နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါ ညနေခင်း သတင်းများ (၂၉/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၂၉ ရက်နေ့ ညပိုင်း အထိ ရရှိထားသမျှ လာလီဂါ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

 

အသင်းကို ဝေဖန်တဲ့ နေဂဲလ်စ်မန်းကို ‘မသိနားမလည်သူ’လို့ တုန့်ပြန်လိုက်တဲ့ လာပေါ်တာ 

လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဂျိုအန် လာပေါ်တာက ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂျဲလ်စ်မန်းကို “မသိနားမလည်သူ” လို့ ဆိုလိုက်ပြီး ပြိုင်ဘက်တွေ အနေနဲ့လည်း ကိုယ့်ရဲ့ စီးပွားကို ကိုယ်ဘာသာကိုယ် အာရုံစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂျဲလ်စ်မန်းဟာ ဘာစီလိုနာရဲ့ ငွေသုံးစွဲမှု အပေါ် ဝေဖန်ထားခဲ့တာကို ဘာစီလိုနာ ဥက္ကဌက ပြန်လည် တုန့်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။ နေဂျဲလ်စ်မန်းက ဘာစီလိုနာကို “ငွေမရှိပဲ ကစားသမားတွေ ဝယ်နိုင်တဲ့ ကမ္ဘာ့ပထမဦးဆုံး ကလပ် ဆိုပြီး ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။ 

ဘာဆာ ဥက္ကဌ လာပေါ်တာက “သူ့ကို မေးချင်တာက လီဝမ်ဒေါစကီးရဲ့ အပြောင်းအရွှေ့ ကနေ သူတို့ အသင်း ငွေဘယ်လောက်ရသွားသလဲ ဆိုတာ ပြန်ကြည့်ဖြစ်ရဲ့လား ဆိုတာပါပဲ။ ကျွန်တော် လူတိုင်းကို လေးစားပါတယ်။ ပြီးတော့ တခြားသူရဲ့ အကျိုးစီးပွားကိုလည်း ဝင်စွက်ဖက်လေ့ မရှိပါဘူး။” လို့ ဆိုပါတယ်။

အဲ့နောက် လာပေါ်တာက “ဒါဟာ မသိနားမလည်ခြင်း တမျိုးပါပဲ။ ပြီးတော့ ငါ့တို့ ကလပ်ရဲ့ အချက်အလက် အကြောင်းအရာ အချက်အလက်တွေကို သေချာမသိလို့ပါ။ ငါတို့ အရမ်းကို လမ်းဆုံးနေတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ငါတို့ ဒီအခြေအနေ ကနေ အရှိန်တင်ပြီး ထွက်လာခဲ့ပြီးပါပြီ။ ပြီးတော့ ငါတို့ ဘာတွေ ပြောင်းလဲသွားသလဲ ဆိုတာ အဲ့ဒီက လူကြီးမင်းတွေက လိုက်မမှီသေးတာလည်း ဖြစ်နိုင်ပါတယ်။” လို့ ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ လက်ရှိ အပြောင်းအရွှေ့ ကာလမှာ ရောဘတ်လီဝမ်ဒေါစကီးကို ပေါင် ၃၈ သန်း၊ ရာဖင်ညာကို ပေါင် ၄၉ သန်းနဲ့ ဂျူးလ်စ် ကွန်ဒေးကို ပေါင် ၄၂ သန်း ပေးချေပြီး ခေါ်ယူထားခဲ့သလို ကတ်ဆေးနဲ့ ခရစ္စတန်ဆန် တို့ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ လာလီဂါ ဥက္ကဌ ကတော့ ဘာစီလိုနာတို့ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ အတွက် ရုပ်သံထုတ်လွှင်ခွင့် ရောင်းချခဲ့တာက အဓိကကျခဲ့တယ်လို့ တရားဝင်‌ ပြောဆိုထားပါတယ်။

ပြင်သစ် နာမည်ကြီး သတင်းစာ L’Equipe ရဲ့ ဖော်ပြချက် အရ ဘာနာဒို ဆေးလ်ဗားကို လာလီဂါ ကလပ်ဆီ ရောင်းချလို့ ရတဲ့ ငွေနဲ့ မန်စီးတီးတို့ လိုင်ယွန် ကွင်းလယ်လူ ပက်ကေးတာကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဘာနာဒိုဆေးလ်ဗားကို ပေါင် ၆၇ သန်း တန်ကြေး သတ်မှတ်ထားတဲ့ မန်စီးတီး

ပက်ကေးတားကို လိုချင်လို့ စိတ်ကူးပြောင်းပြီး ဘာနာဒို ဆေးလ်ဗားကို ထိုးရောင်းနေတဲ့ မန်စီးတီး

ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ကတော့ သူတို့ အသင်းရဲ့ ကွင်းလယ်လူ ဘာနေဒိုဆေးဗားကို ပြောင်းရွှေ့ကြေး ပေါင် ၆၇ သန်း သတ်မှတ်လိုက်ပြီး ခေါ်ယူလိုက ခေါ်ယူနိုင်ကြောင်း ဘာစီလိုနာ အသင်းထံ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ 

