အက်စ်ပန်ညို ဂိုးသမား ယိုအန် ဂါစီယာ ကိုတော့ လက်ရှိမှာ လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ အပါအဝင် ဥရောပထိပ်တန်း ကလပ် များစွာက မျက်စိကျနေပါတယ်။ အသက် ၂၄ နှစ် အရွယ် စပိန် ဂိုးသမား ကတော့ လက်ရှိ ဥရောပရဲ့ ထိပ်တန်း ဂိုးသမားတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီးတော့ ရာသီကုန်မှာ အက်စ်ပန်ညို ကနေ ထွက်ခွာဖို့ သတင်းထွက်နေသူလည်း ဖြစ်ပါတယ်။
အက်စ်ပန်ညိုရဲ့ ခါးသီး မြို့ခံ ပြိုင်ဘက် ဘာစီလိုနာ ကတော့ ယိုအန် ဂါစီယာကို ခေါ်ယူချင်တဲ့ အသင်းတွေ ထဲက တစ်သင်း ဖြစ်ပါတယ်။ ကတ်တာလန် ကလပ်က အသက်အရွယ် ရလာပြီး လက်စွမ်းပိုင်း ကျဆင်းစပြုလာတဲ ဂိုးသမား မာ့ခ် အန်ဒရေ တာစတီဂျန်ရဲ့ နေရာ အတွက် ယိုအန် ဂါစီယာနဲ့ ရေရှည်အစားထိုးချင်နေတာလည်း ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဂါစီယာကို ဒီနွေရာသီမှာ ခေါ်ယူပြီး တခြားအသင်း တစ်သင်းထံ အငှားပြန်ချပြီး တာစတီဂျန်နဲ့ လမ်းခွဲပြီးချိန်မှ အသင်းနဲ့ လာရောက် ပူးပေါင်းစေဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
သတင်းတွေ အရ ဆိုရင်တော့ ဘာစီလိုနာ အနေနဲ့ ယိုအန် ဂါစီယာကို ခေါ်ယူဖို့ တော်တော်လေး ခက်ခဲ့တဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း သိရပါတယ်။ ယိုအန် ဂါစီယာ အနေနဲ့ နေးရှင်းလိဂ် အတွက် နည်းပြ လူးဝစ္စ ဒယ်လာ ဖျူအန်တေးရဲ့ စပိန် အသင်း လူစာရင်းမှာ ရွေးချယ်မခံခဲ့ရပါဘူး။ ဒါပေမယ့်လည်း ဂါစီယာရဲ့ စာချုပ်ဖျက်သိမ်းကြေးက ယူရို ၂၅ သန်း တန်ကြေး ရှိနေဆဲ ဖြစ်ပြီး သူ့ကိုတော့ အာဆင်နယ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေပါတယ်။

ယိုအန် ဂါစီယာက ဒီရာသီ လာလီဂါရဲ့ ဒန်နီ ယာကီဆု ရရှိခဲ့တဲ့ ယိုအန် ဂါစီယာက ကတ်တာလန် သတင်းဌာန တစ်ခု ဖြစ်တဲ့ Esport3 နဲ့ အင်တာဗျူးမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။“နောက်ဆုံးကို မရောက်ခင် ဘောလုံးမှာ၊ သတင်းတွေ မကြာခဏ ထွက်တတ်ပါတယ်။ အမှန်တကယ် ဖြစ်လာတဲ့ အချိန်ထိ အခုလို သတင်းတွေ ထွက်မှာပါ။ အမြဲတမ်းတော့ ဖြစ်နေမှာ မဟုတ်ပါဘူး။ ကျွန်တော် ကတော့ အရမ်းကို စိတ်အေးလက်အေး ရှိနေပါတယ်။ ဘာပဲလုပ်လုပ် ဆုံးဖြတ်ရမှာပါ။ ကျွန်တော့် လူတွေနဲ့ အများကြီး စဉ်းစားထားပြီး ကျွန်တော့် အတွက် အကောင်းဆုံး ဖြစ်မယ့် အရာကို ရွေးချယ်သွားမှာပါ။
ယိုအန် ဂါစီယာ ကတော့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အတွင်း လာလီဂါရဲ့ အကောင်းဆုံး ဂိုးသမား ဖြစ်ကြောင့် သူ စွမ်းဆောင်ခဲ့တဲ့ အချက်အလက်တွေက သက်သေသခံနေပါတယ်။ သူ့ အနေနဲ့ ဒီရာသီမှာ တစ်ပွဲ ပျမ်းမျှ ၄ ကြိမ် နီးပါး ကယ်တင်မှု ပြုလုပ်ခဲ့ပြီး စုစုပေါင်း ၁၄၆ ကြိမ် အထိ ကာကွယ်ခဲ့တာ ဖြစ်ပါတယ်။ ဂါစီယာရဲ့ စွမ်းဆောင်မှုကြောင့် အက်စ်ပန်ညို အနေနဲ့ တန်းဆင်းဇုန် ကနေ ရှောင်ထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အက်စ်ပန်ညို နည်းပြ မန်နိုလို ဂွန်ဇာလက်ဇ် ကတော့ လက်စ်ပါးလ်မက်စ်ကို အနိုင်ရခဲ့ပြီးနောက် သူ့ရဲ့ ဂိုးသမားနဲ့ ပတ်သက်ပြီးတော့ “သူ့ရဲ့ ရှေ့အနာဂတ်ဟာ သူနဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဂါစီယာက ပွဲအပြီးမှာ အက်စ်ပန်ညို ပရိသတ်တွေ အတွက် နှုတ်ဆက်တဲ့ ပုံစံမျိုး ပြောကြားခဲ့ပါသေးတယ်။
ဂါစီယာ “ကျွန်တော် ရောက်နေတဲ့ အခြေအနေကို တစ်ကမ္ဘာလုံးက သိပါတယ်၊ အသင်း ကတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော် ထွက်သွားရင် ကျွန်တော် ဂုဏ်ယူစွာနဲ့ အသင်းကို ပထမတန်းမှာ ထားနိုင်ခဲ့ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.