နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှူးကို မခေါ်ယူနိုင်ခဲ့တဲ့ အကြောင်း ပြန်လည် ဖွင့်ဟခဲ့တဲ့ ဘာစီလိုနာ အားကစားဒါရိုက်တာဟောင်း | လာလီဂါ

၂၀၂၁ ခုနှစ် နွေရာသီ ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ အတွက် ဘယ်တော့မှ မေ့လို့ မရနိုင်မယ့် အချိန် တစ်ခုလို့ပဲ ဆိုရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ ဘာစီလိုနာဟာ ကလပ်ရဲ့ ဘဏ္ဍာရေး အကြပ်အတည်းတွေကြောင့် သူတို့ ပိုင်ဆိုင်ထားတဲ့ ဘောလုံးလောကရဲ့ ထာဝရ အကောင်းဆုံး ကစားသမား လီယွန်နယ် မက်ဆီကို အလွယ်တကူ လက်လွှတ်လိုက်ရတာကြောင့် ဖြစ်ပါတယ်။

အဲဒီအချိန်က မက်ဆီကို ဆုံးရှုံးလိုက်ရတဲ့ ဘာစီလိုနာဟာ တိုက်စစ်ပိုင်းကို ထိပ်တန်း ကစားသမား တစ်ဦးနဲ့ ပြန်လည် အစားထိုးဖို့ ကြိုးပမ်းခဲ့ပြီး အာလင်း ဟာလန်းကို ခေါ်ယူချင်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်လို့ ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာ အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ ဂန္ထဝင် ယိုဟန် ခရိုက်ဖ်ရဲ့ သားဖြစ်သူ ယော်ဒီ ခရိုက်ဖ်က SPORT နဲ့ အင်တာဗျူး တစ်ခုမှာ အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။ ခရိုက်ဖ်ဟာ လာလီဂါ ကလပ် အတွက် အလုပ်လုပ်နေစဉ်မှာ ဟာလန်းကို အနီအပြာ စပ်ကြား အင်္ကျီနဲ့ မြင်တွေ့လို့ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဒါက အမှန်ပါပဲ၊ ဒါဟာ အိပ်မက်ရဲ့ အစိတ်အပိုင်းသေးသေးလေး တစ်ခုပါ။ ကျွန်တော် တို့ဟာ ဟာလန်း သို့မဟုတ် လီဝမ်ဒေါစကီးကို အိပ်မက်မက်နေတာပါ။ ကျွန်တော် တို့က သက်ရောက်မှု ရှိတဲ့ ကစားသမား တစ်ဦးကို လိုချင်ခဲ့ပါတယ်။ ‘ငါတို့ ပြန်လာပြီ၊ အရာအားလုံး အတွက် ပြိုင်ဆိုင်ဖို့ ဒီကို ရောက်လာတာပါ’ ဆိုတဲ့ လက်မှတ် ရေးထိုးမှုမျိုးပေါ့။ ဒါပေမယ့် ဘာဖြစ်သွားလဲ သိလား။ မဖြစ်နိုင်တဲ့ အော်ပရေးရှင်း ဖြစ်သွားပါတယ်။ သူ့ (ဟာလန်း) ကို ဖွင့်ဟခဲ့ပေမယ့် ဒါက ကျွန်တော်တို့ မလုပ်နိုင်တဲ့ အပြောင်းအရွှေ့ တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပါပဲ။” လို့ ယော်ဒီ ခရိုက်ဖ်က ပြောကြားသွားခဲ့ပါတယ်။

ခရိုက်ဖ်ဟာ လာလီဂါ ကလပ် အတွက် အလုပ်လုပ်နေစဉ်မှာ ဟာလန်းကို အနီအပြာ စပ်ကြား အင်္ကျီနဲ့ မြင်တွေ့လို့ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အချိန်ထိလည်း ဟာလန်းကို ပစ်မှတ် အဖြစ် သတ်မှတ်ထားဆဲ ဖြစ်တဲ့ ဘာစီလိုနာ

ဟာလန်းကို ၂၀၂၂ ခုနှစ် နွေရာသီမှာ လာလီဂါ ကလပ် ဘာစီလိုနာက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။ နောက်ဆုံး မှာတော့ မန်စီးတီးက နော်ဝေ လက်ရွေးစင် တိုက်စစ်မှူးကို ခေါ်ယူနိုင်ခဲ့ပြီး ကတ်တလန် ကလပ် ကလည်း ဘေယန်မြူးနစ်က ရောဘတ် လီဝမ်ဒေါစကီးကို အစားထိုးခေါ်ယူခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာက ဟာလန်းကို ခေါ်ယူရေး လက်ရှိအချိန်ထိ လက်မလျှော့သေးပဲ ကာလရှည်ကြာ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

ဘာစီလိုနာ လက်ရှိ ဥက္ကဌ ယိုအန် လာပေါ်တာက ဒီနှစ်အစောပိုင်းတုန်း ကလည်း ဟာလန်းကို နူးကမ့်ပ်ကို ခေါ်ယူမယ့် အစီအစဉ်နဲ့ ပတ်သတ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဘာစီလိုနာဟာ နူးကမ့်ပ်ကွင်းကို ပြန်လည် ပြုပြင် မွမ်းမံ ပြီးစီးချိန်မှာ ဟာလန်းကို မိတ်ဆက်ဖို့ စိတ်အားထက်သန်နေကြောင်း သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ တချို့သတင်းတွေ မှာလည်း ဘာစီလိုနာက နူးကမ့်ပ်ကွင်း ပြန်လည် ဖွင့်လှစ်ချိန်မှာ လီယွန်နယ် မက်ဆီကို အသင်းဆီ ပြန်လည် ခေါ်ဆောင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဖော်ပြလျက် ရှိပါတယ်။

ဒါပေမယ့်လည်း ဒါတွေက ဘာစီလိုနာ အတွက် အိမ်မက်တွေသာ ဖြစ်ပါတယ်။ ဟာလန်း ဆိုရင် မန်စီးတီးနဲ့ ၁၀ နှစ် သက်တမ်းတိုးခဲ့ပြီးကတည်းက ဘာစီလိုနာ ကစားသမား ဖြစ်လာနိုင်ခြေ အရမ်းကို နည်းသွားခဲ့ပြီ ဖြစ်ပါတယ်။ မက်ဆီ ကလည်း ဘာစီလိုနာ အပေါ် သံယောဇဉ် ကြီးမားသည့် တိုင်အောင် သူ့ အတွက် ပိုပြီး အဆင်ပြေစေမယ့် အရပ်မှာပဲ ပျော်ရွှင်စွာနေထိုင်ဖို့ ဆုံးဖြတ်ထားတာပါ။ သေချာတာက ဟာလန်းဟာ နီကို ဝီလီယမ်စ် လိုပဲ ဘာစီလိုနာ အတွက် သူများနဲ့ ညားတဲ့ ကိုယ့်ရည်းစား ဖြစ်ခဲ့သလို မက်ဆီ ကလည်း ချစ်ပေမယ့်လည်း ရည်းစားဟောင်းဆီ ဘယ်တော့မှ ပြန်မသွားဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပါလိမ့်မယ်လို့ ပြောကြားရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်