လာလီဂါ ကလပ် ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ ရောဘတ် လီဝမ်ဒေါစကီးဟာ နောက်ဆုံး ဆယ်စုနှစ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး ဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ဘီလ်ဘာအိုကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ပိုလန် တိုက်စစ်မှူးကြီးက ဘာဆာ အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ ဟန်ဆီ ဖလစ်ခ်က လီဝမ်ဒေါစကီးကို ချီးကျူးခဲ့တာလည်း ဖြစ်ပါတယ်။
ဟန်ဆီ ဖလစ်ခ်က “ကျွန်တော့် အမြင် မှာတော့ လီဝမ်ဒေါစကီးဟာ နောက်ဆုံး ဆယ်စုနှစ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးပါပဲ။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဟန်ဆီ ဖလစ်ခ်ဟာ လီဝမ်ဒေါစကီးနဲ့ ဘေယန်မြူးနစ်မှာရော ဘာစီလိုနာ မှာပါ လက်တွဲခဲ့သူ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီးဟာ လာလီဂါ ကလပ် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၆၀ ကစားပြီး ၁၀၉ ဂိုး သွင်းယူပေးထားပါတယ်။ ဒီရာသီမှာလည်း လီဝမ်ဒေါစကီးက ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားပြီး ၈ ဂိုး သွင်းယူကာ အသက်အရွယ်နဲ့ မလိုက်တဲ့ ဂိုးသွင်း စွမ်းဆောင်ရည်ကို ပြသထားနိုင်ဆဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိအချိန်မှာ လီဝမ်ဒေါစကီး အနေနဲ့ ဘာစီလိုနာမှာ ဆက်ရှိနေဖို့ မသေချာကြောင်း သတင်းတွေ ထွက်နေပြီး ဒီအခြေအနေကို တားဆီးလိုတဲ့ အနေနဲ့ ဟန်ဆီ ဖလစ်ခ်က အခုလို ချီးကျူးစကား ပြောဆိုလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ လီဝမ်ဒေါစကီး ကတော့ နူးကမ့်ပ် ကွင်းသစ်မှာ ပထမဦးဆုံး ဂိုးသွင်းနိုင်ခဲ့တာကို အမြဲတမ်း အမှတ်ရနေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

လီဝမ်ဒေါစကီးက “ဒီနေ့က ကျွန်တော့် အတွက်တင် မဟုတ်ဘူး၊ အားလုံး အတွက်ပါ အထူးနေ့ တစ်နေ့ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကမ့်ပ်နူးကို ပြန်လာရင်း ပထမဦးဆုံး ဂိုးကို သွင်းယူနိုင်ခဲ့လို့ အရမ်းပဲ ပျော်ပါတယ်။” လို့ လီဝမ်ဒေါစကီးက Barca One ကို ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး “ကျွန်တော်မှာ မတူညီတဲ့ အားကစားကွင်းတွေမှာ ကစားခဲ့တဲ့ အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဒီမှာ ထူးခြားတဲ့ အရာ တစ်ခု ရှိပါတယ်။ ဒီနေ့ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပြီး အနိုင်ရခဲ့လို့ ကိုယ့်ကိုယ်ကိုယ်ရော အသင်းအတွက်ပါ အရမ်းပဲ ဂုဏ်ယူမိပါတယ်။ ဒီပထမဦးဆုံး ဂိုးက ကျွန်တော့် အတွက် အမြဲတမ်း အမှတ်ရနေမယ့် အရာ တစ်ခုလို့ ထင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ဘာစီလိုနာက လာလီဂါ အမှတ်ပေးဇယား ထိပ်က ရီးရဲလ်မက်ဒရစ်နဲ့ ၁ မှတ်သာ ကွာဟသွားခဲ့ပြီး ချန်ပီယံဆု အတွက် ဆက်လက် ဖိအားပေးထားနိုင်ပြီ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ လာလီဂါ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ နှစ်ပွဲဆက် သရေကျကာ ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာဟာ လက်ရှိ သူတို့ရဲ့ နူးကမ့်ပ်ကွင်းမှာ ပြန်လည် ကစားနေပေမယ့် ပတ်လည် ပရိသတ် ၄၅၀၀၀ ဆံ့မယ့် တတိယထပ် ကိုတော့ ဆောက်လုပ်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကွင်းဖွင့်ပွဲ ပြုလုပ်ချိန်မှာ ကျန်နေရာ အားလုံး ပရိသတ်တွေနဲ့ ပြည့်နှက်နေခဲ့သလို အသင်း ကလည်း ဂိုးပြတ် နိုင်ပွဲ ရရှိခဲ့တာကြောင့် အဖွင့်လှခဲ့ပါတယ်။ နူးကမ့်ပ် တစ်ကွင်းလုံး အပြီးသတ်နိုင်ဖို့ အတွက် ကတော့ မူလ စီစဉ်ထားတာထက် တစ်နှစ် နောက်ကျပြီး ၂၀၂၇ ခုနှစ်မှာ အချိန်ယူရဦးမှာ ဖြစ်ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


