ဩဂုတ်လ ၁၃ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီး ကတေ့ လာလီဂါ ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာနဲ့ လျှို့ဝှက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်တို့ အားလုံးက ဗင်နီရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ရိုဒရီဂို အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အသင့် ရှိနေကြောင်း TBR Football က ဖော်ပြပါတယ်။ လက်ရှိမှာ ဘရာဇီးလ်သားကို အာဆင်နယ်နဲ့ မန်ချက်စတာစီးတီး တို့က စိတ်ဝင်စားနေပြီး ရိုဒရီဂို ကိုယ်တိုင် ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။
ဘာစီလိုနာ ဥက္ကဌ ယိုအန် လာပေါ်တာ ကတော့ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အတွက် ဘာမဆိုလုပ်သွားမယ်လို့ ကတိပြုခဲ့ကြောင်း El Nacional က ဖော်ပြပါတယ်။ အာဂျင်တီးနား လက်ရွေးစင် ကတော့ လက်ရှိမှာ လာလီဂါ ကလပ် အက်တလက်တီကိုနဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၁၀၀ ရှိနေကြောင်း သိရပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ တော့တင်ဟမ်ဟော့စပါး ဗဟိုနောက်ခံလူ ခရစ္စတီယန် ရိုမီယိုကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ စပါး ကတော့ သူ့ရဲ့ ခံစစ်မှူးကို ရောင်းဖို့ မဟုတ်ကြောင်း ငြင်းဆိုထားပြီး အသင်းခေါင်းဆောင် ရာထူးလည်း ပေးထားပါတယ်။
ဆီဇာ အက်ဇ်ပီလီကွယ်တာ ကတော့ ဒီနွေရာသီမှာ အက်တလက်တီကိုမက်ဒရစ် ကနေ ထွက်ခွာပြီးနောက် အိုဆာဆူနာကို ပြန်သွားဖို့ မျှော်လင့်ထားကြောင်း AS က ဖော်ပြပါတယ်။ ချဲလ်ဆီး နောက်ခံလူဟောင်း ကတော့ သူ့ရဲ့ ငယ်ဘဝ ကလပ်မှာ ကစားသမားဘ၀ကို အဆုံးသတ်ချင်နေသူလည်း ဖြစ်ပါတယ်။
ဒီတစ်ပတ် ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ လစ်ဗာပူးလ် ကစားသမား ဒီယိုဂို ဂျိုတာ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ တစ်မိနစ် ငြိမ်သက်သွားမယ်လို့ သိရပါတယ်။ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲကို အခု တစ်ပတ် စတင်မှာ ဖြစ်ပြီး သောကြာညမှာ လစ်ဗာပူးလ် – ဘုန်းမောက် ပွဲစဉ်နဲ့ စတင် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

နယူးကာဆယ် ကတော့ အေစီမီလန်က အသက် ၂၄ နှစ် အရွယ် ဂျာမန် နောက်ခံလူ မာလစ် သီယောကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မာလစ်သီယောရဲ့ ပြောင်းရွှေ့ကြေးက အပိုဆုကြေးတွေ အပါအဝင် ပေါင် ၃၄.၆ သန်း ရှိမယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီ ကတော့ ဘုန်းမောက်ရဲ့ ယူကရိန်း နောက်ခံလူ ဇာဘာညီကို ၅ နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာသွားခဲ့ပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးက ယူရို ၆၃ သန်း + အပိုဆုကြေး ၃ သန်း ဖြစ်ပြီး ကျောနံပါတ် ၆ ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် ဥက္ကဋ္ဌ စတိဗ် ပါရစ်ရှ်က အသင်းခေါင်းဆောင် မာ့ခ် ဂူဟီကို ဒီနွေရာသီမှာ ရောင်းချဖွယ် ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ပဲလေ့စ် အနေနဲ့ မာ့ခ် ဂူဟီကို ၂၀၂၅-၂၀၂၆ ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖွယ် ရှိတာကြောင့် ရောင်းချဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ပဲလေ့စ်ဟာ ဂူဟီ အတွက် ဇန်နဝါရီလက နယူးကာဆယ်ရဲ့ နောက်ဆုံး ပေါင် ၆၅ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ နာပိုလီရဲ့ အီတလီ လက်ရွေးစင် တိုက်စစ်မှူး ရက်စပါဒိုရီကို ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက် ၂၅ နှစ် အရွယ် ရက်စပါဒိုရီဟာ ပြီးခဲ့တဲ့ ရာသီ စီးရီးအေ ချန်ပီယံ နာပိုလီ အတွက် ၂၆ ပွဲ ကစားပြီး ၈ ဂိုး သွင်းယူခဲ့ပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ ရက်စပါဒိုရီနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီး ဒီရာသီ ၇ ဦးမြောက် ခေါ်ယူမှုလည်း ဖြစ်ပါတယ်။ ရက်စပါဒိုရီရဲ့ ပြောင်းရွှေ့ကြေး ကတော့ ယူရို ၂၂ သန်း + ၄ သန်း ဖြစ်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ဆန်းဒါးလန်းဟာ ဂီတာဖေးရဲ့ ပါရာဂွေး နောက်ခံလူ အိုမာ အယ်ဒီရီတေးကို ပြောင်းရွှေ့ကြေး ယူရို ၁၂ သန်းနဲ့ ဝယ်ယူလိုက်ပြီးနောက် ဒီနွေရာသီမှာ ဆန်းဒါးလန်းရဲ့ ခေါ်ယူ ဖြည့်တင်းခဲ့တဲ့ ကစားသမား ဦးရေက ၁၁ ယောက် (၈ယောက်ကို အပြီးသတ် ခေါ်ယူ + ၂ ယောက်ကို အလွတ် + ၁ ယောက် အငှား) အထိတောင် ရှိနေသလို စုစုပေါင်း အသုံးစရိတ် ကတော့ ယူရို ၁၅၈ သန်း ရှိနေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.