နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မိုင်းလ်စ် လီဝစ် စကယ်လီကို ခေါ်ယူနိုင်ဖွယ် ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်၊ အဲလ်အေအက်ဖ်စီကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဂရစ်ဇ်မန်း | လာလီဂါ

အခုတစ်ခါမှာလည်း ဒီနေ့ အတွက် ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ အာဆင်နယ် ခံစစ် ကြယ်ပွင့် မိုင်းလ်စ် လီဝစ် စကယ်လီကို ခေါ်ယူနိုင်ဖွယ် ရှိနေကြောင်း The Guardian သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ် ဒီကစားသမားဟာ မြောက်လန်ဒန် ကလပ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ပြီး သက်တမ်းတိုးဖို့ ညှိနှိုင်းမှုတွေ အဆင်မပြေ ဖြစ်နေကြောင်း သိရပါတယ်။ 

ဘာစီလိုနာ အနေနဲ့ လစ်ဗာပူးလ် တိုက်စစ်မှူး လူးဝစ္စ ဒီးယက်ဇ်နဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ မားကပ်စ် ရက်ရှ်ဖို့ဒ် တို့ကို စိတ်ဝင်စားနေပေမယ့် ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ ကတော့ အေစီမီလန် တိုက်စစ်မှူး ရာဖေးလ် လီယောင်ကို ခေါ်ယူဖို့သာ ဆန္ဒရှိနေပါတယ်။ ဒီကစားသမားကို သဘောတူညီမှု ရဖို့ အတွက် လိုအပ်တဲ့ ရန်ပုံငွေတွေ ရှာဖွေနေကြောင်းလည်း El Nacional က ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ စတုဂတ် ကွင်းလယ်လူ အန်ဂျလို စတီလာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း TodoFichajes က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမား အတွက် စတုဂတ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ ပေးချေရဖို့ ရှိပြီး လာမယ့် ရက်ပိုင်း အတွင်း သဘောတူညီမှု ရရှိဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

အဲလ်အေ အက်ဖ်စီ ကတော့ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အန်တွန် ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း Fichajes က ဖော်ပြပါတယ်။
အဲလ်အေ အက်ဖ်စီကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဂရစ်ဇ်မန်း

ဘီလ်ဘာအို တောင်ပံကစားသမား နီကို ဝီလီယမ်စ် ကိုတော့ ချဲလ်ဆီးက ချဉ်းကပ်မှု အသစ် တစ်ခု ပြုလုပ်ခဲ့ကြောင်း ဆိုင်မွန် ဖီးလစ်က ဖော်ပြပါတယ်။ ချဲလ်ဆီးဟာ လက်ရှိမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားတာကြောင့် လုံလောက်တဲ့ အပြောင်းအရွှေ့ စရိတ် ရရှိထားပြီး စပိန် လက်ရွေးစင်ကို ခေါ်ယူဖို့ အတွက် စီစဉ်နေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဂီတာဖေးရဲ့ နေရာစုံ ကစားနိုင်တဲ့ ကြယ်ပွင့် ခရစ္စတန်တပ်စ် အူချီ ကတော့ ပရီးမီးယားလိဂ် ကလပ်ပေါင်း များစွာရဲ့ ပစ်မှတ် အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ Football Espana ရဲ့ ဖော်ပြချက်အရ အသက် ၂၂ နှစ် အရွယ် ကစားသမားကို ချဲလ်ဆီး အပါအဝင် အက်စတွန်ဗီလာ၊ ဘုန်းမောက်၊ ဘရန့်ဖို့ဒ်နဲ့ နယူးကာဆယ် တို့က စောင့်ကြည့်နေကြပါတယ်။ 

ပီအက်စ်ဂျီ ကတော့ အသက် ၁၇ နှစ် အရွယ် ရေးဗား ပလိတ် ကွင်းလယ်လူ ဖရန်ကို မတ်စတန်တူအိုနို ကို စာချုပ်ပါ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း (ယူရို ၃၉.၆ သန်း) နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း TyC Sports က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ ကစားလိုပြီး Los Blancos ရဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေကြောင်း သိရပါတယ်။

ရီးရဲလ်ဆိုစီဒက် ဂိုးသမား အဲလက်စ် ရီမီယို ကတော့ ဘာစီလိုနာရဲ့ ပစ်မှတ် ဖြစ်နေကြောင်း SPORT က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမားရဲ့ စာချုပ် ဖျက်သိမ်းကြေး ကတော့ စာချုပ်ဟာ ယူရို သန်း ၇၀ ရှိနေပြီး ဘာစီလိုနာ ကတော့ တန်ကြေး သိသိသာသာ ကျဆင်းသွားနိုင်မယ့် ၂၀၂၆ ခုနှစ်မှသာ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။အဲလ်အေ အက်ဖ်စီ ကတော့ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အန်တွန် ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း Fichajes က ဖော်ပြပါတယ်။ အဲလ်အေအက်ဖ်စီ ကတော့ ဒီနွေရာသီ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရထားပြီး ဒီမတိုင်ခင် ဂရစ်ဇ်မန်းကို ကမ်းလှမ်းမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်