နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်မှာ အရမ်းခက်ခဲခဲ့ကြောင်း မျက်ရည်တွေနဲ့ ဖွင့်ဟခဲ့တဲ့ အန်တိုနီ | လာလီဂါ

ဘရာဇီးလ် တောင်ပံ ကစားသမား အန်တိုနီ ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာပဲ မန်ချက်စတာယူနိုက်တက် ကနေ ရီးရဲလ်ဘက်တစ်ကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ လာလီဂါ ကလပ်ဟာ အန်တိုနီကို ယူရို ၂၅ သန်း + ပြန်လည် ရောင်းချခြင်း ကနေ အကျိုးခံစားခွင့် ၅၀ ရာခိုင်နှုန်း တို့နဲ့ အပြီးသတ် ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ခေါ်ယူအပြီးမှာ လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ်ဟာ အန်တိုနီ အတွက် နံပါတ် ၇ နဲ့ GOAT ဆိုတဲ့ လိုဂို ဒီဇိုင်းကို သူတို့ရဲ့ လူမှုကွန်ယက်မှာပါ တင်ပြီး ဂုဏ်ပြုခဲ့ပါသေးတယ်။ ဒီလို ရီးရဲလ်ဘက်တစ် ကစားသမားသစ် ဖြစ်လာတဲ့ အန်တိုနီက ယူနိုက်တက် သူ့ အနေနဲ့ ဘယ်လောက် အထိ ခက်ခဲခဲ့သလဲ ဆိုတာကို မျက်ရည်တွေနဲ့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

ဘက်တစ်နဲ့ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အန်တိုနီက “အဲဒီမှာ ဘယ်လောက် အထိ ခက်ခဲခဲ့တယ် ဆိုတာ ကျွန်တော့်ရဲ့ မိသားစုတွေပဲ သိကြပါတယ်။ လေ့ကျင့်မှုကို သီးသန့် လုပ်ခဲ့ရပါတယ်။ အခုလို အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ အရမ်းခက်ခဲခဲ့ပြီး ဖြစ်မလာမှာကို ကျွန်တော် စိုးရိမ်ခဲ့မိပါတယ်။ အခုတော့ ကျွန်တော် ဒီကို ရောက်လာပါပြီ။ ဘက်တစ် ဂျာစီကို နောက်တစ်ကြိမ် ဝတ်ဆင်ဖို့ မစောင့်နိုင်အောင် ဖြစ်နေပါပြီ။”

“မန်ချက်စတာမှာ ဖြစ်ပျက်ခဲ့တာတွေ၊ ဘယ်လောက် အထိ ခက်ခဲလဲ ဆိုတာကို ကျွန်တော် တစ်ယောက်တည်းပဲ သိပါတယ်။ ဝမ်းနည်းခဲ့ရပါတယ်။ သီးသန့် လေ့ကျင့်မှုတွေ လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒါက ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ဒီလို အခိုက်အတန့်တွေကို ကျွန်တော် သိပါတယ်။ အဲဒါက အတိတ်မှာပဲ ရှိခဲ့တာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဘရာဇီးလ် တောင်ပံ ကစားသမားဟာ လာလီဂါ ကလပ်နဲ့ အပြောင်းအရွှေ့ အတွက် နောက်ဆုံး လက်မှတ် ရေးထိုးပြီးချိန် မှာတော့ သူ့ အနေနဲ့ သက်သာရာရခဲ့ကြောင်းကို သူ့ရဲ့ မိသားစုကို ပြောကြားခဲ့ပါတယ်။ အန်တိုနီက ဘက်တစ်ပဲ ဖြစ်ခဲ့သလို ဘက်တစ်ပဲ ဖြစ်လာမှာ ဖြစ်ကြောင်း တခြား ရွေးချယ်စရာ မရှိခဲ့ကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။

ဘရာဇီးလ် တောင်ပံ ကစားသမားဟာ လာလီဂါ ကလပ်နဲ့ အပြောင်းအရွှေ့ အတွက် နောက်ဆုံး လက်မှတ် ရေးထိုးပြီးချိန် မှာတော့ သူ့ အနေနဲ့ သက်သာရာရခဲ့ကြောင်းကို သူ့ရဲ့ မိသားစုကို ပြောကြားခဲ့ပါတယ်။
အန်တိုနီကို ခေါ်ယူနိုင်ဖို့ နွေရာသီ တလျှောက်လုံး ကြိုးပမ်းခဲ့တဲ့ အန်တိုနီ

အန်တိုနီဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ အေဂျက်စ် ကနေ မန်ချက်စတာယူနိုက်တက်ကို ယူရို ၉၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် အသင်းမှာ ခြေစွမ်းပြနိုင်ခြင်း မရှိတာကြောင့် အပိုဆုကြေး အပါအဝင် ယူရို ၂၅ သန်းနဲ့ ပြန်လည် ရောင်းထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အန်တိုနီဟာ ပရီးမီးယားလိဂ် ကလပ်မှာ ၃ ရာသီ အတွင်း ၉၆ ပွဲ ကစားကာ ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘက်တစ်ဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ဘက်တစ် မှာတော့ ၂၆ ပွဲ ကစားရာမှာ ၉ ဂိုး သွင်း၊ ၅ ဂိုး ဖန်တီးပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လာလီဂါ ကလပ်က အငှားနဲ့ ထပ်မံ ခေါ်ချင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ယူနိုက်တက် ကတော့ သူ့ကို အခွင့်အရေး ပြန်မပေးတော့ဘဲ ရာသီကြိုကာလမှာ သီးခြားသာ လေ့ကျင့်စေခဲ့ကြောင်းလည်း သိရပါတယ်။ ဒါကြောင့် အန်တိုနီက ဘက်တစ်ကို အပြီးသတ် ပြောင်းရွှေ့ဖို ကြိုးပမ်းခဲ့တာ ဖြစ်ပြီး အပြောင်းအရွှေ့ နောက်ဆုံးနေ့ ရောက်မှ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့ နောက်ဆုံး ရက်မှာ အသင်းမှာ အနာဂတ် မရှိတော့တဲ့ အန်တိုနီ အပြင် ရက်စ်မက်စ် ဟွိုက်ဂျ်လန်း၊ ဟယ်ရီ အားမက်စ်၊ ဂျေဒန် ဆန်ချို တို့ကို ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ဒီလို ရှင်းထုတ်နိုင်ခဲ့တာကြောင့် ယူနိုက်တက် အနေနဲ့ ဝင်ငွေ၊ ထွက်ငွေကို အနည်းငယ် ပြန်ကာနိုင်ခဲ့သလို လုပ်ခလစာ ပေးချေရမှု ကိုလည်း အတိုင်းအတာ တစ်ခု အထိ လျှော့ချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်