နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘာစီလိုနာကို အပြီးသတ် ပြောင်းရွှေ့လိုနေတဲ့ ရက်ရှ်ဖို့ဒ်၊ အာရူဟိုကို အပြိုင် ကြိုးပမ်းမယ့် ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် | လာလီဂါ

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၁၂ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ဘာစီလိုနာမှာ အငှားနဲ့ လာရောက် ကစားနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ လာမယ့် နွေရာသီမှာ ကတ်တာလန် ကလပ်ကို အပြီးသတ် ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။ အင်္ဂလန်သားကို ပီအက်စ်ဂျီ ကလည်း စိတ်ဝင်စားနေပေမယ့် ငြင်းပယ်သွားဖို့ ရှိနေကြောင်း The Mirror က ဖော်ပြပါတယ်။

ချဲလ်ဆီး ကတော့ သူတို့ရဲ့ ကွင်းလယ် ကစားသမား အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ အတွက် အနည်းဆုံး ပေါင် သန်း ၁၂၀ (ဒေါ်လာ သန်း ၁၆၀) ပေးချေရမယ်လို့ ရီးရဲလ်မက်ဒရစ်ကို အသိပေးထားကြောင်း Fichajes က ဖော်ပြပါတယ်။

ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေ ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ရဲ့ အလားအလာ ရှိတဲ့ အပြောင်းအရွှေ့ အဖြစ် မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ လော့စ်ဘလန်ကို တို့ဟာ တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို ဆော်ဒီပရိုလိဂ်ဆီ ယူရို သန်း ၂၅၀ (ပေါင် ၂၁၇.၆ သန်း၊ ဒေါ်လာ ၂၉၀.၁ သန်း) နဲ့ ရောင်းချပြီး ဟာလန်းကို ပြန်လည် ခေါ်ယူရာမှာ အသုံးပြုသွားဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

အေစီမီလန်၊ ဒေါ့မန်၊ နယူးကာဆယ်နဲ့ လိုက်ပ်ဇစ် တို့က ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အာဒါ ဂူလာကို စောင့်ကြည့်နေကြပေမယ့်လည်း အပြင်းထန်ဆုံး စိတ်ဝင်စားနေတဲ့ အသင်းတွေက အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ဖြစ်ကြောင်း သိရပါတယ်။

ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် နှစ်သင်းစလုံးဟာ ဘာစီလိုနာ နောက်ခံလူ ရော်နယ် အာရူဟိုကို ခေါ်ယူဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် ဘက်ကတော့ လာမယ့် ဇန်နဝါရီမှာ ရောင်းချဖို့ အစီအစဉ် မရှိကြောင်း Football Insider က ဖော်ပြပါတယ်။

ဒါပေမယ့်လည်း လာလီဂါ ကလပ် ဘက်ကတော့ လာမယ့် ဇန်နဝါရီမှာ ရောင်းချဖို့ အစီအစဉ် မရှိကြောင်း Football Insider က ဖော်ပြပါတယ်။
ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ အာရူဟို

အင်တာမိုင်ယာမီ ကတော့ ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာကို ခေါ်ယူပြီး မက်ဆီ၊ ဆွာရက်ဇ် တို့နဲ့ MSN တိုက်စစ် အတွဲအဖက်ကို ထပ်မံဖော်ဆောင်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် နေမာဟာ လာမယ့် ဒီဇင်ဘာလ အကုန်မှာ ဆန်းတို့စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ဆန်းတို့စ်ကို ခြောက်လစာချုပ်နဲ့ ရောက်လာပြီး နှစ်ကုန်အထိ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တာပါ။ MSN တိုက်စစ်အတွဲဟာ ဘာစီလိုနာအသင်းမှာ ၂၀၁၄ ခုနှစ်က ၂၀၁၇ ခုနှစ် အထိ အတူတူ တွဲကစားခဲ့ပြီး ၃၆၄ ဂိုး သွင်းကာ ၁၇၃ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

အင်တာမိုင်ယာမီ ကတော့ ယော်ဒီ အဲလ်ဘာ၊ ဆာဂျီယို ဘူးစကွက်စ်တို့ ရာသီကုန်အမှာ အနားယူတော့မှာ ဖြစ်တာကြောင့် နာမည်ကျော် ကစားသမားတွေ ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး လတ်တလောမှာ စပါး နောက်ခံလူဟောင်း ရက်ဂီလွန်း ကိုလည်း ခေါ်ယူဖို့ နီးစပ်နေပါတယ်။အာဆင်နယ် အသင်းရဲ့ အင်္ဂလန် ကွင်းလယ် ကစားသမားဟောင်း ဝီလ်ရှိုင်းယားဟာ League One ကလပ် လူတန်တောင်း အသင်းရဲ့ နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။ ဝီလ်ရှိုင်းယားဟာ အာဆင်နယ် အကယ်ဒမီကို မရောက်ခင်က လူတန်အသင်းရဲ့ လူငယ် စီမံကိန်းမှာ ပါဝင်ခဲ့ဖူးတာကြောင့် နည်းပြ အဖြစ် ပြန်လည် လက်တွဲခွင့် ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၃၃ နှစ်သာ ရှိသေးတဲ့ ဝီလ်ရှိုင်းယားဟာ ၂၀၂၂ ခုနှစ်မှာ ကစားသမားဘဝ ကနေ အနားယူပြီးတဲ့နောက် အာဆင်နယ် ယူ-၁၈ နည်းပြ အဖြစ် ဆောင်ရွက်ခဲ့သလို၊ ပြီးခဲ့တဲ့ ဧပြီလမှာ ချန်ပီယံရှစ် ကလပ် နော့ဝှစ်ချ်ရဲ့ ယာယီ နည်းပြ အဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်