နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိဆက်ခ်ကို လီဝမ်ဒေါစကီး နေရာမှာ အစားထိုးဖို့ စဉ်းစားနေပြန်တဲ့ ဘာစီလိုနာ၊ အန်းဒရစ်ခ်ကို ပီအက်စ်ဂျီထံ အငှားနဲ့ စေလွှတ်မှာ မဟုတ်တဲ့ ရီးရဲလ် | လာလီဂါ

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၁၅ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အလက်ဇန္တား အိဆက်ခ် ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ကမှ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့် နွေရာသီမှာတော့ လာလီဂါ ကလပ် ဘာစီလိုနာက ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ စဉ်းစားသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

တူရကီ ကလပ် ဖီနာဘာချီ ကတော့ လာမယ့် နွေရာသီမှာ ဘာစီလိုနာနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် ရောဘတ် လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ စဉ်စားနေကြောင်း Fanatik က ဖော်ပြပါတယ်။

ဇာဘီ အလွန်ဆို ကတော့ လာမယ့် နွေရာသီမှာ အန်ဇို ဖာနန်ဒက်ဇ်ကို အသင်းဆီ အရေ ခေါ်ယူဖို့ အတွက် တွန်းအားပေးနေကြောင်း သိရပါတယ်။ ချဲလ်ဆီး ကတော့ သီအိုရီအရ အာဂျင်တီးနား ကွင်းလယ် ကစားသမားကို ပေါင် သန်း ၁၀၀ နဲ့ ထွက်ခွာခွင့်ပြုဖို့ ဆန္ဒရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ အန်းဒရစ်ခ်ကို လာမယ့် ဇန်နဝါရီမှာ ပီအက်စ်ဂျီထံ အငှားနဲ့ စေလွှတ်မယ့် အလားအလာကို လေးနက်စွာ ငြင်းဆိုလိုက်ကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ကြီးနေတဲ့ အန်းဒရစ်ခ်

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ အန်းဒရစ်ခ်ကို လာမယ့် ဇန်နဝါရီမှာ ပီအက်စ်ဂျီထံ အငှားနဲ့ စေလွှတ်မယ့် အလားအလာကို လေးနက်စွာ ငြင်းဆိုလိုက်ကြောင်း သိရပါတယ်။

လာမယ့် ဒီဇင်ဘာမှာ ဆန်းတို့စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဘရာဇီးလ် တိုက်စစ် ကစားသမား နေမာဟာ ဥရောပမှာ ပြန်လည် ကစားခွင့်ရဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် နေမာဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို ဆန်းတို့စ်မှာ စတင်ခဲ့သူ ဖြစ်ပေမယ့် ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ တို့မှာ ယှဉ်ပြိုင် ကစားပြီး ဥရောပမှာ အများဆုံး ကျင်လည်ခဲ့တာပါ။ နေမာဟာ ၂၀၂၅ ဇန်နဝါရီမှာမှ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာနဲ့ လမ်းခွဲကာ ငယ်ဘဝ ကလပ်ဟောင်း ဆန်းတို့စ်ကို ပြန်လည် ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ နေမာရဲ့ လက်ရှိစာချုပ်ဟာ ဒီဇင်ဘာ ၃၁ မှာ အဆုံးသတ်မှာပါ။

နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘရာဇီးလ်နဲ့ အတူ ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိဖို့ အတွက် ဥရောပမှာ ပြန်လည် ခြေစွမ်းပြနိုင်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပြီး စီးရီးအေ ကလပ် နာပိုလီနဲ့ အင်တာမီလန် အသင်းတွေကို ချဉ်းကပ်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ အဲဒီအသင်းတွေက ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက နေမာကို ခေါ်ယူဖို့ ငြင်းဆန်ခဲ့ကြပေမယ့် နေမာရဲ့ အေးဂျင့် ဇဟာဗီနဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ အသင်းတွေ ဖြစ်တာကြောင့် လာမယ့် ဇန်နဝါရီမှာ သဘောထား ပြောင်းလဲဖွယ် ရှိနိုင်ကြောင်း သုံးသပ်နေကြပါတယ်။

