ဂျူ့ဒ်ဘယ်လင်ဟမ်ဟာစိတ်ပျက်စရာဖြစ်ပြီးဘာစီလိုနာရဲ့တိုက်စစ်ကြယ်ပွင့်လာမင်းယာမယ်ဆီကနေသင်ယူဖို့လိုအပ်နေပြီဖြစ်ကြောင်း Sky Sports ရဲ့ဘောလုံးသုံးသပ်သူဂရေမီဆောင်းနက်စ်ကတိုက်တွန်းလိုက်ပါတယ်။လာလီဂါကလပ်ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူဂျူ့ဒ်ဘယ်လင်ဟမ်အနေနဲ့ရာသီအစမှာခြေစွမ်းပြနိုင်ခဲ့သလောက်နောက်ပိုင်းမှာတော့ရုန်းကန်နေရတာဖြစ်ပါတယ်။
ဆောင်းနက်စ်ကယာမယ်လ်ရဲ့ရင့်ကျက်မှုနဲ့ပတ်သက်လို့အခုလိုပဲချီးကျူးခဲ့ပါတယ်။ “အင်တာမီလန်နဲ့ပွဲမှာလာမင်းယာမယ်လ်ကိုကြည့်ရတာအသက်၁၇နှစ်အရွယ်နဲ့မလိုက်အောင်ကောင်းခဲ့ပါတယ်။ဒါကမတရားပါဘူး။ကျွန်တော်ဒါကိုနောက်ပြောင်တဲ့သဘောနဲ့ပြောတာပါ။ဒါပေမယ့်ကျွန်တော်တို့ဟာအရမ်းကိုထူးခြားတဲ့အရည်အချင်းရှိသူတစ်ယောက်ပေါ်ထွက်လာတာကိုတော့ငြင်းလို့မရဘူးလေ။ယာမယ်ကအခုဆိုရင်သူရဲ့အသင်းကြီးအတွက်ပွဲပေါင်း၁၀၀ကစားပြီးနေပြီ။သူကလာမယ့်ဇူလိုင်မှ၁၈နှစ်ပြည့်မှာပါ။သူ့အရွယ်ကစားသမားတစ်ယောက်အတွက်နားလည်ရခက်တာကသူ့ရဲ့အရည်အချင်းနဲ့ကြံ့ခိုင်မှုတင်မဟုတ်ဘူး။ဘောလုံးကွင်းထဲမှာသူရဲ့ဆုံးဖြတ်နိုင်စွမ်းဖြစ်ပါတယ်။”လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးဆောင်းနက်စ်က“ယာမယ်ဟာသူ့အသက်အရွယ်ထက်အများကြီးပိုပြီးရင့်ကျက်တဲ့ကစားသမားတစ်ယောက်ဆီကမျှော်လင့်ထားရမယ့်ဆုံးဖြတ်ချက်မျိုးတွေချမှတ်နိုင်တယ်။သူကဒီအသက်အရွယ်မှာခရစ္စတီယာနိုရော်နယ်ဒိုနဲ့လီယွန်နယ်မက်ဆီတို့ထက်တောင်သာလွန်နေပြီ။ဒါ့အပြင်သူဟာကြိုးစားပမ်းစားကစားရတဲ့အခြေအနေမှာလည်းပျော်မွေ့သူပါ။အဝေးကနေကြည့်ရင်တောင်အဘက်ဘက်ကပြည့်စုံနေတဲ့လူကောင်းလေးတစ်ယောက်ဖြစ်ပါတယ်။”လို့ချီးကျူးခဲ့ပါတယ်။

ယာမယ်လ်ကိုချီးကျူးပြီးနောက်မှာတော့ဆောင်းနက်စ်ကရီးရဲလ်မက်ဒရစ်ရဲ့အသက်၂၀အရွယ်အင်္ဂလန်ကွင်းလယ်လူဘယ်လင်ဟမ်ကိုထောက်ပြဝေဖန်ခဲ့ပါတယ်။ဆောင်းနက်စ်ကဘယ်လင်ဟမ်ရဲ့စပိန်မြေကပထမဆုံးရာသီဟာအလွန်အောင်မြင်ခဲ့တာကိုအသိအမှတ်ပြုပေမယ့်ဒီနှစ်ထဲမှာသူ့ရဲ့တိုးတက်မှုအပေါ်တော့သံသယဖြစ်မိကြောင်းဆောင်းနက်စ်ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဆောင်းနက်စ်က “ဒီနှစ်ကတော့ဘယ်လင်ဟမ်အတွက်စိတ်ပျက်စရာပဲ၊ဘယ်လင်ဟမ်ရဲ့အပြုအမူတချို့ကိုမေးခွန်းထုတ်ရပါမယ်။သဘောထားမတိုက်ဆိုင်တာတွေကိုပြတယ်။ဒိုင်လူကြီးတွေနဲ့မလိုအပ်ဘဲရန်တွေဖြစ်တယ်။အကယ်၍သူသာတစ်ယောက်ယောက်ရဲ့စကားကိုနားထောင်နေတယ်ဆိုရင်တောင်အဲ့ဒီအကြံဉာဏ်တွေကလမ်းမှားကိုဦးတည်နေပုံပါပဲ။ဒီလိုအပြုအမူတွေကစိတ်အားထက်သန်မှုလွန်ကဲနေတယ်လို့ထင်နေရင်သူမှားနေပါပြီ။ဒါဟာယာမယ်အတွက်လည်းဆင်ခြင်ရမယ့်ပြီးပြည့်စုံတဲ့ဥပမာဖြစ်ပါတယ်။”လို့ဆိုခဲ့ပါတယ်။
လက်ရှိမှာလာမင်းယာမယ်ရဲ့ဘာစီလိုနာဟာဖလား၄လုံးချန်ပီယံအဖြစ်နဲ့ရာသီသိမ်းနိုင်ဖို့နီးစပ်နေပြီးလာလီဂါနဲ့ချန်ပီယံလိဂ်မှာလည်းဆုဖလားနဲ့လက်တကမ်းအကွာကိုရောက်နေပါပြီ။ရီးရဲလ်မက်ဒရစ်ကတော့ဂုဏ်သိက္ခာအရသာလာလီဂါမှာချန်ပီယံဖြစ်ရေးအားစိုက်ရတော့မှာဖြစ်ပေမယ့်ဘာစီလိုနာကိုကျော်ဖို့တော့မလွယ်ကူနိုင်ပါဘူး။လက်ရှိမှာဘာစီလိုနာကရီးရဲလ်မက်ဒရစ်ထက်တစ်ပွဲပိုကစားပြီး၇မှတ်အကွာနဲ့အမှတ်ပေးဇယားအဆင့်၁နေရာမှာရပ်တည်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.