နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ်ထံ ပြောင်းချင်နေတဲ့ ဟာလန်းကို စိတ်ဆိုးနေတဲ့ ဂွါဒီယိုလာ၊ ရာဖင်ညာကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေး ခေါ်မယ့် ယူနိုက်တက် | လာလီဂါ

အခုတစ်ခါမှာတော့ နိုဝင်ဘာ ၉ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ချင်နေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ ဟာလန်းကို ပပ် ဂွါဒီယိုလာက စိတ်ဆိုးနေကြောင်း သိရပါတယ်။ ဟာလန်း ကိုတော့ လာလီဂါ ထိပ်သီးတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာက အနာဂတ် ပစ်မှတ် အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ပါးမားနဲ့ အေစီမီလန်တို့ တစ်ဖက် ၂ ဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့တာကြောင့် အေစီမီလန်တို့ အမှတ်ပေးဇယားထိပ် ကနေ ဦးဆောင်ခွင့် ဆုံးရှုံးခဲ့ရပါတယ်။ အေစီမီလန် နည်းပြ မက်စ် အဲယ်ယ်လီဂရီ ကတော့ သူတို့ အသင်းဟာ ပထမဦးပိုင်း တစ်ပိုင်းလုံး အိပ်ပျော်နေခဲ့ကြကြောင်း ပြစ်တင် ပြောဆိုသွားခဲ့ပါတယ်။

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ဝုဗ်တို့ရဲ့ ပွဲမှာ ချဲလ်ဆီးက မာလို ဂူစတို၊ ယာအို ပက်ဒရိုနဲ့ ပက်ဒရို နီတိုတို့ သွင်းဂိုးတွေနဲ့ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ ဝုဗ်ကို အနိုင်ရခဲ့ခြင်းဟာ အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်လာစေခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ ဆန်းဒါးလန်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ အသင်းသားတွေကို အပြစ်တင်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဆန်းဒါးလန်းနဲ့ သရေကျခဲ့ပြီးတဲ့နောက် ပြိုင်ပွဲစုံ ၈ ပွဲဆက် အနိုင်ရရှိမှု ရပ်တန့်သွားခဲ့ပေမယ့် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။

ဒဏ်ရာ ပြဿနာတွေနဲ့ လုံးပမ်းနေရပေမယ့် ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေး ကတော့ လူသစ် ထပ်မံ ခေါ်ဖို့ အလျင်လိုနေဦးမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြင်သစ် ကလပ်မှာတော့ အဓိက ကစားသမားတွေ ဖြစ်တဲ့ အာချက်ဖ် ဟာကီမီ၊ နူနို မန်းဒက်စ်၊ ဒီဆိုင်းရား ဒူရေး၊ အူစမန်နီ ဒမ်ဘီလီတို့ ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

မန်ချက်စတာယူနိုက်တက်က ကိုဘီ မိန်းနူးကို လာမယ့် ဆောင်းရာသီမှာ နာပိုလီ အသင်းထံ အငှားချဖို့ ရာခိုင်နှုန်း များနေပါတယ်။ မိန်းနူးဟာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကနေ ထွက်ခွာချင်နေပေမယ့် အမော်ရင် ကတော့ အသင်းမှာ ဆက်ထိန်းထားချင်နေဆဲ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ နယူးကာဆယ် နောက်ခံလူ ဆဗန် ဘော့တ်မန်းကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ချဲလ်ဆီးနဲ့ အပြိုင်လုရဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဘော့တ်မန်း ကတော့ နယူးကာဆယ် မှာပဲ ဆက်နေလိုကြောင်း ပြောကြားထားပါတယ်။

အာဆင်နယ် ကတော့ လီအန်ဒရို ထရော့ဆက်ဒ်ကို လာမယ့်လ အနည်းငယ် အတွင်း စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ အာဆင်နယ် ကတော့ ထရော့ဆက်ဒ်ကို ပြီးခဲ့တဲ့ နွေရာသီက လုပ်ခလစာ တိုးမြှင့်ပေးခဲ့ပြီးတော့ အခု ဆိုရင် စာချုပ်သက်တမ်းတိုးဖို့ပါ ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်လူ အဒမ် ဝှာတန်ကို ခေါ်ယူဖို့ စတင် ဆွေးနွေးပြောဆိုနေပြီ ဖြစ်ကြောင်း သိရပါတယ်။ ဝှာတန် ကိုတော့ ပရီးမီးယားလိဂ် အပြင် ဥရောပထိပ်တန်း ကလပ် များစွာက ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

အိမ်လွမ်းဒဏ် ခံစားနေရတဲ့ နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနယ်လီ ကိုတော့ ဂျူဗင်တပ်စ်နဲ့ အေစီမီလန် တို့က ခေါ်ယူလိုကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တိုနာလီ ကတော့ နယူးကာဆယ် အတွက် အကောင်းဆုံး ခြေစွမ်းပြနေပြီး ငှက်ကြားတို့ ကလည်း လက်လွှတ်လိုခြင်း မရှိပါဘူး။

ဒါပေမယ့်လည်း ရာဖင်ညာက လာလီဂါ ကလပ်မှာပဲ ဆက်ရှိလိုကြောင်း မကြာခဏ ပြောဆိုထားသူ ဖြစ်ပါတယ်။
ရာဖင်ညာကို ပေါင်သန်း ၁၀၀ ကျော်နဲ့ ခေါ်ယူချင်နေတဲ့ ယူနိုက်တက်

အက်တလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီဟာ ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဖာလန်း မန်ဒီရဲ့ စိတ်ဓာတ် သန်မာမှုကို အကြိုက်တွေ့နေတာကြောင့် အသင်းထံ အရ ခေါ်ယူလိုနေကြောင်း ရှိပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဘာစီလိုနာ တိုက်စစ်ကစားသမား ရာဖင်ညာကို ပေါင် ၁၀၅.၆ သန်း အထိ ပေးချေ ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ ဒါပေမယ့်လည်း ရာဖင်ညာက လာလီဂါ ကလပ်မှာပဲ ဆက်ရှိလိုကြောင်း မကြာခဏ ပြောဆိုထားသူ ဖြစ်ပါတယ်။

မနေ့ညက လာလီဂါ မှာတော့ အက်တလက်တီကိုမက်ဒရစ်က လီဗန်တေးကို ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဗီလာရီးရဲလ် ကလည်း အက်စ်ပန်ညိုကို ၀-၂ နဲ့ အနိုင်ရခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်