နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗင်နီ သို့မဟုတ် ရိုဒရီဂို ထွက်ရင် ဆာကာကို ပြန်လည် ခေါ်ယူမယ့် ရီးရဲလ်၊ အက်တလက်တီကိုနဲ့ အနာဂတ်ကို သံသယ ဖြစ်နေတဲ့ အဲလ်ဗာရက်ဇ် | လာလီဂါ

လာလီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ အခုနွေရာသီမှာ ဗင်နီးစီးယပ်စ် ဂျူနီယာ သို့မဟုတ် ရိုဒရီဂိုကို ဆုံးရှုံးခဲ့ရရင်တော့ အာဆင်နယ် တောင်ပံကစားသမား ဘူကာယို ဆာကာကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ဒီသတင်းကို Real Madrid Confidencial က ဖော်ပြခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ် ဘက်ကတော့ သူတို့ရဲ့ အရေးအပါဆုံး ကစားသမားကို လက်လွှတ်သွားဖွယ်တော့ မရှိပါဘူး။

တစ်ဆက်တည်းမှာပဲ ရီးရဲလ်မက်ဒရစ်ဟာ မြို့ခံပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်ရဲ့ ဗဟိုနောက်ခံလူ ဒန်နီ ဗီဗီယန်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ Defensa Central ရဲ့ ဖော်ပြချက်အရ ဒီကစားသမားရဲ့ အခြေအနေကို စောင့်ကြည့်ဖို့ ရီးရဲလ်မက်ဒရစ်က ကင်းထောက်တွေ စေလွှတ်ထားကြောင်း သိရါတယ်။

လစ်ဗာပူးလ် ကတော့ အခုနွေရာသီမှာ မာဆေးလ် တိုက်စစ်မှူး မေဆင် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ အတွက် ယူရို သန်း ၈၀ (ပေါင် ၆၈.၆ သန်း) ပေးချေရန် အဆင်သင့် ဖြစ်နေကြောင်း စပိန် သတင်းစာ Fichajes က ဖော်ပြပါတယ်။

အာဂျင်တီးနားသားဟာ ဒီရာသီ လာလီဂါ ကလပ် အတွက် ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားပြီး ၂၆ ဂိုး သွင်းကာ ၅ ဂိုး ဖန်တီးထားပါတယ်။
အက်တလက်တီကိုမက်ဒရစ် အတွက် ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားပြီး ၂၆ ဂိုး သွင်းကာ ၅ ဂိုး ဖန်တီးထားတဲ့ အဲလ်ဗာရက်ဇ်

ဂျူလီယန် အဲလ်ဗာရက်ဇ် ကတော့ ဒီရာသီ အက်တလက်တီကိုမက်ဒရစ်ရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်လာပြီးနောက် အသင်းမှာ သူ့ရဲ့ အနာဂတ်ကို သံသယ ဖြစ်လျက် ရှိနေတယ်လို့ သိရပါတယ်။ အာဂျင်တီးနားသားဟာ ဒီရာသီ လာလီဂါ ကလပ် အတွက် ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားပြီး ၂၆ ဂိုး သွင်းကာ ၅ ဂိုး ဖန်တီးထားပါတယ်။

ဆန်ဒရို တိုနာလီက ကတော့ နယူးကာဆယ် ကနေ ထွက်ခွာဖို့ ပွင့်ပွင့်လင်းလင်း ပြောကြားလာခဲ့ပြီး သူ့အနေနဲ့ ယူရို သန်း ၈၀ (ပေါင် ၆၈.၆ သန်း)နဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင် နားထောင်သွားတော့မှာ ဖြစ်ပါတယ်။ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ကိုတော့ ဘာစီလိုနာ၊ ဘေယန်မြူးနစ်၊ ဂျူဗင်တပ်စ်၊ မန်စီးတီး၊ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ် တို့က စိတ်ဝင်စားနေကြပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဆော်ဒီအာရေဗျ ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ဂိုးသမား အန်ဒရီ အိုနာနာကို ရောင်းချဖို့ အတွက် အနည်းဆုံး ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းမှုကို မျှော်လင့်နေကြောင်း သိရပါတယ်။

ချဲလ်ဆီး ကတော့ ဖူလ်ဟမ် တိုက်စစ်မှူး ရိုဒရီဂို မူနစ်ဇ်နဲ့ ဖရန့်ဖတ်က ဟူဂို အစ်ကီတီကီ တို့ရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ အသက် ၂၃ နှစ် အရွယ် ဘရာဇီးလ်သား ကတော့ ဒီရာသီမှာ ဖူလ်ဟမ် အတွက် ၃၆ ပွဲ ကစားကာ ၁၁ ဂိုး သွင်းပြီး ၂ ဂိုး ဖန်တီးပေးထားပါတယ်။

Como မှာ အငှားနဲ့ သွားရောက် ကစားနေပြီး ခြေစွမ်းပြနေတဲ့ ဘာစီလိုနာ ဘယ်နောက်ခံလူ အဲလက်စ် ဗယ်လီ ကိုတော့ ဒေါ့မန်က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီကစားသမားရဲ့ စာချုပ်ထဲ မှာတော့ ယူရို ၆ သန်း (ပေါင် ၅.၁ သန်း) တန်ကြေး ရှိတဲ့ ထွက်ခွာခွင့် ပါ၀င်ကြောင်း Mundo Deportivo က ဖော်ပြပါတယ်။ အာဆင်နယ် အားကစား ဒါရိုက်တာ အန်ဒရီယာ ဘာတာ ကတော့ နွေရာသီ အပြောင်းအရွှေ့ အတွက် လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုနဲ့ ဆွေးနွေးခဲ့ကြောင်း TBR Football က ဖော်ပြပါတယ်။ အာဆင်နယ်ဟာ လာမယ့် အပြောင်းအရွှေ့မှာ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူသွားဖို့ ရှိပြီး ယိုကီးရက်စ်၊ ဆက်စ်ကို၊ အိဆက်ခ် တို့လို ကစားသမားတွေကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်