ရီးရဲလ်မက်ဒရစ် ကတော့ ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၃၆ မှာ မာယော့ကာကို ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ ကာလို အန်ဆယ်လော့တီရဲ့ အသင်းက မော့ကာကို ၂-၁ ရလဒ်နဲ့ ကပ်ပြီး နိုင်ခဲ့ပေမယ့် တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၃၉ ကြိမ် အထိ ရှိခဲ့ပြီး ထက်မြတ်တဲ့ တိုက်စစ်ကို ပြသနိုင်ခဲ့ပါတယ်။
မာယော့ကာဟာ ပွဲအစ ၁၁ မိနစ် မှာတင်ပဲ ဗဲလ်ဂျန့်ရဲ့ ဂိုးနဲ့ ရီးရဲလ်မက်ဒရစ်ကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အမ်ဘာပေးရဲ့ ချေပဂိုးနဲ့ နာကျင် အချိန်ပို ၅ မိနစ်မှာ နောက်ခံလူ ရာမွန်ရဲ့ အနိုင်ဂိုးတွေကြောင့် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ အကယ်၍ ဒီပွဲမှာသာ ရီးရဲလ်မက်ဒရစ်နဲ့ သရေ သို့မဟုတ် ရှုံးနိမ့်ခဲ့မယ် ဆိုရင် ဘာစီလိုနာဟာ ရာသီမကုန်ခင်မှာပဲ လာလီဂါ ချန်ပီယံ ဖြစ်သွားမှာပါ။ အခုတော့ ဘာစီလိုနာ အနေနဲ့ လာလီဂါ ချန်ပီယံဆုကို ရယူဖို့ အတွက် အနည်းဆုံး ၂၄ နာရီ စောင့်ဆိုင်းရတော့မှာလည်း ဖြစ်ပါတယ်။
တကယ်တော့ ရီးရဲလ်မက်ဒရစ်ဟာ ဒီနေ့ပွဲမှာ ဗင်နီးစီးယပ်စ်၊ ရိုဒရီဂို၊ ကာမာဗင်ဂါ၊ ချူအာမန်နီ၊ အလာဘာ၊ ရူဒီဂါ၊ ဗက်ဇ်ကွက်ဇ်၊ မီလီတာအို တို့ အပါအဝင် ကစားသမား ၁၂ ဦး အထိ ဒဏ်ရာကြောင့် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အန်ဆယ်လော့တီ ကတော့ ရာသီအကုန်မှာ ဘရာဇီးလ် နည်းပြ ရာထူးကို လက်ခံရယူဖို့ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာမှာ ဖြစ်ကြောင်း အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီက ဒီပွဲမှာ သူ့ရဲ့ အသင်းသားတွေ ပြသခဲ့သော အာရုံစူးစိုက်မှု အပေါ် ဝမ်းမြောက် ဝမ်းသာ ဖြစ်ခဲ့သလို ပွဲအပြီးမှာ အသင်းရဲ့ ခြေစွမ်းနဲ့ ပတ်သတ်လို့လည်း ချီးကျူးသွားခဲ့ပါတယ်။ အန်ဆယ်လော့တီက ဒီပွဲရဲ့ စွမ်းဆောင်ရည် အတိုင်းသာ ကစားခဲ့ရင် ရီးရဲလ်မက်ဒရစ် အနေနဲ့ လာလီဂါ ချန်ပီယံ ဖြစ်ဖို့ လက်တွေ့ကျတဲ့ အခွင့်အရေး ရှိခဲ့မယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲ စွမ်းဆောင်ရည်ကြောင့် မက်ဒရစ်ကို နှုတ်ဆက်ရတာ နောင်တရသလားလို့ Movistar ရဲ့ မေးမြန်းမှုကို အန်ဆယ်လော့တီက “ဟုတ်တယ်၊ ကျွန်တော်တို့ ဒီနေ့မှာ ထူးထူးခြားခြား အားထုတ်မှုတွေနဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနေ့လိုမျိုး ပွဲတွေ အများကြီးမှာ ကစားနိုင်ခဲ့မယ် ဆိုရင် ဒီရာသီက ပိုကောင်းခဲ့မှာပါ။ ကစားသမား ၁၂ ယောက် အထိ ဒဏ်ရာရထားပေမယ့် ကျွန်တော်တို့ အရှုံးမပေးပဲ ကစားနိုင်ခဲ့ပါတယ်။ ဒါက အရမ်းရှားပါတယ်။ ဒီပြဿနာကို တစ်သင်းလုံးက အကောင်းဆုံး ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဂိုးပေါက် ကန်ချက် အကြိမ် ၄၀ အထိ ပြုလုပ်နိုင်ခဲ့တဲ့ အသင်း တစ်သင်းကို ကျွန်တော် တစ်ခါမှ မတွေ့ဖူးပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် အနေနဲ့ လာလီဂါ လက်ကျန် ပွဲစဉ် ၂ ပွဲသာ ကစားဖို့ ကျန်ရှိတော့ချိန်မှာ ရမှတ် ၇၈ မှတ်နဲ့ ဘာစီလိုနာကို ၄ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ အနေနဲ့ ဒီကနေ့ညမှာ အက်စ်ပန်ညိုကို အနိုင်ရရှိခဲ့မယ် ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်ရဲ့ လာလီဂါ ချန်ပီယံ အိမ်မက် ခပ်ရေးရေးက လုံးဝ ပျက်ပြယ်သွားတော့မှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ အသင်း အတွက် ဆုဖလား အောင်မြင်မှု အများဆုံး ရယူပေးခဲ့တဲ့ ကာလို အန်ဆယ်လော့တီ အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ နောက်ဆုံး ရာသီကို ဖလား လက်မဲ့ အဖြစ်နဲ့ အဆုံးသတ်ရတော့မှာလည်း ဖြစ်ပါတယ်။
နောက်ဆုံး မှာတော့ အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်ရဲ့ ကျရှုံးမှုနဲ့ သူ အသင်း ကနေ ထွက်ခွာခြင်ဟာ သက်ဆိုင်မှု မရှိကြောင်း၊ ဘာမှ မထူးခြားသလို ပြဿနာ မရှိဘဲ ရိုးရှင်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့ အတွက် ကောင်းမွန်တဲ့ နည်းပြ သက်တမ်း ဖြစ်ခဲ့ပြီး ကစားသမားတွေ ဆီကလည်း လိုအပ်တဲ့ လေးစားမှုတွေ ရရှိခဲ့ကြောင်း အသင်းက Balance ညီမျှဖို့ လိုအပ်တဲ့ အပိုင်းမှာ ပြဿနာ ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.