လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကတော့ တောင်ပံကစားသမား ရာဖင်ညာကို လာမယ့် ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးလိုက်ပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ ကပဲ အတည်ပြု ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ရာဖင်ညာဟာ ခြေစွမ်းပြနေသည့် တိုင်အောင် ဘာစီလိုနာ ဘက်က ရောင်းထုတ်မယ့် စာရင်းမှာ ပါဝင်နေသူ အဖြစ် နာမည်ထွက်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ ကတ်တာလန် ကလပ်မှာပဲ ကာလရှည်ကြာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အပြောင်းအရွှေ့မှာ လိဒ်စ်ယူနိုက်တက် ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ဘရာဇီးသားဟာ ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရာဖင်ညာက အကောင်းဆုံး ရာသီ တစ်ခု အပြီးမှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဆော်ဒီပရိုလိဂ်နဲ့ ဥရောပထိပ်တန်း ကလပ်တွေနဲ့ ထွက်ပေါ်နေတဲ့ ကောလာဟလ အပြောင်းအရွှေ့ သတင်းတွေကို ရာဖင်ညာနဲ့ ဘာစီလိုနာ တို့က အဆုံးသတ်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ယခင်က ဘာစီလိုနာ ကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့်လည်း ရာဖင်ညာ အနေနဲ့ နည်းပြ ဟန်ဆီ ဖလစ်ခ် လက်အောက်မှာ အကောင်းဆုံး ပုံစံကို ပြသခဲ့သူပါ။ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရာဖင်ညာက လာလီဂါမှာ ၁၈ ဂိုး သွင်းယူကာ ၉ ဂိုး ဖန်တီးပြီး ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ကာ ဘာစီလိုနာကို ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ရာဖင်ညာက ချန်ပီယံလိဂ် မှာလည်း သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် တချို့ကို ထပ်မံ ပြသထားနိုင်ပြီးတော့ ၁၃ ဂိုး သွင်းကာ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား အဖြစ် ရပ်တည်နေသလို ဂိုးဖန်တီးမှု အများဆုံး (၈ ကြိမ်) ကစားသမား အဖြစ်လည်း ရပ်တည်နေပါတယ်။
ရာဖင်ညာ အနေနဲ့ အခုလို စွမ်းဆောင်ထားနိုင်ပေမယ့်လည်း သူ့ရဲ့ အသင်း ဘာစီလိုနာ ကတော့ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်သားက ဘယ်လွန်ဒေါဆု အတွက် ရေပန်းစားမှု စာရင်းမှာ ထိပ်ပိုင်းမှာ ရှိနေဆဲ ဖြစ်ပါတယ်။ ရာဖင်ညာနဲ့ လာလီဂါ ကလပ်ဟာ စာချုပ်သစ် အတွက် သဘောတူညီမှု ရရှိပြီးနောက် လာမယ့် နှစ်တွေ အတွင်း ဥရောပမှာ အခုထက် ပိုပြီး တိုးတက်တဲ့ အောင်မြင်မှုတွေ ရရှိဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။ ဒါ့အပြင် ရာဖင်ညာက သူ့ရဲ့ ကျန်ရှိ ကစားသမား ဘဝ သက်တမ်းကို ဘာစီလိုနာမှာပဲ မြင်တွေ့ရဖို့ မျှော်လင့်နေကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။
Barca One နဲ့ အင်တာဗျူးမှာ ရာဖင်ညာက “ဒါက ကျွန်တော့် အတွက် အရမ်းကို အကျိုးရှိပြီး အရမ်းပဲ ထူးခြားတဲ့ အရာ ဖြစ်ပါတယ်။ ကျွန်တော့်ကို အရမ်းလည်း ပျော်ရွှင်စေပါတယ်။ ကျွန်တော် ဒီကို ရောက်ကတည်းက ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်က ပရိသတ်တွေကို ပျော်ရွှင်မှု ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော့် မိသားစုနဲ့ စကားပြောပြီးပါပြီ။ ကျွန်တော့်ရဲ့ အိပ်မက်က ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကြောင်း အဆုံးအထိ ဒီနေရာမှာ ရှိနေဖို့ပါပဲ။ ပြီးတော့ ကျွန်တော် အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.