ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ဘာစီလိုနာက အက်တလက်တီကိုမက်ဒရစ်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ ဟန်ဆီ ဖလစ်ခ်က သူတို့ အသင်း ပညာပေးခံလိုက်ရပြီ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံသွားခဲ့ပါတယ်။ ဒီပွဲဟာ ဘာစီလိုနာ ပရိသတ်တွေ အတွက် တကယ့်ကို စိတ်ပျက်စရာ ကောင်းတဲ့ ညတစ်ည ဖြစ်ခဲ့သလို၊ နည်းပြ ဟန်စီ ဖလစ်ခ် အတွက်လည်း သင်ခန်းစာ အကြီးအကျယ် ရခဲ့တဲ့ပွဲ ဖြစ်ခဲ့ပါတယ်။
ကြာဿပတေးနေ့က ကစားခဲ့တဲ့ ဒီကိုပါဒယ်ရေး ပွဲစဉ်မှာ ဘာစီလိုနာဟာ အဘက်ဘက်က အားနည်းခဲ့ပြီး အက်တလက်တီကို ကတော့ ပွဲကို အကြွင်းမဲ့ စိုးမိုးသွားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ နောက်ခံလူ အဲရစ် ဂါစီယာဟာ ပွဲအစောပိုင်းမှာတင် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့သလို၊ ဒုတိယပိုင်း မှာလည်း အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ ဘာစီလိုနာ အတွက် ပိုပြီး ရုန်းကန်ခဲ့ရပါတယ်။ အက်တလက်တီကိုမက်ဒရစ် အတွက် ဂိုးတွေ ကိုတော့ အန်တွန် ဂရစ်ဇ်မန်း၊ အဒမ်မိုလာ လွတ်ခ်မန်းနဲ့ ဟူလီယန် အဲလ်ဗာရက်ဇ် တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။
ပွဲအပြီး မှာတော့ နည်းပြ ဟန်စီ ဖလစ်ခ်က အက်တလက်တီကိုမက်ဒရစ်ဟာ သူတို့ထက် အပြတ်အသတ် သာလွန်ခဲ့ကြောင်း အခုလို ပြောကြားခဲ့ပါတယ်။ ဖလစ်ခ်က “ပထမပိုင်းမှာ ကျွန်တော်တို့ အသင်းလိုက် ကစားပုံ အရမ်းညံ့ခဲ့ပါတယ်။ ကစားသမား တစ်ယောက်နဲ့ တစ်ယောက် အကြား အကွာအဝေးတွေ အရမ်းများနေပြီး ကျွန်တော်တို့ ဖြစ်ချင်တဲ့ ပုံစံမျိုးနဲ့ ပြိုင်ဘက်ကို ဖိအား မပေးနိုင်ခဲ့ဘူး။”
“ပထမ ၄၅ မိနစ် (ဒါမှမဟုတ် အဲ့ဒီထက် ပိုတဲ့ အချိန်) မှာ ကျွန်တော်တို့ သင်ခန်းစာ အကြီးအကျယ် ရခဲ့ပါတယ်။ တစ်ခါတလေမှာ ဒီလို ဖြစ်ရပ်မျိုးက အချိန်ကိုက် ဖြစ်လာတတ်တာမျိုးပါ။ ဒီနေ့ဟာ အဲ့ဒီလို သင်ခန်းစာယူရမယ့် အချိန်ပါပဲ။ ဒီနေ့ ပထမပိုင်း အတွက်တော့ ဂုဏ်မယူနိုင်ပေမယ့် တစ်ရာသီလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ ကျွန်တော့် အသင်း အတွက် ဂုဏ်ယူပါတယ်။ ဒဏ်ရာရ လူစာရင်း ဘယ်လောက်ပဲ များနေပါစေ ကျွန်တော်တို့ လိုက်လျောညီထွေ ဖြစ်အောင် ကစားနိုင်ခဲ့ကြတယ်။ ဒီနေ့ ရှုံးနိမ့်မှုက ပြင်းထန်ပေမယ့် ကျွန်တော်တို့ ပြန်လာနိုင်မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာ အတွက် မှတ်တမ်းဆိုး တချိုု့ ထွက်ပေါ်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းဟာ လွန်ခဲ့တဲ့ ၂၁ နှစ် အတွင်း ပထမပိုင်း မှာတင် ၄ ဂိုး ပေးလိုက်ရတာ ဒါဟာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ (ပထမအကြိမ်က ၂၀၂၀ ခုနှစ်မှာ ဘေယန်မြူးနစ်ကို ၈-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲပါ) ။ အဲရစ် ဂါစီယာဟာ ၂၀၀၄-၂၀၀၅ ရာသီ နောက်ပိုင်း တစ်ပွဲတည်း မှာတင် ကိုယ့်ဂိုးကိုယ် သွင်းပြီး အနီကတ်ပါ ထိခဲ့တဲ့ ပထမဆုံး ဘာစီလိုနာ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဖလစ်ခ် ကတော့ ဒုတိယအကျော့မှာ “ တစ်ပိုင်းကို ၂ ဂိုးနှုန်းနဲ့ ပြန်သွင်းပြီး တုံ့ပြန်မယ်” လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
အက်တလက်တီကိုမက်ဒရစ်ဟာ အခုပွဲမှာ ဘာဆာကို အနိုင်ရလိုက်တဲ့ အတွက် အိမ်ကွင်းမှာ ဘာဆာကို နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် တီကိုဟာ မတ်လ ၃ ရက်နေ့မှာ ကစားမယ့် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ဒုတိယအကျော့ အတွက် အခွင့်အရေး အများကြီး သာသွားခဲ့ပြီ ဖြစ်ပါတယ်။ အက်တလက်တီကိုသာ ကိုပါဒယ်ရေး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့မယ် ဆိုရင် ရီးရဲလ်ဆိုစီဒက် သို့မဟုတ် ဘီလ်ဘာအိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အဲဒီပွဲရဲ့ ပထမအကျော့ မှာတော့ ရီးရဲလ်ဆိုစီဒက်က ဘီလ်ဘာအို အိမ်ကွင်းမှာ ၀-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


