နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘာစီလိုနာက ကစားသမားသစ် ခေါ်ဖို့ ဘယ်သူ့ကိုမှ ရောင်းစရာ မလိုဘူးလို့ ဆိုလိုက်တဲ့ ဒေကို | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ရှိနေတဲ့ အသင်း ဖြစ်ပါတယ်။ ဘာစီလိုနာက ထိပ်တန်း ကစားသမား အများအပြားကို ပစ်မှတ်ထားလျက် ရှိပြီး အားကစား ဒါရိုက်တာ ဒေကို ကလည်း သူတို့ အသင်း အနေနဲ့ လာမယ့် ရာသီမှာ အောင်မြင်မှုတွေ ဆက်လက် ရယူဖို့ ကြိုးပမ်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ဒေကိုက သူတို့ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေဟာ တောင့်တင်းပြီး ရီးရဲလ်မက်ဒရစ် ကိုတောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေကြောင်း၊ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ အတွက် အသင်းက ဘယ်ကစားသမား ကိုမှ ရောင်းထုတ်ဖို့ မလိုအပ်ကြောင်း ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။ 

ဒေကိုက နွေရာသီ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ဘာစီလိုနာက ကျွန်တော့် ကလပ်ပါ။ ကျွန်တော် ဘာစီလိုနာကို ချစ်တယ်။ ကျွန်တော် ဒီအသင်းကို ရောက်မလာခင်ကတည်းက ဘာစီလိုနာ ဖြစ်ပျက်နေတာတွေကို ကြည့်ပြီး အရင်လို အဆင့်အတန်းမျိုး ပြန်ရောက်အောင် ကျွန်တော် ကူညီနိုင်လိမ့်မယ်လို့ အမြဲတမ်း ယုံကြည်ခဲ့တယ်။ ကျွန်တော် ဘာစီလိုနာကို ရောက်ချိန်မှာ သိလိုက်ရတာက ကျွန်တော်တို့ အသင်းက ဘဏ္ဍာရေး ပြဿနာ ကြုံနေရတာ မဟုတ်ပဲ ဘဏ္ဍာရေး စည်းမျဉ်းတွေရဲ့ ပြဿနာနဲ့ ရင်ဆိုင်နေတယ် ဆိုတာပါ။ စပိန်မှာ ဘဏ္ဍာရေး သာတူညီမျှ စည်းမျဉ်းတွေက ပရီးမီးယားလိဂ် အပါအဝင် တခြားလိဂ်တွေထက် ပိုပြီး ကြပ်တည်းပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဒေကိုက “တကယ်တော့ အားလုံးက ဘာစီလိုနာ အကြောင်းပဲ ကြားနေကြတယ် ဆိုတာ ဒီအသင်းက အသင်းကြီး ဖြစ်နေလို့ပါ။ စပိန်မှာ အသင်း တော်တော်များများက ဒီစည်းမျဉ်းကြောင့် အခက်တွေ့နေကြရပါတယ်။ ကျွန်တော်တို့ ဒီအခြေအနေကို ပြန်ပြင်နိုင်ဖို့ အတွက် ကစားသမားကောင်းတွေနဲ့ လာမာစီယာကို ပြန်လည် ပေါင်းစပ်ပြီး အသင်းကို တိုးတက်စေခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာဟာ အခုအချိန်မှာ လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်နေပါပြီ။ ကျွန်တော်တို့ အသင်းရဲ့ ငွေကြေးအင်အားက ရီးယဲလ်မက်ဒရစ် ကိုတောင် ယှဉ်နိုင်ပြီး ကစားသမားသစ် ခေါ်ဖို့လည်း ဘယ်သူ့ကိုမှ ရောင်းနေစရာ မလိုပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။ 

ဘာစီလိုနာ ကတော့ ဒီရာသီမှာ လာလီဂါနဲ့ ကိုပါဒယ်ရေးဖလား တို့ကို ဆွတ်ခူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် မှာလည်း ဆီမီးဖိုင်နယ် အဆင့် အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
ဒီရာသီမှာ ပြည်တွင်းဖလား ၃ လုံး ကိုင်မြှောက်နိုင်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာ ကတော့ ဒီရာသီမှာ လာလီဂါနဲ့ ကိုပါဒယ်ရေးဖလား တို့ကို ဆွတ်ခူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် မှာလည်း ဆီမီးဖိုင်နယ် အဆင့် အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဘာစီလိုနာက ပြီးခဲ့တဲ့ ရာသီ ကွင်းတွင်း အောင်မြင်မှုတွေကြောင့် ကွင်းပြင်ပ ဘဏ္ဍာရေး အခြေအနေ အပေါ်လည်း သက်ရောက်မှု ကောင်းနေတယ်လို့ သိရပါတယ်။ 

ဘာစီလိုနာ အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒန်နီ အော်လမိုရဲ့ မှတ်ပုံတင်ခြင်း ကိစ္စနဲ့ ပတ်သက်တဲ့ ရှင်းလင်းမှုတွေကို စပိန် အားကစား ကောင်စီထံ တင်ပြခဲ့ပြီးဖြစ်သလို၊ အသင်းရဲ့ ကြယ်ပွင့်တွေ ဖြစ်တဲ့ လာမင်း ယာမယ်၊ ရာဖင်ညာနဲ့ နည်းပြ ဖြစ်သူ ဟန်ဆီ ဖလစ်ခ် တို့ကိုလည်း သက်တမ်းတိုး စာချုပ်ချုပ်တွေ အသီးသီး ချုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် လာလီဂါ ထိပ်သီး တို့က လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ထိပ်တန်း ကစားသမား တချို့ ထပ်မံ ခေါ်ယူဖို့ စောင့်ကြည့်လျက် ရှိပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်