ဩဂုတ်လ ၁၁ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် ဗဟိုခံစစ်မှူး မာ့ခ် ဂူဟီ ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အတွက် အံ့အားသင့်စရာ ကောင်းတဲ့ ပစ်မှတ် အဖြစ် သတ်မှတ်ခံထားရကြောင်း သိရပါတယ်။ အင်္ဂလန် ကြယ်ပွင့်ဟာ လစ်ဗာပူးလ်၊ ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့ အတွက် အဓိက ပစ်မှတ် ဖြစ်နေသူပါ။
ရောဘတ် လီဝမ်ဒေါစကီး ကတော့ ဆော်ဒီပရိုလိဂ်ရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့်လည်း ဒီနွေရာသီ ကတ်တာလိုနီးယားမှာ ဆက်ရှိနေဖို့ မျှော်လင့်လျက် ရှိကြောင်း သိရပါတယ်။ ဒီအခြေအနေ အပေါ် ဘာစီလိုနာ ဘုတ်အဖွဲ့ဝင်တွေကို လာမင်း ယာမယ်က ရှင်းလင်း ပြောကြားထားကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။
တိုက်စစ် ကစားသမားတွေ တစ်ယောက်ပြီး တစ်ယောက်နဲ့ လွဲချော်နေရတဲ့ နယူးကာဆယ် ကတော့ လက်ရှိမှာ အေစီမီလန်ရဲ့ ဂျာမနီ လက်ရွေးစင် နောက်ခံလူ မာလစ်ခ် သီယောကို အပိုဆုကြေးတွေ အပါအဝင် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ နဲ့ ခေါ်ယူသွားဖို့ အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဒန်နီ ဆယ်ဘာလော့စ် ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေက ချိတ်ဆက်မှုတွေ ရှိနေသလို ရီးရဲလ်ဘက်တစ် ကလည်း ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ လာလီဂါ ကလပ်ဟာ စပိန်သား အတွက် ယူရို ၁၁ သန်း ဝန်းကျင် တောင်းဆိုထားကြောင်း Fichajes က ဖော်ပြပါတယ်။
ရီးရဲလ်ဘက်တစ်ရဲ့ ဝါရင့်ကစားသမားကြီး အစ္စကို ကတော့ မာလာဂါနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ၃ လဝန်းကျင်လောက် အထိ အနားယူသွားရတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဘက်တစ် ဘက်ကလည်း ကစားသမားသစ် တစ်ဦး ခေါ်ယူသွားရဖို့ ရှိနေပြီ ဖြစ်ပါတယ်။

El Nacional ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေတဲ့ ဖာမင်း လိုပက်ဇ်က ဒီရာသီမှာ မိနစ်ပို ကစားခွင့်ရဖို့ စိတ်အားထက်သန်လျက် ရှိကြောင်း သိရပါတယ်။ ဒါကြောင့် လာမာစီယာ အကယ်ဒမီထွက် ကစားသမားဟာ လာမယ့် ရာသီ ကတ်တာလိုနီးယားမှာ ဆက်ရှိနေမှာ ဖြစ်ပြီး ပွဲထွက်ကစားခွင့်ရဖို့ တိုက်ပွဲဝင်သွားမယ်လို့ သိရပါတယ်။ လက်တလော မှာတော့ ဖာရန်း တောရက်စ်ကို မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့ကလည်း ချိတ်ဆက်မှုတွေ ရှိနေကြောင်း သိရပါတယ်။
အဲဗာတန်နဲ့ နာပိုလီ တို့ဟာ မန်စီးတီးရဲ့ အင်္ဂလန် တိုက်စစ် ကစားသမား ဂျက် ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဂရီးလစ်ရှ်ဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ အက်စတွန်ဗီလာ ကနေ မန်စီးတီးကို ပေါင်သန်း ၁၀၀ နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ဗြိတိန် ကစားသမားတွေ ထဲမှာ ပြောင်းရွှေ့ကြေး အမြင့်ဆုံး အဖြစ် လက်ရှိအချိန်အထိ ရပ်တည်နေပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းရာသီတွေမှာ ပွဲကစားခွင့်လျော့ကျလာခဲ့ပြီး နည်းပြ ဂွါဒီယိုလာက အသင်းမှာ နေရာပေးလိုခြင်း မရှိတော့တာကြောင့် အဲဗာတန်နဲ့ နာပိုလီ တို့က ကြိုးပမ်းလာခဲ့တာပါ။
ဝက်စ်ဟမ်း ကတော့ တန်းဆင်းသွားတဲ့ လက်စတာစီးတီးရဲ့ ဂိုးသမား မတ်စ် ဟာမန်ဆန်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀ ဝန်းကျင်နဲ့ ခေါ်ယူခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် ဒိန်းမတ် လက်ရွေးစင်ဟာ ဝက်စ်ဟမ်းနဲ့ ၅ နှစ် သက်တမ်း ရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်နေကြောင်း သိရပါတယ်။
ဘာစီလိုနာ ကတော့ အင်နီဂို မာတီနက်ဇ်ကို လက်လွှတ်ခဲ့ရပေမယ့် ခံစစ်ပိုင်း အတွက် ကစားသမား ထပ်မံ ခေါ်ယူသွားမှာ မဟုတ်တော့ကြောင်း ဟန်ဆီ ဖလစ်ခ်က အတည်ပြုသွားခဲ့ပါတယ်။ အစောပိုင်း သတင်းတွေအရ ဆိုရင်လည်း ဖလစ်ခ်က ကစားသမားသစ် ခေါ်ယူဖို့ထက် အသင်းမှာ ရှိတဲ့ လူငယ် ကစားသမားတွေကိုပဲ အသုံးပြုလိုနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.