မန်ချက်စတာစီးတီး ကတော့ ညက ကစားခဲ့တဲ့ ခရာဘောင်ဖလား တတိယအဆင့် ပွဲစဉ်မှာ ဟက်ဒါဖီးလ်တောင်းကို အဝေးကွင်းမှာ ၀-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲ အပြီးမှာတော့ နည်းပြ ပပ် ဂွါဒီယိုလာက မန်စီးတီးဟာ အရင်လို စိတ်ဝိညာဉ်တွေ ပြန်လည် ရရှိလာပြီလို့ ပြောဆိုခဲ့ပါတယ်။
ဒီပွဲမှာ မန်စီးတီးက လိဂ်ဝမ်း ကလပ် ဟက်ဒါဖီးလ်ကို တစ်ဖက်သတ် အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ဖီးလ် ဖိုဒန်၊ ဆာဗင်ညို တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာက ဒီပွဲမှာ အသင်းရဲ့ ပွဲထွက်လူစာရင်းကို ၉ နေရာ အထိ အပြောင်းအလဲ လုပ်ခဲ့ပေမယ့် သက်တောင့်သက်သာ အနိုင်ရခဲ့ပြီး ပြည်တွင်း ဖလား တစ်လုံး လမ်းကြောင်းမှာပေါ် ဆက်ရှိနေခဲ့ပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက ပပ် ဂွါဒီယိုလာ လက်ထက်မှာ ဒုတိယအကြိမ်မြောက် ဖလားလက်မဲ့ ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် မှာတော့ တတိယ ရရှိခဲ့ပါတယ်။ ဒါ့အပြင် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ကာ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရသလို ခရာဘောင်ဖလား မှာတော့ တော့တင်ဟမ်ဟော့စပါးကို စတုတ္ထအဆင့်မှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။
မန်စီးတီးဟာ ခရာဘောင်ဖလား စတုတ္ထအဆင့် မှာတော့ ဆွမ်ဆီးစီးတီးနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်တာကြောင့် ပွဲချောင်နေတယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ Sky Sports နဲ့ အင်တာဗျူးမှာ ဂွါဒီယိုလာက “ဒါဟာ ကောင်းပါတယ်။ ဒါဟာ အမြဲတမ်း ဆန်းကြယ်ပေမယ့် ကျွန်တော်တို့ တကယ်ကောင်းကောင်း ကစားခဲ့ပါတယ်။ သူတို့က ပုံစံကို ပြောင်းလဲလိုက်ပြီး ကျွန်တော် တို့ရဲ့ Build Up ကစားပုံကို တိုးတက်အောင် လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့ တကယ်ကို ကောင်းမွန်အောင် ကစားနိုင်ခဲ့ပါတယ်။”

“ကျွန်တော်တို့ နောက်တဆင့်ကို ရောက်နေပါပြီ။ ဒါက ကောင်းတယ်။ ကျွန်တော် တို့ရဲ့ စိတ်ဝိညာဉ်က ပုံစံအမျိုးမျိုးနဲ့ ပြန်ရောက်လာပါပြီ။ ကျွန်တော် အရမ်းပျော်တယ်။ တကယ် ကောင်းပါတယ်။” လို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။
မန်စီးတီးဟာ ၂၀၁၈-၂၀၁၈ ဘောလုံးရာသီ ကနေ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အကြားမှာ ခရာဘောင်ဖလားကို ၄ ကြိမ် ဆက်တိုက် ဆွတ်ခူးခဲ့တဲ့ အသင်း ဖြစ်ပါတယ်။
လီဂရန့်တ်က “ကျွန်တော်တို့ အရမ်းကို ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ရမယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ အတွက်ကတော့ ဒီလို လုပ်ဆောင်နိုင်ခဲ့တာက အတူတူ ရှိနေသလိုမျိုးပါပဲ။ ကောင်လေးတွေ အတွက် ဂုဏ်ယူပါတယ်။ မလွယ်ကူပေမယ့် ကျွန်တော်တို့ရဲ့ ရှုထောင့် ကနေ ရယူနိုင်တဲ့ အပြုသဘောဆောင်တာတွေ အများကြီး ရှိပါတယ်။ အခွင့်အလမ်း၊ ဖန်တီးမှုနဲ့ ကြီးမားတဲ့ အခိုက်အတန့်တွေ မှာတော့ သူတို့ကို အတိုင်းအတာ တစ်ခု အထိ ကန့်သတ်နိုင်ခဲ့ပါတယ်။ သူတို့ ဘယ်လောက် ကောင်းသလဲ ဆိုတာ လေးစားရပါမယ်။ ကျွန်တော် တို့ရဲ့ ရှုထောင့် ကနေ ကြည့်ရင် လုပ်အားနှုန်းနဲ့ စည်းကမ်းပိုင်းအရ ကျွန်တော်တို့ အစုအဖွဲ့ အတွက် အရမ်းပဲ ဂုဏ်ယူမိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
မန်စီးတီး ကတော့ လာမယ့် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ဘန်လေကို အက်တီဟတ်မှာ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ ဟက်ဒါဖီးလ် ကတော့ လိဂ်ဝမ်း ပွဲစဉ် အဖြစ် ဇီတာနဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.