နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခရစ္စတယ်ပဲလေ့စ် ညာနောက်ခံလူကို ကမ်းလှမ်းထားတဲ့ ဘာစီလိုနာ၊ ယာမယ်ရဲ့ လုပ်ရပ် အပေါ် ဒေါသထွက်နေတဲ့ ဟန်ဆီ ဖလစ်ခ် | လာလီဂါ

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၃၀ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ ခရစ္စတယ်ပဲလေ့စ် ညာနောက်ခံလူ မူနော့ဇ်ကို ပေါင် ၂၆.၂ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။

စီးရီးအေ ချန်ပီယံ နာပိုလီ ကတော့ အာဖရိကဖလား ပြိုင်ပွဲဆီ သွားရောက် ကစားရမယ့် အန်ဒရေ ဖရန့်ခ် ဇမ်ဘို အန်ဂစ်ဆာကို လက်လွှတ်ထားရဖို့ ရှိနေပါတယ်။ ဒါ့အပြင် နေပဲလ် ကလပ်က ကီဗင် ဒီဘရွန်းနား ကိုလည်း လက်လွှတ်ထားရမှာ ဖြစ်တာကြောင့် မန်ချက်စတာယူနိုက်တက် ကွင်းလယ် ကစားသမား ကိုဘီ မိန်းနူးကို ကမ်းလှမ်းဖို့ ရှိနေကြောင်း သိရပါတယ်။ 

လစ်ဗာပူးလ် ကတော့ တော့တင်ဟမ်ဟော့စပါးရဲ့ ဗဟိုနောက်ခံလူ မစ်ကီ ဗန်ဒီဗန်ကို စိတ်ဝင်စားနေပြီး ပေါင် ၈၈ သန်း (ဒေါ်လာ ၁၁၆.၄ သန်း) အထိ ကုန်ကျနိုင်ပါတယ်။ ဗန်ဒီဗန် ကိုတော့ ရီးရဲလ်မက်ဒရစ် ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့ ကတော့ ဗင်နီးစီးယပ်စ် ဂျူနီယာကို စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ ပါဝင်လာခဲ့ကြောင်း သိရပါတယ်။ အကယ်၍ ဗင်နီးစီးယပ်စ် ထွက်ခွာသွားမယ် ဆိုရင် ရီးရဲလ်မက်ဒရစ်က မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို အစားထိုး ခေါ်ယူသွားမှာ ဖြစ်ကြောင်း SPORTက ဖော်ပြပါတယ်။

ဟန်ဆီ ဖလစ်ခ် ကတော့ တနင်္ဂနွေနေ့က ဘာနေဗျူးမှာ ရှုံးနိမ့်ခဲ့တဲ့ အဲလ်ကလက်ဆီကို ပွဲမတိုင်ခင် ရီးရဲလ်မက်ဒရစ်ကို လေတိုက်ခဲ့တဲ့ လာမင်း ယာမယ်ရဲ့ လုပ်ရပ် အပေါ် ဒေါသထွက်နေတယ်လို့ သိရပါတယ်။ တင်းမာမှုတွေ များခဲ့တဲ့ အဲဒီ လာလီဂါ ပွဲစဉ် မှာတော့ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

တင်းမာမှုတွေ များခဲ့တဲ့ အဲဒီ လာလီဂါ ပွဲစဉ် မှာတော့ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။
ယာမယ်ရဲ့ မရင့်ကျက်တဲ့ လုပ်ရပ် အတွက် ဒေါသထွက်နေတဲ့ ဟန်ဆီ ဖလစ်ခ်

ဗစ်တာ အိုဆင်မ်ဟန် ကတော့ ဘာစီလိုနာမှာ ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးမယ့်သူ အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ ဟန်ဆီ ဖလစ်ခ် ကတော့ ဂါလာတာဆာရေး ကြယ်ပွင့်နဲ့ အတူ ဂျူဗင်တပ်စ် ပါရမီရှင် ကီနန် ယီလ်ဒစ်ဇ် ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 

အာနေး ဆလော့တ် လက်အောက် အသင်းရဲ့ ပုံစံအနေအထား မတည်မငြိမ် ဖြစ်နေမှုကို လစ်ဗာပူးလ် တာဝန်ရှိသူတွေ အလွန်အမင်း စိုးရိမ်နေပြီး နည်းပြ ကလော့ပ်ကို ပြန်လည် ချိတ်ဆက်လိုသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ် ကတော့ အက်တလက်တီကိုမက်ဒရစ် ညာနောက်ခံလူ မိုလီနာကို စိတ်ဝင်စားနေပေမယ့် ချဲလ်ဆီးက မာလို ဂူစတို ကိုလည်း အဓိက ပစ်မှတ် အဖြစ် သက်မှတ်ထားပါတယ်။ 

မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေဟာ ဘရိုက်တန် ကွင်းလယ်လူ ကားလို့စ် ဘယ်လီဘာ့ အတွက် သက်မှတ်ထားတဲ့ ပေါင် သန်း ၁၀၀ ကို ပေးချေဖို လုံးဝ ဆန္ဒမရှိတော့ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ နောက်တန်း ပစ်မှတ် စာရင်းထဲ မှာတော့ မာ့ခ် ဂူဟီ၊ ဒါယော့တ် အူပါမီကာနိုနဲ့ ကိုနာတေးတို့ ၃ ဦးသာ ပါဝင်နေကြောင်း သိရပါတယ်။ 

ဘာစီလိုနာ ကတော့ အငှားခေါ်ယူထားတဲ့ ရက်ရှ်ဖိုဒ်ကို အပြီးသတ် ခေါ်ယူမှာ ဖြစ်သလို မာဆေးလ်က ဂရင်းဝုဒ် ကိုလည်း ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ ရက်ရှ်ဖို့ဒ် ကိုယ်တိုင် ကလည်း ယူနိုက်တက်ကို ပြန်သွားလိုခြင်း မရှိပဲ ဘာစီလိုနာမှာသာ ဆက်ကစားလိုကြောင်း ပြောကြားထားပါတယ်။

မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေဟာ ရောဘတ် လီဝမ်ဒေါစကီးရဲ့ လုပ်ခ လစာကြောင့် ခေါ်ယူဖို့ နောက်ဆုတ်လိုက်ကြောင်း သိရပါတယ်။ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် တစ်ဦး ဖြစ်တဲ့ ဆာဂျင်မ် ရက်ကလစ်ဖ် ကတော့ အမော်ရင်ရဲ့ ပိုလန်သားကြီးကို ခေါ်ယူမယ့် အစီအစဉ်ကို တားမြစ်ခဲ့ကြောင်း သတင်းတွေ ထွက်လာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်