါင်း ၂၄၆ ပွဲ အထိ ကစားပေးထားသူလည်း ဖြစ်ပြီး လာလီဂါ ကလပ် အတွက် မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်လာနိုင်ကြောင်းလည်း သုံးသပ်နေကြပါတယ်။

AS ရဲ့ ဖော်ပြချက်အရ ဘရာဇီးလ် တိုက်စစ် ကစားသမား ရိုဒရီဂို ကတော့ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ ဖြစ်နိုင်ချေ ရှိတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မဆုံးဖြတ်ရသေးကြောင်း သိရပါတယ်။ ဒီကစားသမားကို အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်စီးတီးတို့ စိတ်ဝင်စားနေကြပြီး ဘရာဇီးလ် လက်ရွေးစင် အနေနဲ့ ကတော့ သူ့ရဲ့ အနာဂတ် အစီအစဉ်တွေကို ရှင်းရှင်းလင်းလင်း သိရဖို့ အတွက် မန်နေဂျာသစ် ဇာဘီ အလွန်ဆိုနဲ့ ဆွေးနွေးဖို့ တောင်းဆိုသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Fichajes ရဲ့ ဖော်ပြချက်အရ အက်တလက်တီကိုမက်ဒရစ် ကတော့ ဖြစ်နိုင်ချေ ရှိတဲ့ ပစ်မှတ် အဖြစ် ပီအက်စ်ဂျီ ကွင်းလယ် တိုက်စစ် ကစားသမား မာကို အဆန်စီယိုကို သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ အက်စတွန်ဗီလာမှာ အငှားနဲ့ ကစားခဲ့တဲ့ စပိန်လက်ရွေးစင် ကစားသမား ကတော့ လာလီဂါ ကလပ်ဆီ သူ့ရဲ့ အပြောင်းအရွှေ့ အတွက် စောင့်မျှော်လျက် ရှိနေပါတယ်။

အက်စတွန်ဗီလာမှာ အငှားနဲ့ ကစားခဲ့တဲ့ စပိန်လက်ရွေးစင် ကစားသမား ကတော့ လာလီဂါ ကလပ်ဆီ သူ့ရဲ့ အပြောင်းအရွှေ့ အတွက် စောင့်မျှော်လျက် ရှိနေပါတယ်။
မာကို အဆန်စီယိုကို ပစ်မှတ် အဖြစ် သတ်မှတ်လိုက်တဲ့ အက်တလက်တီကိုမက်ဒရစ်

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ အာဆင်နယ် ကွင်းလယ်လူ သောမတ်စ် ပါတေးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ သောမက်စ် ပါတေးဟာ အမှန်တကယ်ပဲ အမ်းမရိတ်စ်မှာ ဆက်နေလိုပေမယ့်လည်း စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ရပ်တန့်နေတာကြောင့် သူ့ရဲ့ ရွေးချယ်ခွင့် အတွက် စဉ်းစားနေကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ နောက်ခံလူ အန်တိုနီယို ရူဒီဂါကို ဆော်ဒီပရိုလိဂ်က စိတ်ဝင်စားနေတာကြောင့် စိတ်ပူပန်လျက် ရှိနေကြောင်း Foot Mercato က ဖော်ပြခဲ့ပါတယ်။ လာလီဂါ ကလပ်ဟာ မကြာခင်မှာ ရူဒီဂါကို စာချုပ်သစ် တစ်ရပ်နဲ့ ကမ်းလှမ်းတော့မှာ ဖြစ်ပြီး သဘောတူညီမှု ရရှိမယ်လို့လည်း ယုံကြည်နေကြောင်း သိရပါတယ်။

မေဂျာလိဂ် ကလပ် ချားလော့တ်အက်ဖ်စီ ကတော့ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဒေးဗစ် အလာဘာကို ယူရို ၈ သန်းနဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ မက်ဒရစ် ကလပ်ဟာ အသင်းရဲ့ ကုန်ကျစရိတ်တွေကို လျှော့ချဖို့ လုပ်ခလစာ မြင့်မားတဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ Fichajes ရဲ့ ဖော်ပြချက်အရ ဆိုရင် လက်စတာစီးတီး တိုက်စစ်မှူးဟောင်း ဂျေမီ ဗာဒီကို ချားလော့တ် အက်ဖ်စီ ကပဲ ကမ်းလှမ်းဖို့ ရှိနေကြောင်း သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်းကို နယူးယောက် ရက်ဘူးလ်၊ လိဒ်စ်ယူနိုက်တက်၊ လာလီဂါ အသင်းတွေ ဖြစ်တဲ့ ဗလင်စီယာနဲ့ ဗီလာရီးရဲလ် တို့ကလည်း ခေါ်ယူဖို့ စိတ်အားထက်သန်လျက် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်