နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်တိုနီကို အငှားနဲ့ ဆက်လက် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ ရီးရဲလ်ဘက်တစ်၊ ဂရီမဲလ်ဒိုကို ခေါ်ယူချင်နေတဲ့ အက်တလက်တီကိုမက်ဒရစ် | လာလီဂါ

ဒီနေ့ အတွက် နောက်ဆုံး ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ် ကတော့ ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီကို အငှားစာချုပ်သစ်နဲ့ ခေါ်ယူနိုင်မယ့် ယုံကြည်နေကြောင်း AS က အခိုင်အမာ ဖော်ပြခဲ့ပါတယ်။ အန်တိုနီ အနေနဲ့ သူ့ရဲ့ လက်ရှိ ပုံစံကို ထိန်းသိမ်းနိုင်ထားမှသာလျှင် တန်ကြေးက ပိုမိုမြင့်တက်လာမယ်လို့ ဘက်တစ်က ယုံကြည်နေတာ ဖြစ်ပါတယ်။ အန်တိုနီ ကတော့ ယူနိုက်တက်ကို ပြန်မသွားဖို့ သေချာနေပေမယ့်လည်း ဘက်တစ်မှာ ဆက်ကစားဖို့တော့ မသေချာသေးကြောင်း ဖွင့်ဟထားခဲ့သူ ဖြစ်ပါတယ်။ အန်တိုနီ ကိုတော့ ဘာစီလိုနာ၊ အက်တလက်တီကိုမက်ဒရစ် စတဲ့ အသင်းတွေ အပါအဝင် ဥရောပထိပ်တန်း ကလပ်များစွာက စိတ်ဝင်စားနေကြပါတယ်။

အက်သလက်တီကိုမက်ဒရစ် ကတော့ လေဗာကူဆင် ဘယ်နောက်ခံလူ အလက်ဟန်ဒရို ဂရီမဲလ်ဒိုကို ခေါ်ယူဖို့ အပြိုင်အဆိုင် ဝင်ရောက်လာကြောင်း Fichajes က ဖော်ပြပါတယ်။ စပိန်သားဟာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ပစ်မှတ် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ ဂရီမဲလ်ဒိုဟာ လာလီဂါ ကလပ် ဘာစီလိုနာ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီးတော့ ဘင်ဖီကာနဲ့ လေဗာကဆင် အသင်းတွေမှာ ခြေစွမ်းပြ ကစားခဲ့သူလည်း ဖြစ်ပါတယ်။

TodoFichajes ရဲ့ အဆိုအရ ဘာစီလိုနာက လိုင်လီ ဂိုးသမား လူးကပ် ချဗာလီယာကို ခေါ်ယူဖို့ အခိုင်အမာ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ လူသိများတဲ့ ပစ်မှတ် တစ်ခု ဖြစ်တဲ့ ပြင်သစ်သားဟာ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၄၀ (ဒေါ်လာ ၄၅.၁ သန်း) ရှိနေသူ ဖြစ်ပါတယ်။

ဂရီမဲလ်ဒိုဟာ လာလီဂါ ကလပ် ဘာစီလိုနာ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီးတော့ ဘင်ဖီကာနဲ့ လေဗာကဆင် အသင်းတွေမှာ ခြေစွမ်းပြ ကစားခဲ့သူလည်း ဖြစ်ပါတယ်။
ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ပစ်မှတ် ဖြစ်နေတဲ့ ဂရီမဲလ်ဒို

အက်စတွန်ဗီလာ ကတော့ ဘာစီလိုနာ တိုက်စစ်မှူး ဖာရန်း တောရက်စ်ကို ခေါ်ယူချင်နေကြောင်း El Nacional က ဖော်ပြလာပါတယ်။ အူနိုင်း အမ်မရီရဲ့ အသင်းဟာ ဖာရန်း တောရက်စ်ကို ယူရိုသန်း ၅၀ (ဒေါ်လာ ၅၆.၄ သန်း) ပေးချေ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပေမယ့်လည်း ဘာစီလိုနာနဲ့ ဖာရန်း တောရက်စ် တို့ကတော့ လုံးဝ စိတ်ဝင်စားခြင်း မရှိဘူးလို့ သိရပါတယ်။ ဖာရန်း တောရက်စ်ဟာ ဘာစီလိုနာ ကနေ ထွက်ခွာမယ်လို့ သတင်းကြီးနေသူ ဖြစ်ပေမယ့်လည်း သူကိုယ်တိုင် ကတော့ ကတ်တာလန် ကလပ်မှာ ပုံမှန် ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်သွားချင်ကြောင်း ပြောကြားထားခဲ့ပါတယ်။

Cadena SER ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ တန်ကြေး မြင့်မားတဲ့ ကစားသမားတွေကို ရောင်းချခြင်းအားဖြင့် အသင်းကို ဟန်ချက်ညီစေဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် တောင်ပံကစားသမား ရိုဒရီဂိုကို အာဆင်နယ်နဲ့ တခြားသော ပရီးမီးယားလိဂ် ကလပ်တွေဆီ ယူရိုသန်း ၈၀ (ပေါင် ၆၇.၂ သန်း)နဲ့ ရောင်းထုတ်ချင်နေတယ်လို့ သိရပါတယ်။ လက်တလောမှာ အာဆင်နယ်က ရိုဒရီဂိုကို စိတ်ဝင်စားနေပြီးတော့ ဆလီဘာရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့မှာပါ ဆက်စပ်မှု ရှိနေကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။

ဘာစီလိုနာ တောင်ပံကစားသမား လာမင်း ယာမယ်ရဲ့ အေးဂျင့် ကတော့ ကတ်တာလန် ကလပ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ရန် ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ယာမယ် အနေနဲ့ ဘာစီလိုနာနဲ့ ၅ နှစ် စာချုပ်သစ် ချုပ်ဆိုဖို့ နီးကပ်နေပြီ ဖြစ်ပြီး ကျောနံပါတ် ကိုလည်း မက်ဆီရဲ့ နံပါတ် ဖြစ်တဲ့ နံပါတ် ၁၀ ကို ပြောင်းလဲ ဝတ်ဆင်သွားဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်