လာလီဂါ ထိပ်သီး ကလပ် အက်တလက်တီကိုမက်ဒရစ် ကတော့ မန်ချက်စတာယူနိုက်တက် တောင်ပံ ကစားသမား အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းက လက်ရှိမှာ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းဖို့ ကစားသမားသစ် ရှာဖွေနေပြီးတော့ အန်တိုနီကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်လာခဲ့တာ ဖြစ်ပါတယ်။
အက်တလက်တီကိုမက်ဒရစ်ဟာ အစောပိုင်းကလည်း ယူနိုက်တက် ကစားသမားဟောင်း ဖြစ်တဲ့ မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ လာလီဂါ ကလပ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ အဲလက်စ် ဘေနာ၊ မက်တေးယို ရူဂါရီ၊ သီယာဂို အဲလ်မာဒါနဲ့ ဂျွန်နီ ကာဒိုဆို တို့ကို ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဒရစ် ကလပ်က အပြောင်းအရွှေ့ ဈေးကွက် မပိတ်သိမ်းခင်မှာ နောက်ထပ် ကစားသမား အနည်းငယ်ကို ထပ်မံ ခေါ်ယူဖို့ စီစဉ်နေဆဲ ဖြစ်ပါတယ်။
သတင်းတွေအရ တီကိုက ဗဟိုနောက်ခံလူ တစ်ဦးနဲ့ တောင်ပံ ကစားသမား တစ်ဦး ထပ်မံ ခေါ်ယူ အားဖြည့်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ အတ္တလန္တာက အဒမ်မိုလာ လွတ်ခ်မန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမယ့် ကစားသမားက အင်တာမီလန်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီး ဖြစ်တာကြောင့် လက်လျှော့ခဲ့ပြီလည်း ဖြစ်ပါတယ်။ လာလီဂါ ကလပ်ဟာ လက်ရှိမှာ တောင်ပံ ကစားသမား တော်တော်များများကို ပစ်မှတ်ထား စောင့်ကြည့်နေပြီး ဂရင်းဝုဒ်၊ အန်တိုနီ တို့နဲ့ ဆက်တိုက် သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

အက်တလက်တီကိုမက်ဒရစ် အနေနဲ့ ဂရင်းဝုဒ်ကို ခေါ်ယူမယ် ဆိုရင် သေချာပေါက် အန်တိုနီထက် ပိုများတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အန်တိုနီက တီကို အတွက် အဓိက ပစ်မှတ် ဖြစ်လာပြီး အမှန်တကယ် ကမ်းလှမ်းမှု ပြုလုပ်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ အန်တိုနီဟာ ယူနိုက်တက်မှာ အနာဂတ် လုံးဝ မရှိတော့သလို ဒီနွေရာသီမှာ ကျိန်းသေပေါက် ထွက်ခွာမယ့်သူ ဖြစ်ပါတယ်။
အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီဝက်ကို ရီးရဲလ်ဘက်တစ်မှာ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး ၉ ဂိုး သွင်း ၅ ဂိုး ဖန်တီးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်က အန်တိုနီရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၃၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဘက်တစ် ကတော့ အန်တိုနီကို အပြီးသတ် ခေါ်ယူချင်နေပေမယ့် ယူနိုက်တက် လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ခက်ခဲနေတာကြောင့် အငှားနဲ့ ထပ်မံ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ ယူနိုက်တက် လိုချင်နေတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ဖွယ် ရှိနေပြီး အသင်း ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ဆန်မြူရယ် လီနို ဆီက ရတဲ့ ပြောင်းရွှေ့ကြေးကို အန်တိုနီကို ခေါ်ယူဖို့ အတွက် ပြန်လည် အသုံးချသွားဖွယ် ရှိနေပါတယ်။
လက်ရှိ လာလီဂါ ကလပ်ရဲ့ ညာတောင်ပံ နေရာအတွက် ပစ်မှတ် စာရင်းထဲ မှာတော့ ဂူလီယာနို ဆီမြွန်နီ တစ်ဦးသာ ရှိနေပါတယ်။ ဂရင်းဝုဒ်ကို ပစ်မှတ်ထားနေတယ် ဆိုပေမယ့် အပေါ်မှာ ပြောခဲ့သလိုပဲ ပြောင်းရွှေ့ကြေးက မြင့်မားနိုင်တာကြောင့် အန်တိုနီ ကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်ပါတယ်။ အကယ်၍ အန်တိုနီသာ ဘက်တစ်မှာ ပြသနိုင်ခဲ့တဲ့ ခြေစွမ်းကို ဆက်လက် ထိန်းသိမ်းထားနိုင်မယ် ဆိုရင် အက်တလက်တီကိုမက်ဒရစ်ရဲ့ အရေးပါတဲ့ ကစားသမားတောင် ဖြစ်သွားနိုင်ခြေ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.