တော့တင်ဟမ်ဟော့စပါး – ဘိုဒိုဂလင့်မ်
ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ် အဖြစ် တော့တင်ဟမ်ဟော့စပါးကဘိုဒိုဂလင့်မ်ကိုအိမ်ကွင်းမှာဧည့်ခံကစားရမှာဖြစ်ပါတယ်။ယူရိုပါလိဂ်မှာချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ စပါးအနေနဲ့ နော်ဝေကလပ်ကိုအများ မျှော်လင့်ထားတဲ့ အတိုင်းသက်တောင့်သက်သာအနိုင်ရသွားမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။
အန်ဂျီပိုစတီကိုဂလူးရဲ့ အသင်းကပရီးမီးယားလိဂ်မှာဇယားအောက်ပိုင်းကပ်နေပေမယ့် ယူရိုပါလိဂ်မှာတော့ ဆုဖလားနဲ့ တဖြည်းဖြည်းနီးကပ်နေပါပြီ။ ပိုစတီကိုဂလူးကလည်းယူရိုပါလိဂ်ရခဲ့ရင်တောင် အသင်းနဲ့ လမ်းခွဲရဖို့ များနေတာကြောင့် ဆုဖလားအောင်မြင်မှုတစ်ခုနဲ့ ကတ္တီပါ လမ်းခွဲဖြစ်ဖို့ မျှော်လင့်ထားပါလိမ့်မယ်။ နောက်ပြီးဒီနည်းပြကဒုတိယမြောက် ရာသီဆိုရင် ဖလားရတတ်တဲ့ အစဉ်အလာရှိပါတယ်။စပါးဟာပြီးခဲ့တဲ့ အဆင့်တွေမှာအဲလ်ခမာ၊ ဖရန့်ဖတ် တို့လိုအသင်းတွေကိုကျော်ဖြတ်လာခဲ့ပြီးခြေစွမ်းကလည်းကောင်းမွန်ခဲ့တာတွေ့ရပါတယ်။ စပါးကပြီးခဲ့တဲ့ နှစ်ပွဲဆက်တော့ ရှုံးထားပြီးလစ်ဗာပူးလ်ကိုဆိုရင် ဂိုးပြတ်ပါ ရှုံးခဲ့တာဖြစ်ပါတယ်။ စပါးအတွက် အားသာချက်ကဒဏ်ရာရကစားသမားကင်းရှင်းလာပြီးလူပြန်စုံနေတာဖြစ်ပါတယ်။
ဘိုဒိုဂလင့်မ် ကတော့ ပြည်တွင်းမှာရောယူရိုပါလိဂ်မှာပါ ပုံစံကောင်းတွေပြသနေပြီးအိုလံပီယာကော့စ်နဲ့ လာဇီယိုကိုကျော်ဖြတ်လာခဲ့တာပါ။ လက်ရှိခြေစွမ်းအရဘိုဒိုဂလင့်မ်ကိုဖြတ်မြင်းလို့ သတ်မှတ်နိုင်ပြီးစပါးတို့ လျှော့တွက်ရင် မှားသွားပါလိမ့်မယ်။တစ်ခုရှိတာကနော်ဝေထိပ်သီးတို့ကအင်္ဂလန် ကလပ်တွေနဲ့ တွေ့ဆုံချိန်တိုင်းရလဒ်မကောင်းခဲ့တဲ့ အစဉ်အလာရှိပါတယ်။
နှစ်ဖက်အသင်းသတင်းများ
ဘိုဒိုဂလင့်မ် ဘက်မှာတော့ အက်ဗ်ဂျန်၊ ပက်ထရစ်ခ် ဘက်ဂျ်၊ အန်ဒရီယာ့စ် ဟဲလ်မာဆန် တို့ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မှာဖြစ်ပြီးဒန်နီရယ် ဘက်ဆီကတော့ ဒဏ်ရာကြောင့် လွဲချော်ဖွယ် ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း

တော့တင်ဟမ်ဟော့စပါး -ဗစ်ကာရီယို၊ ဗန်ဒီဗန်၊ ရိုမဲယို၊ ပေါ်ရို၊ မက်ဒီဆင်၊ ဘန်တန်ကာ၊ ဘက်ဂျ်ဗဲလ်၊ တဲလ်၊ ဆိုလန်ကီ၊ ကူလူဆက်ဗ်စကီး
ဘိုဒိုဂလင့်မ်-ဟိုင်ကင်၊ နီးလ်ဆင်၊ ဂန်ဒါဆင်၊ ဘရော်ကန်၊ ဂျိုဗောလ်ဒ်၊ အုတ်ခ်လန်း၊ ဖတ်၊ ဆော့တ်နတ်စ်၊ ဟော့ဂျ်၊ ဟို့ဂျ်၊ ဆော်လီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့နောက်ဆုံး၅ပွဲရလဒ်
ဒီနှစ်သင်းကပထမဦးဆုံးအကြိမ် အဖြစ် ထိပ်တိုက်တွေ့ဆုံကစားကြမှာဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်
SBOTOPရဲ့ 1X2 မှာတော့တင်ဟမ်ဟော့စပါးနိုင်ရင်၁.၂၆ဆရမှာဖြစ်ပြီးဘိုဒိုဂလင့်မ်နိုင်ရင်တော့၇.၃၀ဆနဲ့ သရေဆိုရင်တာ့ ၅.၁ဆရမှာဖြစ်ပါတယ်။အာရှဟန်းဒီးကပ်မှာလည်းစပါးကတစ်လုံးအရှုံး၊ ၂ လုံးတစ်ဝက်စား၊ ၂ လုံးသရေကြေးတွေအထိပေးထားပြီးစပါးဂိုးပြတ် နိုင်မယ်လို့ ဘွတ်ကီတွေတွက်ဆထားပုံပါပဲ။ ကြေးလည်းနည်းနည်းပြင်းပါတယ်။ ကျနော် ကတော့ စပါးအနိုင်သေချာတယ်လို့ တွက်ဆထားချင်ပေမယ့် ခက်ခက်ခဲခဲတော့ ကစားရမယ် ထင်နေပါတယ်။ အပြန်အလှန် သွင်းဂိုးရှိနိုင်ပြီးစပါးတို့ တစ်ဂိုးလောက်နဲ့ပဲကပ်နိုင်သွားလောက်ပါတယ်။
ခန့်မှန်းရလဒ်
တော့တင်ဟမ်ဟော့စပါး ၂-၁ဘိုဒိုဂလင့်မ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.