အင်တာမိုင်ယာမီရဲ့ အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီက လာမယ့် ဒီဇင်ဘာလမှာ ကလပ် အသင်း ၈ သင်း ပါဝင်တဲ့ မက်ဆီဖလား ပြိုင်ပွဲ ကျင်းပသွားမယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။ ဒီပြိုင်ပွဲကို လူငယ်တွေ အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်တာကြောင့် အသက် ၁၆ နှစ်အောက် ယူ-၁၆ ပြိုင်ပွဲ အဖြစ် သတ်မှတ်ထားပြီး ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတွေက အင်တာမိုင်ယာမီ၊ ဘာစီလိုနာ၊ ရေးဗားပလိတ်၊ ချဲလ်ဆီး၊ အင်တာမီလန်၊ အက်တလက်တီကိုမက်ဒရစ်၊ နယူးဝဲလ်အိုးဘွိုင်းစ်နဲ့ မန်စီးတီးတို့ ဖြစ်ကြောင်း သိရပါတယ်။ ဒီ ၈ သင်းကို ၄ သင်း နှစ်အုပ်စု ခွဲကာ ပတ်လည် စနစ်နဲ့ ယှဉ်ပြိုင်စေမှာ ဖြစ်ကြောင်းနဲ့ အုပ်စု အဆင့် ကနေ ဗိုလ်လုပွဲ အထိ စုစုပေါင်း ၁၈ ပွဲ ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒီပြိုင်ပွဲကို မက်ဆီရဲ့ ကုမ္ပဏီဖြစ်တဲ့ 525 Rosario က ကြီးမှူးကျင်းပသွားမှာ ဖြစ်ပြီး ပြိုင်ပွဲ ကာလက ၂၀၂၅ ဒီဇင်ဘာ ၉ ကနေ ၁၄ အထိ သတ်မှတ်ထားပါတယ်။ ပြိုင်ပွဲ ကျင်းပမယ့် နေရာ ကတော့ အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့မှာ ဖြစ်ပါတယ်။ “လာမယ့် ဒီဇင်ဘာမှာ အရမ်းကို ထူးခြားတဲ့ လူငယ်ဘောလုံးပြိုင်ပွဲ တစ်ခုကို မိုင်ယာမီမှာ ကျင်းပသွားမှာ ဖြစ်ကြောင်းနဲ့ ကမ္ဘာတစ်ဝှမ်းက ထိပ်သီး ကလပ် တချို့ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ကြောင်း ရင်ဖိုစွာ မျှဝေလိုက်ပါတယ်။” လို့ မက်ဆီက Instagram မှာ ရေးသားခဲ့ပါတယ်။

အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ လက်ရှိအချိန်မှာ အကောင်းဆုံး ပုံစံ ရရှိနေတယ်လို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ ဒီရာသီမှာ ကလပ်နဲ့ လက်ရွေးစင် အသင်း အတွက် ပြိုင်ပွဲစုံ ၁၃ ပွဲ ယှဉ်ပြိုင်ကစားရာမှာ ၂၁ ဂိုး အထိ သွင်းယူကာ ခြေစွမ်းပြနေတာကြောင့် အခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ လတ်ဗီးယားကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပြီးနောက် ဟယ်ရီကိန်းက “ကွင်းထဲမှာ အကောင်းဆုံးပုံစံ ရနေတယ်လို့ ခံစားရပါတယ်။ ကြံ့ခိုင်မှု ကလည်း ကောင်းမွန်နေတာကြောင့် ကောင်းမွန်တဲ့ အခိုက်အတန့်ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ဘေယန်မြူးနစ်မှာ ယှဉ်ပြိုင်ကစားနေစဉ် ကာလအတွင်း အင်္ဂလန် အတွက် သွင်းယူနိုင်တဲ့ ဂိုး ၁၈ ဂိုး အထိ ရှိသွားပြီ ဖြစ်တာကြောင့် ဂယ်ရီ လိုင်နီကာရဲ့ စံချိန် ကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။ ဂယ်ရီ လိုင်နီကာက ၁၉၈၆ ကနေ ၁၉၈၉ ခုနှစ် အတွင်း ဘာစီလိုနာမှာ သွားရောက် ကစားစဉ် အင်္ဂလန် အတွက် ၁၇ ဂိုး သွင်းယူပြီး အင်္ဂလန် ပြင်ပကလပ်မှာ ကစားရင်း အင်္ဂလန် အတွက် ဂိုးအများဆုံး သွင်းယူနိုင်သူ အဖြစ် စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်