နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရစ်ချာလီဆန်ကို အပြိုင် စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီ၊ အိုလံပီယာကော့စ်နဲ့ စာချုပ်ဖျက်သိမ်းဖွယ် ရှိနေတဲ့ မာဆယ်လို (လာလီဂါ နောက်ဆုံးရ သတင်းများ)

ရစ်ချာလီဆန်ကို အပြိုင် စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီ၊ အိုလံပီယာကော့စ်နဲ့ စာချုပ်ဖျက်သိမ်းဖွယ် ရှိနေတဲ့ မာဆယ်လို စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ရစ်ချာလီဆန်ကို အပြိုင် စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီ

ESPNရဲ့ ဖော်ပြချက်အရ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီ တို့ဟာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးမှာ အဆင်မပြေ ဖြစ်နေတဲ့ ဘရာဇီးလ် တိုက်စစ်မှူး ရစ်ချာလီဆန်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ရစ်ချာလီဆန် ကတော့ စပါးကို ဒီရာသီကမှ အဲဗာတန် ကနေ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး အသင်း အတွက် ဂိုးရဖို့ ရုန်းကန်နေရပါတယ်။ 

အဲဗာတန်မှာ ခြေစွမ်းပြခဲ့တဲ့ ရစ်ချာလီဆန်ဟာ စပါး မှာတော့ ရုန်းကန်နေရပြီး ဒဏ်ရာကြောင့်လည်း အနားယူခဲ့ရပါတယ်။ လက်ရှိမှာ စပါး နည်းပြ အန်တိုနီယို ကွန်တီက သူ့ကို အရံခုံမှာသာ ထားရှိပြီး ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ ကိုသာ ဦးစားပေး ပွဲထုတ်နေကာ ဘရာဇီးလ်သားရဲ့ အနာဂတ်က လှုပ်ခတ်လာတာ ဖြစ်ပါတယ်။ 

စပါး အတွက် ရစ်ချာလီဆန်က ပွဲပေါင်း ၂၀ ကစားခဲ့ရာမှာ ၂ ဂိုးတည်းသာ သွင်းယူပေးထားနိုင်ပြီး ၃ ကြိမ် ဖန်တီးပေးထားပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ပေါင်သန်း ၆၀ ခန့် ရှိမယ်လို့ ယူဆရပြီး တကယ်လို့သာ စပိန်နဲ့ ပြင်သစ် အင်အားကြီး ကလပ်တွေက သူ့ကို ကမ်းလှမ်းမယ် ဆိုရင် ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်တယ် လို့လည်း သိရပါတယ်။

 

အိုလံပီယာကော့စ်နဲ့ စာချုပ်ဖျက်သိမ်းဖွယ် ရှိနေတဲ့ မာဆယ်လို

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဂန္ထဝင် နောက်ခံလူဟောင်း မာဆယ်လိုဟာ ဂရိ ကလပ် အိုလံပီယာကော့စ်နဲ့ နှစ်ဖက် သဘောတူ စာချုပ်ဖျက်သိမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အမည်မဖော်လိုတဲ့ အသင်း တစ်ခုက မာဆယ်လိုကို ကမ်းလှမ်းထားတဲ့ အကြောင်းကို ဂရိကလပ်ဘက်က သိရှိခဲ့ပြီးနောက် အပြန်အလှန် သဘောတူညီချက်နဲ့ စာချုပ် ဖျက်သိမ်းဖို့ ကစားသမားရဲ့ အေးဂျင့်နဲ့ ဆွေးနွေးနေပါတယ်။ 

လာလီဂါ
ရီးယဲလ် ဆိုစီဒက်
ဆယ်တာဗီဂို
1X2 သရေ (Draw) @ 3.40
ဂိုးပေါ် 2.00 @ 1.86
ဂိုးပေါင်း 2-3 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မာဆယ်လိုဟာ ဒီရာသီကမှ အိုလံပီယာကော့စ်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ အတူ ဆုဖလား ၂၅ လုံးအထိ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၃၄ နှစ် အရွယ် မာဆယ်လိုဟာ အိုလံပီယာကော့စ် မှာလည်း ဦးစားပေး ကစားသမား အဖြစ် ကစားခွင့် ရဖို့ ရုန်းကန်နေရပြီး အရေးမကြီးတဲ့ ပွဲစဉ် တချို့ မှာသာ ပွဲထွက်ကစားနေရတာ ဖြစ်ပါတယ်။ 

ခြေစွမ်းပိုင်းအားဖြင့် သူက ကောင်းကောင်း ကစားနေနိုင်ဆဲ ဖြစ်ပြီး ဘရာဇီးလ် ကလပ်တွေ ကလည်း သူ့ကို အလိုရှိနေခဲ့ပါတယ်။ ဒါပေမယ့် အခု ကမ်းလှမ်းထားတဲ့ အသင်း ကတော့ ဘယ်အသင်းလဲ ဆိုတာ အတိအကျ မသိရသေးဘဲ မာဆယ်လို ကတော့ အဆိုပါအသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်မှု ရှိနေတယ်လို့ သိရပါတယ်။ 

 

အယ်လ်နာဆာ အတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပြန်တဲ့ ရော်နယ်ဒို

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဆော်ဒီ ကလပ် အယ်လ်နာဆာမှာ ဆက်တိုက် ခြေစွမ်းပြနေပါတယ်။ မနေ့ညက ကစားခဲ့တဲ့ အယ်လ်တာဝမ်နဲ့ ပွဲမှာလည်း အယ်လ်နာဆာက ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး အသင်း ရရှိခဲ့တဲ့ သွင်းဂိုး နှစ်ဂိုး စလုံးရော်နယ်ဒိုက ဖန်တီးပေးကာ ခြေစွမ်းပြသွားခဲ့တာ ဖြစ်ပါတယ်။ 

အယ်လ်နာဆာရရှိခဲ့တဲ့ ပထမဂိုး မှာတော့ ရော်နယ်ဒိုဟာ ကွင်းလယ် ကနေ အသင်းဖော်ရဲ့ ပြေးလမ်းကြောင်းထဲ လှလှပပနဲ့ ပေးပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ အယ်လ်နာဆာရဲ့ ဥိးဆောင်ဂိုးကို အယ်လ်တာဝမ်က ပြန်လည် ချေပသွားခဲ့ပြီးနောက် ၇၈ မိနစ်မှာ အနိုင်ဂိုး ထပ်ရခဲ့ရာမှာ ရော်နယ်ဒိုကပဲ ပါးပါးနပ်နပ်နဲ့ ဖန်တီးပေးသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ ပွဲမှာ တဦးတည်း ၄ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တဲ့ ရော်နယ်ဒိုက အခုအခါမှာ နောက်ထပ် ခြေစွမ်းပြခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကို အနိုင်ရခဲ့လို့လည်း အယ်လ်နာဆာက ဆော်ဒီ ပရိုလိဂ်ကို ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ကာ အယ်လ်အီတီဟတ် အသင်းနဲ့ ရမှတ်တူ အနေအထား ဖြစ်လာခဲ့ပြီး အမှတ်ပေးဖလား အတွက် အပြိုင်အဆိုင် ဖြစ်နေပါပြီ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်