နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုဒရီဂိုကို ယူရို သန်း ၇၀ နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေတဲ့ အာဆင်နယ်၊ အဓိက ကစားသမားတွေ ရောင်းထုတ်ရဖို့ ရှိနေတဲ့ ဘာစီလိုနာ | လာလီဂါ

လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ နောက်ဆုံး ရရှိထားသမျှ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ရိုဒရီဂိုကို ယူရို သန်း ၇၀ (ပေါင် ၅၉ သန်း) နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ ရိုဒရီဂို ကသာ အပြောင်းအရွှေ့ အတွက် အထူးတလည် တောင်းဆိုရင်တော့ ကမ်းလှမ်းမှုတွေကို နားထောင်ပေးသွားမယ်လို့ သိရပါတယ်။

ရိုဒရီဂို အနေနဲ့ ကတော့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့ အတွက် ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဇာဘီ အလွန်ဆိုနဲ့ တွေ့ဆုံဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဘရာဇီးလ်သား ကတော့ ဗင်နီးစီးယပ်စ် ကစားနေတဲ့ အသင်းရဲ့ တိုက်စစ် ဘယ်ခြမ်း နေရာ အတွက် တောင်းဆိုသွားဖွယ် ရှိနေပြီး အကယ်၍သာ ပွဲထွက်ခွင့်ရဖို့ မသေချာဘူး ဆိုရင်တော့ မက်ဒရစ်ကို စွန့််ခွာဖွယ် ရှိနေပါတယ်။

RAC1 ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ ကတော့ လာလီဂါရဲ့ ၁:၁ ဘဏ္ဍာရေး စည်းမျဉ်းတွေ အောက်မှာ လည်ပတ်ခြင်း မရှိကြောင်း သိရပါတယ်။ သူတို့ အနေနဲ့ ကစားသမား အသစ် ခေါ်ယူဖို့ အတွက် ဒီနွေရာသီမှာ သိသာ ထင်ရှားတဲ့ ကစားသမားတွေ ရောင်းထုတ်ရဖို့တော့ ရှိနေပါတယ်။

RAC1 ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ ကတော့ လာလီဂါရဲ့ ၁:၁ ဘဏ္ဍာရေး စည်းမျဉ်းတွေ အောက်မှာ လည်ပတ်ခြင်း မရှိကြောင်း သိရပါတယ်။
ဒီနွေမှာ ထိပ်တန်း ကစားသမားတွေ ရောင်းထုတ်ရဖို့ ရှိနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာ ဗဟိုနောက်ခံလူ ရော်နယ် အာရူဟို ကတော့ မထင်မှတ်ပဲ ကတ်တာလန် ကလပ်ကို စွန့်ခွာသွားနိုင်ကြောင်း စပိန်က လာတဲ့ သတင်းတွေအရ သိရပါတယ်။ ဂျူဗင်တပ်စ် ကတော့ ဥရုဂွေး နောက်ခံလူကို ယူရို သန်း ၄၀ နဲ့ ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေတယ်လို့ El Nacional က ဖော်ပြပါတယ်။ ဘာစီလိုနာ ကတော့ သူတို့ရဲ့ နောက်ခံလူ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ အလိုရှိနေကြောင်း သိရပါတယ်။

ဘာစီလိုနာ ကတော့ အသက် ၁၆ နှစ် အရွယ် ဒိုင်နမို တောင်ပံ ကစားသမား ကာဒိုဆို ဗာရယ်လာကို ခေါ်ယူဖို့ အတွက် ယူရို ၁၀ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တယ်လို့ Sportske novosti က ဖော်ပြခဲ့ပါတယ်။ ဒီလူငယ် တိုက်စစ်မှူး ကတော့ သူ့ရဲ့ လက်ရှိ ကလပ်မှာ အနည်းဆုံး တစ်ရာသီ ဆက်ရှိနေမှာ ဖြစ်ပြီး အပြောင်းအရွှေ့ ကိုတော့ ၂၀၂၇ ခုနှစ် အထိ ရွှေ့ဆိုင်းထားနိုင်ကြောင်း သိရပါတယ်။ 

Marca ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဒေါ့မန် လူငယ် ကြယ်ပွင့် ဒီယေဂို အဂွါဒိုကို ခေါ်ယူဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အသက် ၁၈ နှစ် အရွယ် ဗဟိုခံစစ် ကစားသမားကို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် ခေါ်ယူသွားချင်နေတာ ဖြစ်ပြီးတော့ ဒေါ့မန် ဘက်တော့ သူတို့ရဲ့ ကစားသမား အတွက် ယူရို ၆ သန်း အလိုရှိနေကြောင်း သိရပါတယ်။

amNewYork ရဲ့ ဖော်ပြချက်အရ လက်စတာစီးတီး တိုက်စစ်မှူးဟောင်း ဂျေမီ ဗာဒီ ကတော့ နယူးယောက် ရက်ဘူးလ်စ် အတွက် ပစ်မှတ် မဟုတ်ကြောင်း သိရပါတယ်။

နယ်သာလန် ကလပ် ပီအက်စ်ဗွီ အင့်ဟိုဗင် ကတော့ ချားလော့တ် အက်ဖ်စီရဲ့ ဗဟိုနောက်ခံလူ အက်ဒီလ်ဆင် မာလန်ဒါကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်ည်း အသက် ၂၃ နှစ် အရွယ် ကစားသမားကို ပီအက်စ်ဂျီက လက်ရှိမှာ အရန် ပစ်မှတ် အဖြစ်သာ ရှုမြင်ထားကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်