နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မူဆီအာလာကို ခေါ်ယူသင့်ကြောင်း ဘာစီလိုနာကို တိုက်တွန်းလိုက်တဲ့ ပက်ဒရီ | လာလီဂါ

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ ကမ္ဘာပေါ်မှာ အတောင့်တင်းဆုံး ကွင်းလယ် စုဖွဲ့မှုကို ပိုင်ဆိုင်ထားတဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်ပါတယ်။ ဒါပေမယ့် ပက်ဒရီ ကတော့ သူ့ အသင်း အနေနဲ့ ဘေယန်မြူးနစ် ကွင်းလယ် ကြယ်ပွင့် ဂျမဲလ် မာစီအာလာကို ခေါ်ယူသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။

xBuyer နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ဟန်စီ ဖလစ်ခ်ရဲ့ အသင်း အတွက် ဘယ်လိုမျိုး ကမ္ဘာ့အဆင့် ကစားသမားကို ထည့်သွင်းချင်သလဲလို့ ပက်ဒရီကို မေးမြန်းရာမှာတော့ စပိန်သားက အခုလိုပဲ ချက်ချင်း ပြန်လည် ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ ပက်ဒရီက “ကျွန်တော် တကယ် ကြိုက်တဲ့ ကစားသမားက မူစီအာလာပါ။ ကျွန်တော် သူ့ကို ချစ်ပါတယ်။ အခု သူ ဒဏ်ရာရနေပါတယ်။ ဒါပေမယ့် သူ မကြာခင် ပြန်ကောင်းလာပါလိမ့်မယ်။ သူက အရမ်းတော်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

မူစီအာလာနဲ့ ပက်ဒရီ တို့ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲမှာ ပါဝင်နေကြသူတွေ ဖြစ်ပါတယ်။ ပက်ဒရီဟာ ၂၀၂၁ ခုနှစ်မှာ Kopa Trophy ကို ရရှိခဲ့ပြီး ဂျာမန် ကြယ်ပွင့် ကလည်း မဲပေးမှုမှာ တတိယနေရာ ရရှိခဲ့ပါတယ်။ မူစီအာလာဟာ ၂၀၂၅ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘေယန်မြူးနစ် အတွက် ကစားပေးရင်း ပြင်းထန်တဲ့ ဒဏ်ရာကြောင့် လက်ရှိ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ မှာတော့ ပွဲထွက် ကစားခွင့် မရရှိသေးပါဘူး။

အသက် ၁၇ နှစ် အရွယ် ဒရိုဟာ လာလီဂါ ကလပ်ရဲ့ ၂၀၂၅-၂၀၂၆ ရာသီကြို ခရီးစဉ် အတွင်း ဟန်ဆီ ဖလစ်ခ်ကို အထင်ကြီးစေခဲ့ပြီး စီနီယာ အသင်းမှာ ကစားဖို့ အဆင်သင့်ရှိနေကြောင်း ပြသနိုင်ခဲ့ပါတယ်။
လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲမှာ ပါဝင်နေတဲ့ ပက်ဒရီ

အသက် ၂၂ နှစ်အရွယ် ကစားသမား နှစ်ဦးဟာ လာမယ့် နှစ်တွေမှာ ဥရောပ ကလပ်တွေရဲ့ အာရုံစိုက်မှုခံရဖို့ အသင့် ဖြစ်နေကြပါပြီ။ ဒီအချိန်မှာ ပက်ဒရီက မူဆီအာလာကို ဘာစီလိုနာ အသင်း ဂျာဆီနဲ့ မြင်တွေ့စေချင်ကြောင်း သူ့ရဲ့ ဆန္ဒကို ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာ ဘာစီလိုနာက ငွေကြေး အခက်အခဲတွေ ရှိနေတာကြောင့် လာမယ့် အပြောင်းအရွှေ့ဈေးကွက်တွေမှာ မူစီအာလာနဲ့ တခြား ကမ္ဘာ့အဆင့် ကစားသမားတွေကို ခေါ်ယူဖို့ မဖြစ်နိုင်သလောက် ရှိနေပါတယ်။ ဒါကြောင့် လာလီဂါ ကလပ်က သူ့တို့ရဲ့ အကယ်ဒမီထွက် ကြယ်ပွင့်လေးတွေကို အဓိက အသုံးပြုရဖို့ ရှိနေပါတယ်။ လာမာစီယာ အကယ်ဒမီထွက် ကစားသမားတွေထဲမှာ ဆိုရင်တော့ ပက်ဒရီက ဒရို ဖာနန်ဒက်ဇ်က တခြား ကစားသမားတွေထက် ထူးခြားသူ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

“ကျွန်တော် အကြိုက်ဆုံး ကတော့ ဒရိုပါ။ သူက အရမ်းကောင်းတယ်၊ အရည်အသွေးလည်း အများကြီး ရှိတယ်။ သူလုပ်နိုင်သမျှကို အလွယ်တကူ လုပ်ပြနိုင်တယ်။ သူက အရမ်းကောင်းတယ်၊ ၂၀၀၈ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။” လို့ ပက်ဒရီက ဆိုပါတယ်။

အသက် ၁၇ နှစ် အရွယ် ဒရိုဟာ လာလီဂါ ကလပ်ရဲ့ ၂၀၂၅-၂၀၂၆ ရာသီကြို ခရီးစဉ် အတွင်း ဟန်ဆီ ဖလစ်ခ်ကို အထင်ကြီးစေခဲ့ပြီး စီနီယာ အသင်းမှာ ကစားဖို့ အဆင်သင့်ရှိနေကြောင်း ပြသနိုင်ခဲ့ပါတယ်။ အရည်အသွေးမြင့် ကွင်းလယ် တိုက်စစ် ကစားသမားလေးဟာ ဒီရာသီမှာ ဘာစီလိုနာ အတွက် ၃ ပွဲ ကစားထားခဲ့ပြီး အိုလံပီယာကော့စ်ကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲဦးထွက်မှာ ဂိုးဖန်တီးမှု တစ်ကြိမ်တောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒရိုဟာ ဘာစီလိုနာရဲ့ ပထမ အသင်းမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိဖို့ ကြိုးစားနေသူပါ။ ဒါပေမယ့်လည်း အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေ ပြသဖို့ အတွက် ပက်ဒရီနဲ့ အတူ ဘာစီလိုနာ ကွင်းလယ်မှာ အကောင်းဆုံး တွဲဖက် ကစားနိုင်ဖို့ လိုအပ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်