နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂိုးပြတ်နိုင်ထားပေမယ့် ဗိုလ်လုပွဲ တက်ပြီလို့ မပြောနိုင်သေးကြောင်း အသင်းသားတွေကို သတိပေးလိုက်တဲ့ အမော်ရင် | ယူရိုပါလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဘီလ်ဘာအိုကို အဝေးကွင်းမှာ ၀-၃ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် ယူနိုက်တက်ဟာ ဗိုလ်လုပွဲကို တက်လှမ်းဖို့ ရာခိုင်နှုန်း များနေပြီ ဖြစ်ကြောင်း သုံးသပ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်က ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ အဝေးကွင်း ဂိုးပြတ် နိုင်ပွဲ ရရှိထားပေမယ့်လည်း ဗိုလ်လုပွဲ တက်ရောက်နိုင်ပြီလို့ ပြောလို့ မရသေးကြောင်း ကစားသမားတွေကို သတိပေး စကား ပြောကြားလိုက်ပါတယ်။

အမော်ရင်က “ကျွန်တော်တို့ ဂိုးတွေ ထပ်သွင်းဖို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒါပေမယ့် ပွဲမပြီးသေးပါဘူး။ အိုးထရက်ဖိုဒ်မှာ အလားတူ ရလဒ်မျိုး ဖြစ်နိုင်ပါသေးတယ်။ ကျွန်တော်တို့ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ဒါက အကောင်းဆုံး ရလဒ်ပါ။ ဘာလိုလဲဆိုတော့ ဒီလို ရလဒ်မျိုး ဘယ်သူမှ မမျှော်လင့်ထားလို့ပါ။ ဒါပေမယ့် ဒီနေ့ပွဲမှာ ပွဲစဉ် ၂ ပွဲကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်း ၂၅ မိနစ်မှာ ပထမပွဲ၊ ဂိုးသွင်းပြီးတော့ လူထုတ်ခံရပြီးနောက် မှာတော့ ဒုတိယပွဲပါ။ ပထမပိုင်း မိနစ် ၃၀ မှာ သူတို့ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ သူတို့သာ ဂိုးသွင်းနိုင်ခဲ့ရင် ကွဲပြားခြားနားတဲ့ ပွဲတစ်ပွဲ ဖြစ်သွားမှာပါ။” လို့ သတိပေး စကား ပြောကြားခဲ့ပါတယ်။ 

ယူနိုက်တက်နဲ့ ဘီလ်ဘာအို တို့ရဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ ပွဲစဉ် ကတော့ မေလ ၈ ရက်နေ့ အိုးထရက်ဖိုဒ်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ အခြေအနေ မကောင်းပေမယ့် ယူရိုပါလိဂ်မှာ ရလဒ်ကောင်းနေတဲ့ ယူနိုက်တက်

ဒါ့အပြင် ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယား ကလည်း ဘီလ်ဘာအိုကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့်လည်း ပွဲမပြီးသေးကြောင်း အသင်းဖော်တွေကို သတိပေးခဲ့ပါသေးတယ်။ အဲဒီပွဲမှာ ဟယ်ရီ မက်ဂွိုင်းယား တစ်ယောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီးတော့ ပရိသတ်တွေနဲ့ သုံးသပ်သူတွေရဲ့ ချီးကျူးခြင်းကို ခံထားရသူပါ။ 

အဲဒီပွဲမှာ ယူနိုက်တက်က ဘောလုံး ပိုင်ဆိုင်မှုအသာ၊ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီးတော့ ပွဲချိန် တော်တော်များများ တစ်ယောက် အသာနဲ့ ကစားခွင့်ရချိန်မှာတော့ ဂိုးပြတ် အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ၃၅ မိနစ်မှာတင်ပဲ နောက်ခံလူ ဒန်နီ ဗီဗီယန် အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရတာကြောင့် ဘီလ်ဘာအိုတို့ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။ ယူနိုက်တက် အတွက် အနိုင်ဂိုးတွေကို မိနစ် ၃၀ မှာ ကက်စ်မဲရိုးနဲ့ ၃၇ မိနစ် (ပယ်နယ်တီ)နဲ့ ၄၅ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်က သွင်းယူနိုင်ခဲ့ပြီး ပြတ်သားတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်နဲ့ ဘီလ်ဘာအို တို့ရဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ ပွဲစဉ် ကတော့ မေလ ၈ ရက်နေ့ အိုးထရက်ဖိုဒ်မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ နောက်ပိုင်း ၄ နှစ် အကြာမှာ ဥရောပ ပြိုင်ပွဲ တစ်ခုရဲ့ ဗိုလ်လုပွဲကို တစ်ကျော့ပြန် တက်လှမ်းနိုင်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်နေပြီလည်း ဖြစ်ပါတယ်။ ဘီလ်ဘာအို ကတော့ ဆီမီးဖိုင်နယ် ပွဲစဉ် မတိုင်ခင် ယူရိုပါလိဂ် မှာ ဗိုလ်စွဲဖို့ ဒုတိယမြောက် ရေပန်းအစားဆုံး အသင်း ဖြစ်နေပေမယ့် ဆီမီးဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ရဖို့ များနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘီလ်ဘာအိုရဲ့ ကြယ်ပွင့် ကစားသမားလေး နီကို ဝီလီယမ်စ် ကတော့ ပထမအကျော့ ၃ ဂိုးပြတ်နဲ့ ရှုံးထားပေမယ့် ဒုတိယအကျော့ အိုးထရက်ဖို့ဒ်မှာ ၃ ဂိုးပြတ်နဲ့ ပြန်လည် အနိုင်ယူနိုင်စွမ်း ရှိကြောင်း ပြောကြားထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်