နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ လာလီဂါ ပြိုင်ပွဲ အကျဉ်းချုပ်

၂၀၂၄-၂၀၂၅ ဘောလုံး ရာသီ လာလီဂါ ကလည်း စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်တွေနဲ့ ပြည့်နှက်ခဲ့ပြီး၊ ဘာစီလိုနာတို့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာဟာ နည်းပြသစ် ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန် စူပါဖလားတွေ ရရှိခဲ့ပြီးတော့ ပြည်တွင်း ဖလား ၃ လုံး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာက သူတို့ရဲ့ အဓိက ပြိုင်ဘက်ကြီး ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဒီရာသီ အဲလ်ကလက်ဆီကို တွေ့ဆုံမှု ၄ ကြိမ်စလုံးမှာ အနိုင်ရခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ထုံးစံအတိုင်း ဒီရာသီ လာလီဂါ ကလည်း ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ နှစ်သင်းထဲ ပြေးတဲ့ ပြိုင်ပွဲ ဖြစ်ခဲ့ပြီး ဒီယေဂို ဆီမြွန်နီရဲ့ အက်တလက်တီကိုမက်ဒရစ် ကလည်း ချန်ပီယံဆုကို ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဟန်ဆီ ဖလစ်ခ်ရဲ့ ဦးဆောင်မှု အပြင် လာမင်း ယာမယ်၊ ရောဘတ် လီဝမ်ဒေါစကီး၊ ရာဖင်ညာ၊ ပက်ဒရီ တို့ရဲ့ ခြေစွမ်းပြမှုတွေက ဘာစီလိုနာကို အောင်မြင်မှုတွေဆီ ဦးတည်စေခဲ့တာ ဖြစ်ပါတယ်။ ကီလီယန် အမ်ဘာပေး ခြေစွမ်းပြခဲ့ပြီး လာလီဂါ ရွှေဖိနပ်ဆု အပြင် ဥရောပ ရွေဖိနပ်ဆုလည်း ရရှိခဲ့ပေမယ့် သူ့ရဲ့ အသင်း ရီးရဲလ်မက်ဒရစ် ကတော့ ဖလား လက်မဲ့ ရာသီ အဖြစ်နဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

 

အဆင့် ရပ်တည်မှု

ချန်ပီယံ: ဘာစီလိုနာ – ၂၈ ပွဲ နိုင်၊ ၄ ပွဲ သရေ၊ ၆ ပွဲ ရှုံး၊ ရမှတ် ၈၈ မှတ်

ဒုတိယ: ရီးရဲလ်မက်ဒရစ် – ၂၆ ပွဲ နိုင်၊ ၆ ပွဲ သရေ၊ ၆ ပွဲ ရှုံး၊ ရမှတ် ၈၄ မှတ်

တတိယ: အက်တလက်တီကိုမက်ဒရစ် – ၂၂ ပွဲ နိုင်၊ ၁၀ ပွဲ သရေ၊ ၆ ပွဲ ရှုံး၊ ရမှတ် ၇၆ မှတ်

စတုတ္ထ: ဘီလ်ဘာအို – ၁၉ ပွဲ နိုင်၊ ၁၃ ပွဲ သရေ၊ ၆ ပွဲ ရှုံး၊ ရမှတ် ၇၀ မှတ်

ပဥ္စမ: ဗီလာရီးရဲလ် – ၂၀ ပွဲ နိုင်၊ ၁၀ ပွဲ သရေ၊ ၈ ပွဲ ရှုံး၊ ရမှတ် ၇၀ မှတ်

အထက်ပါ အသင်းတွေ ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ကြပြီးတော့ ရီးရဲလ်ဘက်တစ်နဲ့ ဆဲလ်တာဗီဂို ကတော့ ယူရိုပါလိဂ် ဝင်ခွင့်နဲ့ ရေယို ဗလက်ကာနို ကတော့ ယူရိုပါကွန့်ဖရင့်လိဂ် ခြေစစ်ပွဲ ကစားခွင့် ရရှိသွားခဲ့ပါတယ်။

 

