လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကတော့ အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီးကို ဒီနွေရာသီမှာပဲ ရောင်းထုတ်ဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ကတ်တာလန် ကလပ်ဟာ လက်ရှိမှာ အသက်အရွယ် အားဖြင့် ၃၆ နှစ် ရှိနေပြီ ဖြစ်တဲ့ လီဝမ်ဒေါစကီးရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့ အတွက် အစောပိုင်း ကတည်းက စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပိုလန်သားကြီးက လာလီဂါ ထိပ်သီး ကလပ်နဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ဘာစီလိုနာ ကလည်း လက်ရှိ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ရောင်းထုတ်လိုနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဒီနွေရာသီမှာ ဂိုး အတွက် ယိုအန် ဂါစီယာ၊ ညာတောင်ပံ အတွက် ရွန်နီ ဘက်ဒ်ဂျီနဲ့ ဘယ်တောင်ပံ အတွက် မားကပ်စ် ရက်ရှ်ဖို့ဒ် (အငှား) တို့ကိုသာ ခေါ်ယူထားရပါသေးတယ်။ ဒါ့အပြင် ဘာစီလိုနာက ဂါစီယာနဲ့ ရက်ရှ်ဖို့ဒ်တို့ အတွက် အခုချိန်ထိလည်း လာလီဂါမှာ မှတ်ပုံမတင်ရသေးပါဘူး။ ဒီအခြေအနေမှာ အသင်းရဲ့ ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ ကိုယ်တိုင်က သူတို့ အသင်း အနေနဲ့ ဒီနွေမှာ ကစားသမားသစ် ထပ်မံ ခေါ်ယူဖွယ် မရှိတော့ကြောင်း ပြောကြားထားခဲ့ပါသေးတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် ဘာစီလိုနာဟာ ခက်ခဲတဲ့ ဘဏ္ဍာရေး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ် ဆိုတာ သိသာခဲ့ပါတယ်။ လာပေါ်တာ ကတော့ “မူအားဖြင့် ကစားသမားသစ် ထပ်မခေါ်တော့ပါဘူး။ ကျွန်တော် တို့မှာ ပြီးပြည့်စုံတဲ့ အသင်း တစ်သင်း ရှိနေပြီး နည်းပြ ကလည်း အရန် အသင်းက ကစားသမား ကိုပဲ ခေါ်ယူ အားဖြည့်ချင်ပါတယ်။ ကစားသမားကောင်းတွေ မဆုံးရှုံးအောင်တော့ ကျွန်တော်တို့ ကြိုးစားရမှာပါ။” ဆိုပြီး ပြောကြားထားပါတယ်။

ဒါ့အပြင် ဘာစီလိုနာဟာ ဒီနွေရာသီမှာ ငွေကြေးပိုင်း တောင့်တင်းနေခြင်း မရှိတာကြောင့် သူတို့ ခေါ်ယူချင်တဲ့ ကစားသမားတွေကို ဆုံးရှုံးခဲ့ရသလို အခု ဆိုရင် အသင်း အတွက် ပုံမှန် ဂိုးသွင်းပေးနေတဲ့ လီဝမ်ဒေါစကီး ကိုတောင် ကြိုက်ကြေးရရင် ရောင်းထုတ်ဖို့ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ရောဘတ် လီဝမ်ဒေါစကီး ကတော့ ဘာစီလိုနာမှာ ပျော်ရွှင်နေကြောင်း ပြောကြားထားခဲ့ပေမယ့် အသင်း ဘက်က ထိုက်တန်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင်တော့ လက်ခံ စဉ်းစားသွားဖို့ ရှိနေကြောင်း သိရပါတယ်။
လီဝမ်ဒေါစကီးဟာ အသက်အရွယ် အားဖြင့် ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီက ဘာစီလိုနာ အတွက် ၅၂ ပွဲ ကစားရာမှာ ၄၂ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ အသက်အရွယ်နဲ့ မလိုက်တဲ့ ဂိုးသွင်း မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရပြီး လက်ရှိအချိန်ထိလည်း သူ့ကို ခေါ်ယူဖို ဆော်ဒီပရိုလိဂ် ကလပ်တွေက အပြိုင်အဆိုင် စောင့်ကြည့်နေကြဆဲ ဖြစ်ကြောင်း သိရပါတယ်။
ဆော်ဒီပရိုလိဂ် ကတော့ ခရစ္စတီယာနို ရော်နယ်ဒို၊ ကာရင်မ် ဘန်ဇီမာ၊ ဖေမီနို တို့လို အသက်အရွယ် ကြီးပေမယ့် နာမည်ကျော်ကြားတဲ့ ကစားသမားတွေကို ခေါ်ယူလေ့ ရှိတဲ့ လိဂ် တစ်ခု ဖြစ်ပါတယ်။ လက်ရှိမှာ လီဝမ်ဒေါစကီးက ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ပြောင်းရွှေ့ကြေးလည်း နည်းပါးနိုင်တာကြောင့်လည်း ဆော်ဒီပရိုလိဂ် ကလပ်တွေအနေနဲ့ အလွယ်တကူ ခေါ်ယူနိုင်ဖွယ် ရှိကြောင်း စပိန် သတင်းတွေမှာ ဖော်ပြလျက် ရှိပါတယ်။
လက်ချ် ပို့ဇ်နန်မှာ ကစားသမားဘဝ စတင်ခဲ့တဲ့ လီဝမ်ဒေါစကီးဟာ ပိုလန် ကလပ် အတွက် ၇၅ ပွဲ ကစားပြီး ၃၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ဒေါ့မန်ကို ပြောင်းရွှေ့ခဲ့ပြီး ၁၈၇ ပွဲ ကစားကာ ၁၀၃ ဂိုး သွင်းယူခဲ့ပြီး ဘေယန်မြူးနစ် မှာတော့ ၃၇၅ ပွဲ ကစားပြီး ၃၄၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လာလီဂါ ကလပ် မှာတော့ လီဝမ်ဒေါစကီးက ၁၄၇ ပွဲ ကစားရာမှာ ၁၀၁ ဂိုး သွင်းယူထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.