နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း နိုင်ငံတကာ အသင်းဖော်တွေကို ရှင်းရှင်းလင်းလင်း ပြောကြားထားတဲ့ နီကို ဝီလီယမ်စ် | လာလီဂါ

နီကို ဝီလီယမ်စ် ကတော့ ဒီနွေရာသီမှာ လာလီဂါ ထိပ်သီး ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီ ဖြစ်ကြောင်း သူ့ရဲ့ နိုင်ငံတကာ အသင်းဖော်တွေကို ရှင်းရှင်းလင်းလင်း ပြောကြားထားခဲ့တယ်လို့ စပိန် သတင်းတွေက ဖော်ပြပါတယ်။

နီကို ဝီလီယမ်စ် ကတော့ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြီးကတည်းက ကတ်တာလန် ကလပ်နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အတွင်း ဘီလ်ဘာအိုမှာ ဆက်ရှိနေခဲ့သူ ဖြစ်ပါတယ်။ နီကို ဝီလီယမ်စ်ဟာ ဂျာမနီမှာ ကျင်းပခဲ့တဲ့ ယူရို ၂၀၂၄ မှာ အကောင်းဆုံး တောက်ပနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ရာသီကလည်း ပြိုင်ပွဲစုံ အရပ်ရပ်မှာ သွင်းဂိုး ၁၈ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ စပိန် တောင်ပံကစားသမားဟာ ဒီနွေရာသီမှာ ဘီလ်ဘာအို ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ်လည်း ဖြစ်နေပါတယ်။

လက်ရှိမှာ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်က လီရွိုင်း ဆာနေးကို ဂါလာတာစာရေးဆီ လက်လွှတ်လိုက်ရပြီးနောက် နီကို ဝီလီယမ်စ်ရဲ့ အေးဂျင့် အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီကစားသမားကို ချဲလ်ဆီးနဲ့ အာဆင်နယ် တို့လို ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေက ချိတ်ဆက်နေဆဲ ဖြစ်ပြီး လက်ရှိ အချိန်ထိ ဘာဆိုဘာမှ မသေချာသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ နီကို ဝီလီယမ်စ်ဟာ လာလီဂါ ဘာစီလိုနာ ကိုသာ ပြောင်းရွှေ့ခွင့်ရမယ် ဆိုရင် အားကစား၊ ငွေကြေးနဲ့ တစ်ဦးချင်း ခံစားချက်အရပါ လိုအပ်ရင် လိုအပ်သလို ညှိနှိုင်းပေးဖို့ အစီအစဉ် ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် အခု လက်ရှိမှာတော့ လာလီဂါ ချန်ပီယံတွေဟာ နီကို ဝီလီယမ်စ်ရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။ Diario AS ရဲ့ ဖော်ပြချက်အရ ဝီလီယမ်စ်ဟာ ဇွန်လ နိုင်ငံတကာ အားလပ်ရက် အတွင်း စပိန် အသင်းဖော်တွေကို သူ့အနေနဲ့ ဘာစီလိုနာ အတွက် ကစားပေးလိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ နီကို ဝီလီယမ်စ်ဟာ ဘာစီလိုနာ ကစားသမားတွေ ဖြစ်တဲ့ ပက်ဒရီ၊ လာမင်း ယာမယ်၊ ဖာမင်း လိုပက်ဇ်၊ ကူဘာဆီ တို့ကို ‘ညီအကိုတို့ ငါ့ကို ခေါ်ပါ’ဆိုပြီး ပြောဆိုခဲ့တယ်လို့ပါ သတင်းတွေက ဖော်ပြနေတာ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင်တော့ နီကို ဝီလီယမ်စ်ဟာ လာလီဂါ ဘာစီလိုနာ ကိုသာ ပြောင်းရွှေ့ခွင့်ရမယ် ဆိုရင် အားကစား၊ ငွေကြေးနဲ့ တစ်ဦးချင်း ခံစားချက်အရပါ လိုအပ်ရင် လိုအပ်သလို ညှိနှိုင်းပေးဖို့ အစီအစဉ် ရှိနေတယ်လို့ သိရပါတယ်။
ဥရောပထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေဆဲ နီကို ဝီလီယမ်စ်

ဒါ့အပြင် စပိန်သားက သူ့ရဲ့ အေးဂျင့်တွေနဲ့ ဒေကိုတို့ တွေ့ဆုံမယ့်နေ့မှာ အင်စတာဂရမ် ကနေ လာမင်း ယာမယ်နဲ့ ပုံကို တင်ထားခဲ့ပါသေးတယ်။ လက်ရှိ မှာတော့ ဘာစီလိုနာက နီကို ဝီလီယမ်စ်နဲ့ သဘောတူညီမှု မရရှိသေးပဲ ကတ်တာလန် ကလပ် ဘက်ကတော့ စျေးကြီးတဲ့ အပြောင်းအရွှေ့ ဖြစ်မယ် ဆိုတာ သိထားတာကြောင့် အဆင်ပြေချောမွေ့စေရေး အတွက် နောက်ထပ် ဘဏ္ဍာရေး အရ ညှိနှိုင်းမှုတွေ ထပ်မံ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ နီကို ဝီလီယမ်စ် ကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ စာချုပ် လျော်ကြေး ယူရို ၆၂ သန်းကို တစ်ခါထဲ ပေးချေသွားရမှာလည်း ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် စပိန် တောင်ပံ ကစားသမားဟာ ဘေယန်မြူးနစ်ကို တစ်နှစ် လုပ်ခ လစာ ယူရို သန်း ၂၀ ပေးချေဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

ဘာစီလိုနာ ကတော့ ဝီလီယမ်စ်ကို ပြီးခဲ့တဲ့ နှစ်က ယူရို ၁၂ သန်းနဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း တောင်ပံ ကစားသမား ကတော့ ကတ်တာလိုးနီးယားမှာ ကစားဖို့ စိတ်အား ထက်သန်နေတာကြောင့် ဒီပမာဏထက် နည်းပါးတဲ့ ကမ်းလှမ်းမှု ဆိုရင်လည်း လက်ခံသွားဖွယ် ရှိနေပါတယ်။ အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ အာဆင်နယ်က ဒီရက်ပိုင်း အတွင်းမှာ စပိန်သားကို အလေးအနက်ထား ချိတ်ဆက်လာပြီး တစ်နှစ် အသားတင် လုပ်ခ လစာ ယူရို ၈ သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းထွက်နေပါတယ်။

ဒါဟာ တစ်ပတ် လုပ်ခ ယူရို ၁ သိန်း ၆ သောင်းကျော် (ပေါင် ၁ သိန်း ၃ သောင်းကျော်) ပမာဏ ဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ အခွန်နှုန်းနဲ့ ဆိုရင် တစ်ပတ် ပေါင် ၂ သိန်း ၆ သောင်းကျော်လောက် အထိ ရှိသွားမှာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာရော၊ ဘီလ်ဘာအိုရောဟာ ဒီလုပ်ခ လစာကို ပေးချေဖို့ မတတ်နိုင်ဘူးလိ့် သိရပေမယ့် နီကို ဝီလီယမ်စ် ဘက်ကတော့ သူ့ရဲ့ အနာဂတ်ကို အချိန်ယူ စဉ်းစားချင်ကြောင်း တောင်းဆိုထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်