ထူးခြားမှုများ

၂၀၂၄-၂၀၂၅ ဘောလုံး ရာသီ လာလီဂါ ကတော့ ဘာစီလိုနာရဲ့ အောင်မြင်မှုနဲ့ ကီလီယန် အမ်ဘာပေးရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေနဲ့ အမှတ်ရစရာ ရာသီ တစ်ခု ဖြစ်ခဲ့ပါတယ်။
ဥရောပ ရွှေဖိနပ်ဆုရှငလည်း ဖြစ်ခဲ့တဲ့ အမ်ဘာပေး

ဂိုးအများဆုံး သွင်းတဲ့ ကစားသမား: ကီလီယန် အမ်ဘာပေး (ရီးရဲလ်မက်ဒရစ်) – ၃၁ ဂိုး 

အကြီးမားဆုံး နိုင်ပွဲ: ဘာစီလိုနာ ၇-၀ ရီးရဲလ် ဗယ်လာဒိုးလစ် Valladolid (၃၁ ဩဂုတ် ၂၀၂၄)

နှစ်သင်းပေါင်း သွင်းဂိုး အများဆုံးပွဲ: ဘာစီလိုနာ ၇-၁ ဗလင်စီယာ (၂၆ ဇန်နဝါရီ ၂၀၂၅)၊ ဘီလ်ဘာအို ၇-၁ ရီးရဲလ် ဗယ်လာဒိုးလစ် (၂၃ ဖေဖော်ဝါရီ ၂၀၂၅)

အရှည်ကြာဆုံး နိုင်ပွဲရတဲ့ အသင်း: ဘာစီလိုနာ (၉ ပွဲ ဆက်တိုက် အနိုင်ရ)

အရှည်ကြာဆုံး ရှုံးပွဲ မရှိတဲ့ အသင်း: ဘာစီလိုနာ (၁၇ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ)

အရှည်ကြာဆုံး နိုင်ပွဲ မရတဲ့ အသင်း: ရီးရဲလ် ဗယ်လာဒိုးလစ် (၁၉ ပွဲ ဆက်တိုက် နိုင်ပွဲမရ)

အရှည်ကြာဆုံး ရှုံးနိမ့်တဲ့ အသင်း: ရီးရဲလ်ဗယ်လာဒိုးလစ် (၁၂ ပွဲ ဆက်တိုက် ရှုံးနိမ့်)

 

တန်းဆင်းသွားသောအသင်းများ

လီဟာနက်စ်

လက်စ်ပါးလ်မက်စ်

ရီးရဲလ် ဗယ်လာဒိုးလစ်

 

အကျဉ်းချုပ်

၂၀၂၄-၂၀၂၅ ဘောလုံး ရာသီ လာလီဂါ ကတော့ ဘာစီလိုနာရဲ့ အောင်မြင်မှုနဲ့ ကီလီယန် အမ်ဘာပေးရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေနဲ့ အမှတ်ရစရာ ရာသီ တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ချန်ပီယံဆု အတွက် တိုက်ပွဲ ကတော့ ရာသီမသိမ်းခင် ပွဲအနည်းငယ် အလိုမှာပဲ ပြီးဆုံးခဲ့ပြီး ဘာစီလိုနာတို့ ခပ်စောစော ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ပွဲစဉ် ၃၅ အဲလ်ကလက်ဆီကို ဒါဘီက ဘယ်အသင်း လာလီဂါ ချန်ပီယံ ဖြစ်မလဲ ဆိုတာ အဖြေထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ရမှတ် ရရှိမှု အခြေအနေတွေ အရ ချန်ပီယံလိဂ် ဝင်ခွင့်၊ ယူရိုပါလိဂ် ဝင်ခွင့်တွေက ရင်ခုန်စရာ သိပ်မရှိခဲ့ပဲ မျှော်လင့်ထားတဲ့ အသင်းတွေပဲ ဝင်ခွင့်တွေ ရရှိခဲ့ပါတယ်။ တန်းဆင်းသွားရတဲ့ အသင်းတွေ ကလည်း ထိုနည်းလည်းကောင်းပါပဲ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်