ဖရန်ကီ ဒီယောင် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေ ဖြစ်နေကြောင်း ထပ်မံ အတည်ပြုလာပါတယ်။ ဒီယောင် ကတော့ ကတ်တာလိုးနီးယားမှာ ဆက်လက် နေထိုင်လိုတဲ့ ဆန္ဒကို ဘယ်သောအခါမှ မဖုံးကွယ်ထားပေမယ့်လည်း လက်ရှိအချိန်မှာ ၎င်းရဲ့ စာချုပ်သက်တမ်းက နောက်ဆုံး ၁၂ လ အတွင်း ဝင်ရောက်လာတာကြောင့် စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
လက်ရှိမှာ ဒီယောင်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေ အကြားမှာ အငြင်းပွားမှုတွေ ရှိနေတာကြောင့် ကိစ္စတွေက ပိုမို ရှုပ်ထွေးနေတယ်လို့လည်း သိရပါတယ်။ နယ်သာလန် လက်ရွေးစင် အနေနဲ့ ဘာစီလိုနာနဲ့ ဆွေးနွေးမှုတွေ မပြုလုပ်မီ သူ့ရဲ့ ယခင် အေဂျင်စီ ကနေ ထွက်ခွာဖို့ကို အပြီးသတ် လုပ်ဆောင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ဘာစီလိုနာက လက်ရှိမှာ ဒီယောင်နဲ့ လွတ်လပ်စွာ ညှိနှိုင်းမှုတွေ ပြုလုပ်နိုင်ဖို့ ရှိနေပြီး အားကစား ဒါရိုက်တာ ဒေကို ကတော့ မကြာခင်မှာ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေကြောင်း ဖာဘရီဇီယို ရိုမာနိုက ထုတ်ဖော် ပြောကြားခဲ့သည်။ စာချုပ်သစ် ကိစ္စနဲ့ ပတ်သတ်ပြီး ဒီယောင်ကို မေးမြန်းရာ မှာတော့ “အခြေခံအားဖြင့် ကျွန်တော် အမြဲပြောခဲ့သလိုပဲ ကျွန်တော် ဘာစီလိုနာ နဲ့ပဲ စာချုပ် သက်တမ်းတိုးမှာပါ။ ကျွန်တော်တို့ အရမ်း နီးကပ်နေပါပြီ။ ခင်ဗျားတို့ သတင်း အမှန်တွေ ကြားရချင် ကြားရပါလိမ့်မယ်။ ဒါပေမယ့် အခုအချိန် မှာတော့ ကျွန်တော် ဘာမှ မပြောနိုင်သေးပါဘူး။

ဖရန်ကီ ဒီယောင်က ဘာစီလိုနာမှာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ပြီးရင် ဒုတိယမြောက် လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်ပြီး တစ်နှစ်ကို ယူရို ၁၉ သန်း ဝန်းကျင် ရရှိနေသူပါ။ ဒါကြောင့် ဘာစီလိုနာက ဒီယောင်ရဲ့ မြင့်မားတဲ့ လုပ်ခလစာကြောင့် ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သတင်းတွေ မကြာခဏ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီယောင်က အသင်း အတွက် အရေးပါတဲ့ ကစားသမား ဖြစ်ကြောင်း အကြိမ်ကြိမ် သက်သေပြထားနိုင်တာကြောင့် ဘာစီလိုနာတို့ လက်လွှတ်ဖို့ ခက်ခဲနေပြီး အခုတော့ လစာလျှော့ယူစေပြီး စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
ဒီယောင်ဟာ ၂၀၁၉ ခုနှစ်မှာ အေဂျက်စ်နဲ့ လမ်းခွဲခဲ့ပြီးနောက် လာလီဂါ ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒီယောင်ဟာ လက်ရှိမှာ အသင်းခေါင်းဆောင် မာ့ခ် အန်ဒရီ တာစတီဂျန် ပြီးရင် ဘာစီလိုနာရဲ့ ဒုတိယမြောက် သက်တမ်းအကြာဆုံး ကစားသမားလည်း ဖြစ်နေပါတယ်။ ဒီယောင်ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ ကတော့ အနိမ့်အမြင့် အတက်အကျ များစွာ ရှိခဲ့ပေမယ့်လည်း ဒီနှစ်ထဲ မှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရရှိခဲ့ပြီး ကွင်းလယ်မှာ ပက်ဒရီနဲ့ အတူ တွဲဖက်ကာ ခြေစွမ်းပြနေခဲ့ပါတယ်။
အပြောင်းအရွှေ့ ရာသီ ရောက်တိုင်း ဒီယောင်က ကတ်တာလန် ကလပ် ကနေ ထွက်ခွာနိုင်ခြေ ရှိတယ် ဆိုတဲ့ ကောလာဟလတွေ ထွက်လေ့ ရှိပြီး နောက်ဆုံး မှာတော့ ကတ်တာလန် ကလပ်မှာပဲ ဆက်ရှိနေခဲ့သူ ဖြစ်ပါတယ်။ ဒီယောင်သာ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့မယ် ဆိုရင်တော့ အသင်း ဘက်က ၂၀၂၉ အထိ သက်တမ်းတိုးဖို့ပါ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။ ဒီယောင်ဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါ ကလပ်ရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို အကြိမ်ကြိမ် ဝတ်ဆင်ခဲ့ပြီး အသင်းရဲ့ အသက်အငယ်ဆုံး အသင်းခေါင်းဆောင် တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ဒီယောင်က ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၈ ပွဲ ကစားရာမှာ ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထားနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.