လစ်ဗာပူးလ် ကတော့ မနေ့ညက ကစားခဲ့တဲ့ ခရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ၀-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင်သန်း ၄၀၀ ကျော် သုံးစွဲပြီး ပြင်ဆင်မှုတွေ ပြုလုပ်ထားပေမယ့် လက်ရှိ မှာတော့ အမှောင်မိုက်ဆုံး အချိန်တွေကို ဖြတ်သန်းနေရပြီ ဖြစ်ပါတယ်။ ဒီရှုံးပွဲကြောင့် လစ်ဗာပူးလ်က ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ချိန်က ရှုံးပွဲ အရေအတွက်နဲ့ လက်ရှိရာသီ ပွဲစဉ် ၉ ပြီးဆုံးချိန်မှာတင်ပဲ တူညီနေခဲ့ပြီ ဖြစ်ပါတယ်။
ကွန်မြူနတီဒိုင်း၊ ပရီးမီးယားလိဂ်မှာ ပဲလေ့စ်ကို ဆက်တိုက် အနိုင်မရခဲ့တဲ့ လစ်ဗာပူးလ်က ခရာဘောင်ဖလား မှာလည်း ၃ ဂိုးပြတ် အနေအထားနဲ့ ထပ်မံ ရှုံးနိမ့်ခဲ့ရပြန်တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ရဲ့ အစာပိုင်း မိနစ် ကစားပုံက ကျေနပ်အားရဖို့ ကောင်းခဲ့ပေမယ့် အဓိက တိုက်စစ်မှူး မပါဝင်ခဲ့သလို နောက်တန်းနဲ့ ကွင်းလယ်ပိုင်းမှာ လူငယ်တွေကို ထုတ်သုံးလာခဲ့တာကြောင့် ပဲလေ့စ်ကို အနိုင်ကစားဖို့ မဖြစ်နိုင်ခဲ့ပါဘူး။
ခရာဘောင်ဖလား မို့လို့ လူငယ်တွေကို ထုတ်သုံးခဲ့တဲ့ ဆလော့တ်ရဲ့ ဆုံးဖြတ်ချက်က မှားတယ်လို့ ပြောလို့ မရပါဘူး။ ဒါပေမယ့်လည်း ပွဲထွက်လာတဲ့ လူငယ်တွေက တစ်ယောက်မှ အားကိုးလို့ မရတာကြောင့် လစ်ဗာပူးလ်တို့ စောစောစီးစီးပဲ ဖလား တစ်လုံး စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

အိုလီဗာ ဂလက်စ်နာရဲ့ အသင်း တော့ ရလာတဲ့ အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချသွားခဲ့သလို တိုက်စစ် တွဲလုံးတွေနဲ့ အတွေ့အကြုံ နည်းတဲ့ လစ်ဗာပူးလ်ရဲ့ ခံစစ်ပိုင်းကို အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်း ၄၁ မိနစ် နဲ့ ၄၅ မိနစ်မှာပဲ ဆားက သက်သောင့်သက်သာနဲ့ ၂ ဂိုး သွင်းပြခဲ့ပါတယ်။ အဲဒီနောက် ၇၉ မိနစ်မှာ လူစားဝင်လာခဲ့တဲ့ နောက်ခံလူ နယ်လိုရဲ့ အမှားကနေ ပေးလိုက်ရတဲ့ ဘောလုံးကို ပြန်ဆယ်ယူရင်း အနီကဒ် ထပ်မံ ရခဲ့တာကြောင့် လစ်ဗာပူးလ်တို့ ပြန်လိုက်နိုင်စွမ်း မရှိတော့ပါဘူး။ ပဲလေ့စ် အတွက် ပွဲချိန် ၈၈ မိနစ်မှာ ပင်နိုက ပွဲသိမ်းဂိုး ထပ်မံ သွင်းယူခဲ့တာကြောင့် လစ်ဗာပူးလ်တို့ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် လက်ရှိချန်ပီယံ အသင်းတွေ ၄ ပွဲဆက် ရှုံးပွဲတွေ့တာ ရှားသလို ပြိုင်ပွဲစုံ ၅ ပွဲဆက်လည်း ရှုံးနိမ့်ခဲပါတယ်။ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ လက်စတာစီးတီးက ၅ ပွဲဆက်၊၂၀၂၀-၂၀၂၁ ရာသီမှာ လစ်ဗာပူးလ်ပ ၄ ပွဲဆက်နဲ့ ပြီးခဲ့တဲ့ ရာသီမှာ မန်စီးတီး ၄ ပွဲဆက် တို့ပဲ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ရဲ့ အဓိက ပြဿနာက ခံစစ်ပိုင်း ဖြစ်ပြီး ဗန်ဒိုက်ခ် ဦးဆောင်တဲ့ ကြိုးကြာနီတွေရဲ့ ခံစစ်က မလုံခြုံတော့ပါဘူး။ ပြီးခဲ့တဲ့ မေလက စတင်ပြီး လစ်ဗာပူးလ်ရဲ့ ခံစစ်က ၂ ဂိုးနဲ့ အထက် ပေးရတဲ့ ပွဲအများဆုံး ပရီးမီးယားလိဂ် အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ပွဲစဉ် ၁၆ အထိ ပေးဂိုး ၁၄ ဂိုး မရှိခဲ့ပေမယ့် လက်ရှိ ရာသီ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အပြီးမှာပဲ ၁၄ ဂိုး ပေးလိုက်ရပြီ ဖြစ်ပါတယ်။ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ “ကျွန်တော်တိ့် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေမယ့် အိုင်ဒီယာ ရှိပါတယ်” လို့ အာမခံထားပေမယ့် ရှုံးပွဲတွေ ဆက်တိုက် ကြုံနေလို့ သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကိုတော့ မေးခွန်းထုတ်စရာ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ လစ်ဗာပူးလ်က လာမယ့် ပွဲစဉ် ၃ ပွဲမှာ အက်စတွန်ဗီလာ၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ် ကတော့ ခရာဘောင်ဖလား ကွာတားဖိုင်နယ် မှာတော့ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


