နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂါဗီကို ယူရို သန်း ၈၀ နဲ့ ကမ်းလှမ်းမယ့် ပီအက်စ်ဂျီ၊ ဆီဗီလာနဲ့ ဆွေးနွေးနေတဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ် | လာလီဂါ

ဇူလိုင်လ ၃၁ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ပီအက်စ်ဂျီ ကတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာ ကွင်းလယ်လူ ဂါဗီကို ယူရိုသန်း ၈၀ နဲ့ ကမ်းလှမ်းဖို့ စီစဉ်ထားကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ စပိန် ကွင်းလယ် ကစားသမား ကတော့ ကတ်တာလန် ကလပ်မှာ ဆက်နေဖို့ စိတ်အားထက်သန်နေပေမယ့်လည်း ငွေကြေး အခက်အခဲ ဖြစ်နေတဲ့ ဘာစီလိုလာ ကတော့ ကစားသမားကို ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဂါဗီရဲ့ ဘာစီလိုနာ အသင်းဖော် ဖာရန်း တောရက်စ် ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေက စိတ်ဝင်စားနေကြောင်း Jijantes FC ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အမည်မဖော်လိုတဲ့ ဆော်ဒီပရိုလိဂ် ကလပ်ဟာ ဖာရန်း တောရက်စ်ကို ယူရို သန်း ၆၀၊ ၃ နှစ် စာချုပ်နဲ့ ကမ်းလှမ်းဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

နယူးကာဆယ်ရဲ့ အန်ဒရီ လူနင် အတွက် ယူရို ၃ သန်းတန် အငှားစာချုပ်နဲ့ ကမ်းလှမ်းမှုကို ရီးရဲလ်မက်ဒရစ် ဘက်က အလျင်အမြန် ပယ်ချသွားခဲ့ကြောင်း CaughtOffside က ဖော်ပြထားပါတယ်။

အာဆင်နယ် ကတော့ လီအန်ဒရို ထရော့ဆက်ဒ်ကို ဒေါ့မန်ထံ ရောင်းချဖို့ စီစဉ်နေပြီး ရောင်းချရငွေ ယူရို ၁၅ သန်း ကိုတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရိုဒရီဂိုကို ခေါ်ယူဖို့ အတွက် ပြန်လည် အသုံးချလိုနေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ရစ်ဟာ ရိုဒရီဂိုကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း + အပိုဆုကြေး ယူရို ၁၀ သန်း နဲ့ ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတွေ ကတော့ ခရစ္စတယ်ပဲလေ့စ်က အီဘာရီချီ အီးဇီးကို ရိုဒရီဂိုထက် ပိုမို ဦးစားပေး ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဆီဗီလာ ကတော့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဂျိမ်းစ် ရိုဒရီဂွက်ဇ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း Cantera Colombia က ဖော်ပြပါတယ်။
လာလီဂါကို ပြန်လာဖွယ် ရှိနေတဲ့ ဂျိမ်းစ် ရိုဒရိဂွက်ဇ်

ဆီဗီလာ ကတော့ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဂျိမ်းစ် ရိုဒရီဂွက်ဇ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း Cantera Colombia က ဖော်ပြပါတယ်။

ဆန်းဒါးလန် ကွင်းလယ် ကစားသမားသစ် ဂရန်းနစ် ချာကာ ကတော့ သူ့အနေနဲ့ အသင်းကို ကူညီပေးဖို့ အဆင်သင့် ရှိနေကြောင်း ပြောကြားလာခဲ့ပါတယ်။ ပရီးမီးယားလိဂ် တန်းတက် ဆန်းဒါးလန်းဟာ လေဗာကူဆင်က ဆွစ်ဇာလန် ဝါရင့်ကွင်းလယ် ကစားသမား ချာကာကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းအပြင် အပိုဆုကြေး ပေါင် ၄ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် တိုက်စစ် ကစားသမားသစ် လူးဝစ္စ ဒီးယက်ဇ် ကတော့ သူ့အနေနဲ့ အသင်းနဲ့ အတူ ဆုဖလား အားလုံး ရယူနိုင်ဖို့ ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၂၈ နှစ် အရွယ် ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်ကစားသမား ဒီးယက်ဇ်ဟာ ဒီနွေမှာ လစ်ဗာပူးလ် ကနေ ဘေယန်မြူးနစ်ဆီသို့ ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း (ပေါင် ၆၅.၅ သန်း) နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

လိုက်ပ်ဇစ် ကတော့ မန်ချက်စတာယူနိုက်တက် ကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းရဲ့ တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းကျော် အလိုရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်