အခုတစ်ခါမှာလည်း ဒီနေ့ အတွက် ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
Calciomercato ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်စ် အသင်းဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် လူငယ် တိုက်စစ်မှူး အန်းဒရစ်ခ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဘရာဇီးလ် လက်ရွေးစင် ကြယ်ပွင့်လေး ကိုတော့ ရီးရဲလ်မက်ဒရစ်က အသင်းတစ်သင်းသင်းစီ အငှားနဲ့ စေလွှတ်ဖို့ စီစဉ်ထားပေမယ့် အပြီးအပိုင် ရောင်းချမှာ မဟုတ်ကြောင်း သိရပါတယ်။
DefensaCentral ရဲ့ ဖော်ပြချက်အရ အခြားတစ်ဖက်မှာ ချဲလ်ဆီးက အန်းဒရစ်ခ်ကို ကနဦး အငှား+ အပြီးသတ် ခေါ်ယူခွင့်နဲ့ ကြိုးပမ်းခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ဘက်က ချက်ချင်းပဲ ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်ဟာ အန်းဒရစ်ခ်ကို ခြေစွမ်းနဲ့ အတွေ့အကြုံပိုင်း တိုးတက်လာရေး အတွက်သာ အငှားချရုံ သီးသန့် စဉ်းစားထားတာ ဖြစ်ပြီး လုံးဝ ရောင်းထုတ်ဖို့တော့ အစီအစဉ် မရှိတာ သိသာပါတယ်။
လစ်ဗာပူးလ် နောက်ခံလူ အီဘရာဟီမာ ကိုနာတေးကို နေရာပေးဖို့ အတွက် ရီးရဲလ်မက်ဒရစ်ဟာ ဒေးဗစ် အလာဘာကို လမ်းခွဲဖို့ ပြင်နေတယ်လို့ DefensaCentral က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သြစတြီးယားသား ကတော့ ဆန်တီယာဂို ဘာနေဗျူး ကနေ ထွက်ခွာဖို့ တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စောင့်ဆိုင်းနေစဉ် အတွင်း ကမ်းလှမ်းလာတဲ့ ကလပ် အများအပြားကို ငြင်းဆန် ပယ်ခဲ့ကြောင်း တိုနီ ဂျူအန်မာတီက ဖော်ပြပါတယ်။ အင်္ဂလန်သားရဲ့ အေးဂျင့် ကတော့ မကြာသေးမီကပဲ လာလီဂါ ကလပ်ရဲ့ အားကစား ဒါရိုက်တာ ဒေကိုနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပြီး ဒေကို ကိုယ်တိုင် ကလည်း ရက်ရှ်ဖို့ဒ်ကို သဘောကျ နှစ်ခြိုက်ကြောင်း ဝန်ခံထားပါတယ်။
အက်တလက်တီကိုမက်ဒရစ် နောက်ခံလူ ဟိုဆေး မာရီယာ ဟင်မီနက်ဇ် ကိုတော့ ပရီးမီးယားလိဂ်နဲ့ စီးရီးအေရဲ့ ထိပ်သီး ကလပ် တော်တော်များများက စိတ်ဝင်စားနေကြပါတယ်။ ဒီကစားသမားကို ဆော်ဒီပရိုလိဂ် ကလပ် တစ်ခုက သူ အခုရရှိနေတဲ့ လုပ်ခလစာထက် နှစ်ဆ ပေးချေပြီး ခေါ်ယူဖို့ စီစဉ်လျက် ရှိနေပါတယ်။
El Chiringuito ရဲ့ ဖော်ပြချက်အရ အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ် ကတော့ အက်တလက်တီကိုမက်ဒရစ်ဆီ ပြောင်းရွှေ့နိုင်ကြောင်း သိရပါတယ်။ တီကို နည်းပြ ဒီယေဂို ဆီမြွန်နီဟာ အာဂျင်တီးနား လက်ရွေးစင် နှစ်ဦး ဖြစ်တဲ့ လော်တာရို မာတီနက်ဇ်နဲ့ ဟူလီယန် အဲလ်ဗာရက်ဇ် တို့ကို တိုက်စစ်မှာ တွဲဖက်ပြီး ကစားစေချင်နေကြောင်း သိရပါတယ်။
ESPN ရဲ့ ဖော်ပြချက်အရ အမေရိကန် တောင်ပံ ကစားသမား ဘရိုင်ယန် ရိုဒရီဂွက်ဇ်ဟာ အင်တာ မိုင်ယာမီ အတွက် ပစ်မှတ်အဖြစ် ပေါ်ထွက်နေကြောင်း သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားဟာ ယခင်က အဲလ်အေအက်ဖ်စီမှာ ၁၈ လကြာ ကစားခဲ့ဖူးပါတယ်။
အင်္ဂလန် ချန်ပီယံရှစ် ကလပ် ဘရစ္စတိုးလ်စီးတီး ကတော့မွန်ထရီရယ် နောက်ခံလူ ဂျော့ခ်ျ ကမ်းဘဲလ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဘန် ဂျက်ကော့ဘ်ရဲ့ ဖော်ပြချက် အရ ဒီကစားသမားရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၁ သန်း သာ ရှိမယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.