ပြင်သစ် နာမည်ကြီး သတင်းစာ L’Equipe ရဲ့ ဖော်ပြချက် အရ ဘာနာဒို ဆေးလ်ဗားကို လာလီဂါ ကလပ်ဆီ ရောင်းချလို့ ရတဲ့ ငွေနဲ့ မန်စီးတီးတို့ လိုင်ယွန် ကွင်းလယ်လူ ပက်ကေးတာကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပေါ်တူဂီ ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားဟာ ဂွာဒီယိုလာ လက်အောက်မှာ အရေးပါတဲ့ ကစားသမား ဖြစ်နေပေမယ့် သူ့ထက် အသက်အရွယ်အားဖြင့် ပိုပြီး ငယ်ရွယ်တဲ့ ပက်ကေးတာကို ခေါ်ယူချင်တာကြောင့် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားခြင်းလည်း ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

အစောပိုင်းက ပြင်သစ် ကလပ် ပီအက်စ်ဂျီက ဘာနာဒို ဆေးလ်ဗားကို နေမာနဲ့ အလဲအလှယ် လုပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် မန်စီးတီး ဘက်က ပယ်ချခဲ့သလို သူတို့ရဲ့ ကွင်းလယ်လူ ဟာလည်း ရောင်းချရန် မဟုတ်လို့ ဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀ ရက် အကြာမှာတော့ မန်စီးတီးတို့ စိတ်ကူးပြောင်းသွားပြီး ဘာနာဒို ဆေးလ်ဗားကို ရောင်းထုတ်ဖို့ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဝူဗာဟမ်တမ်
1X2 သရေ (Draw) @ 3.05
ဂိုးပေါ် 2.50 @ 2.08
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အသင်းဖော်ဟောင်းတွေကို ဝမ်းသာအားရ ကြိုဆိုခဲ့တဲ့ ဘေးလ်

အဲလ်အေအက်ဖ်စီ တိုက်စစ်မှူး ဂါရက်သ်ဘေးလ်ဟာ အမေရိကန်နိုင်ငံမှာ ခြေစမ်းပွဲ ကစားဖို့ ရောက်ရှိနေတဲ့ ရီးရဲယ်မက်ဒရစ် အသင်းဖော်ဟောင်းတွေကို ဝမ်းသာအားရ ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။ 

ဝေးလ်စ် အသင်းခေါင်းဆောင် ဘေးလ်ဟာ အခုနှစ် နွေရာသီမှာ ရီးရဲယ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် မေဂျာလိဂ် ကလပ်ကို ပြောင်းရွှေ့ ကစားနေခဲ့တာ ဖြစ်ပါတယ်။ လာလီဂါ ကလပ်က မထွက်ခွာခင် သူ့ရဲ့ အပြုံးအရယ် မရှိတဲ့ အမူအရာတွေကြောင့် အသင်းနဲ့ အဆင်မပြေ ဖြစ်ခဲ့တယ် ဆိုပြီး သတင်း တချို့မှာ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘေးလ်က အသင်းဖော်ဟောင်းတွေနဲ့ ပြန်တွေ့ချိန်မှာ ပြုံးပြုံးရွှင်ရွှင်နဲ့ တရင်းတနှီး နှုတ်ဆက်ခဲ့ပြီး ဘန်ဇီမာ၊ မိုဒရစ်၊ ကတ်ဆီမီယို၊ အလာဘာ၊ ကာဗာဟယ်၊ မီလီတာအို၊ ဟာဇက် အပြင် နည်းပြကြီး ကာလို အန်ဆယ်လော့တီ နဲ့လည်း အချိန်အတန်ကြာ စကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

ရီးရဲယ်မက်ဒရစ် အသင်းဟာ လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ ဂျူဗင်တပ်စ်နဲ့ ခြေစမ်းပွဲ ကစားဖို့ လော့စ်အိန်ဂျလိစ်မြို့က ကယ်လီဖိုးနီးယား တက္ကသိုလ်ကွင်းမှာ လေ့ကျင့်ခန်းဆင်းနေတာ ဖြစ်ပါတယ်။ ဘေးလ်နဲ့ တွေ့ဆုံခဲ့တာ ကိုလည်း ရီးရဲယ်မက်ဒရစ် အသင်းက သူတို့ရဲ့ အင်စတာဂရမ် ကနေ “တွေ့ရတာ ဝမ်းသာပါတယ် ဘေးလ်” ဆိုတဲ့ စာသားနဲ့ ပို့စ် တင်ထားခဲ့ပါတယ်။

ဘေးလ်ဟာ ရီးရဲယ်မက်ဒရစ်နဲ့ ဖြတ်သန်းခဲ့တဲ့ ၈ နှစ်တာ ကာလ အတွင်း ပြိုင်ပွဲစုံ ၂၅၈ ပွဲ ကစားပြီး ၁၀၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်