နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လီဝမ်ဒေါစကီးရဲ့ နေရာမှာ ဟာလန်းနဲ့ အစားထိုးမယ့် ဘာစီလိုနာ၊ ၂၀၂၆ မှာ ရိုဒရီကို ခေါ်ယူမယ့် ရီးရဲလ်မက်ဒရစ် | လာလီဂါ

လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ နောက်ဆုံး ရရှိထားသမျှ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ အနာဂတ်မှာ ရောဘတ် လီဝမ်ဒေါစကီး နေရာမှာ အစားထိုးဖို့ အတွက် မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ စဉ်းစားထားကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ လာလီဂါ ချန်ပီယံ တို့ဟာ နယူးကာဆယ်က အလက်ဇန္တား အိဆက်ခ်နဲ့ အက်တလက်တီကိုမက်ဒရစ်က ဟူလီယန် အဲလ်ဗာရက်ဇ် တို့ကိုလည်း အရန် ပစ်မှတ်တွေ အဖြစ် သတ်မှတ်ထားပါတယ်။

တစ်ချိန်တည်းမှာပဲ မန်ချက်စတာစီးတီး ကွင်းလယ်လူ ရိုဒရီ ကတော့ ၂၀၂၆ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း ကနေ သိရှိရတာ အရ ဘယ်လွန်ဒေါဆုရှင်ဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာကြောင့် ရီးရဲလ်မက်ဒရစ် အကြီးအကဲတွေဟာ မကြာခင်မှာ ပြီးမြောက်နိုင်မယ့် အပြောင်းအရွှေ့ အဖြစ် ယုံကြည်နေကြပါတယ်။ လာလီဂါ ကလပ်ဟာ ရိုဒရီကို ကာလရှည်ကြာ ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ဗဟိုခံစစ် ကစားသမား မာကွင်ညော့စ် ကတော့ ချန်ပီယံလိဂ် ချန်ပီယံ ကလပ် ကနေ ပြောင်းရွှေ့ဖို့ စဉ်းစားနေကြောင်း TodoFichajes က ဖော်ပြပါတယ်။ ဘရာဇီးလ် ဝါရင် နောက်ခံလူကို ခေါ်ယူဖို့ ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က ယူရိုသန်း ၄၀ ဝန်းကျင် အသုံးပြုရဖို့ ရှိနေပါတယ်။ ဒီကစားသမားဟာ ခြေစွမ်းပြနေဆဲ ဖြစ်ပေမယ့် အသက်အရွယ် အရတော့ ယူရို သန်း ၄၀ ဝန်းကျင် ပေးချေဖို့ အတွက်တော့ ခေါ်ယူလိုတဲ့ ကလပ်တွေက တွန့်ဆုတ်နေကြပါတယ်။

လာလီဂါ ကလပ်ဟာ ရိုဒရီကို ကာလရှည်ကြာ ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ရိုဒရီကို ကာလရှည်ကြာ ပစ်မှတ် အဖြစ် စောင့်ကြည့်နေတဲ့ ရီးရဲလ်မက်ဒရစ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာ ကတော့ ဘာစီလိုနာဂိုးသမား မာ့ခ် အန်ဒရီ တာစတီဂျန်ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ SPORT က ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာကို ယိုအန် ဂါစီယာ ရောက်ရှိလာတော့မှာ ဖြစ်တာကြောင့် လက်ရှိမှာ ဂျာမန်သားရဲ့ အနာဂတ်က မရေရာမှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်ဘက်တစ် ကတော့ တောင်ပံ ကစားသမား အန်တိုနီကို အငှားစာချုပ်နဲ့ ခေါ်ယူရန် မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံဖို့ အဆင်သင့်ဖြစ်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာ အန်တိုနီကို အဲရစ်ခ် တန်ဟက်ဂ်ရဲ့ လေဗာကူဆင်က အမြဲတမ်း အပြောင်းအရွှေ့ အတွက် ရွေးချယ်ခွင့် ပါဝင်တဲ့ သဘောတူညီချက်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။ အန်တိုနီကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ကတော့ ယူရို သန်း ၄၀ ဝန်းကျင် ပေးချေရဖွယ်တော့ ရှိနေပါတယ်။

တော့တင်ဟမ်ဟော့စပါးသည် အသက် ၁၇ နှစ်အရွယ် ဘယ်နောက်ခံလူ ပေတန် မစ်လာကို ခေါ်ယူဖို့ အတွက် နယူးအင်္ဂလန် ရက်ဗလူးရှင်း အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ မစ်လာ ကိုတော့ စပါး အပြင် တခြားသော အင်္ဂလန် ကလပ်တွေ ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ကလပ် အမေရိက တောင်ပံကစားသမား ဘရိုင်ယန် ရိုဒရီဂွက်ဇ် ကတော့ အင်တာမိုင်ယာမီကို ပြောင်းရွှေ့ဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း Sport890 က အတည်ပြု ဖော်ပြခဲ့ပါတယ်။

ဒီကစားသမား ကတော့ လာလီဂါကို ပြောင်းရွှေ့ချင်ပေမယ့်လည်း လီယွန်နယ် မက်ဆီ၊ လူးဝစ္စ ဆွာရက်ဇ် တို့နဲ့ အတူ တွဲကစားရမယ့် အခြေအနေကို ပိုပြီး လိုလားနေကြောင်းလည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်