ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် နာမည်ကျော် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ သတင်းတွေ ကတော့ ဆူဆူညံညံ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ဘောလုံးသမား အများစုဟာ အသက် ၄၀ အရွယ်မှာ ကစားသမား ဘဝ ကနေ အနားယူတတ်ကြပေမယ့် GOAT ကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ သူ့ရဲ့ နောက်ထပ် စိန်ခေါ်မှု အသစ်တွေကို ရှာဖွေချင်နေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ စူပါစတားဟောင်းက ဆော်ဒီပရိုလိဂ် ကလပ် အတွက် ပြိုင်ပွဲစုံ အရပ်ရပ် ၁၁၁ ပွဲ ကစားပြီး ၉၉ ဂိုး သွင်းယူကာ နှစ်စဉ် ယူရို သန်း ၂၀၀ (ဒေါ်လာ ၂၂၅.၈ သန်း) ရရှိနေသူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရော်နယ်ဒိုဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ဂျူဗင်တပ်စ်နဲ့ အတူ ကိုပါအီတလီယာ ဖလားမှာ အောင်ပွဲခံပြီး ကတည်းက အဓိက ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာကို ပြောင်းရွှေ့ပြီး ကတည်းက ဒေသတွင်း ပြိုင်ပွဲ ဖြစ်တဲ့ အာရပ်ကလပ်ချန်ပီယံဖလား တစ်လုံးသာ ကိုင်မြှောက်ထားနိုင်ပါသေးတယ်။ ဒါကြောင့် ရော်နယ်ဒိုက သူ့ရဲ့ အသင်း ဖြစ်တဲ့ အဲလ်နာဆာရဲ့ ဆော်ဒီပရိုလိဂ် အပါအဝင် တခြားသော အဓိက ပြိုင်ပွဲတွေမှာ ဆုဖလား အောင်မြင်မှု မရ ဖြစ်နေခြင်း အပေါ် စိတ်ပျက်နေပုံပေါ်ပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုက ၂၀၂၆ ကမ္ဘာ့ဖလား နီးကပ်လာချိန်မှာတော့ အနားယူဖို့ မစဉ်းစားသေးပဲ ဆုဖလား အောင်မြင်မှုတွေနဲ့ စံချိန်သစ်တွေ ရရှိဖို့ အားခဲနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ရော်နယ်ဒိုက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာ ကနေ တဆင့် သူ့ရဲ့ “အခန်းကဏ္ဉ ပြီးဆုံးပါပြီ” “ကျယ်ပြန့်တဲ့ ဇာတ်လမ်းက ဆက်လက် ရေးသားနေဆဲ” ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။ ဒါကြောင့် ရော်နယ်ဒို အနေနဲ့ အဲလ်နာဆာမှာ အနာဂတ် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာပြီး အသင်း ဘက်ကတော့ စာချုပ်သစ် ချုပ်ဆိုဖို့ မျှော်လင့်ချက်ကို မစွန့်လွှတ်သေးကြောင်း အခိုင်အမာ ပြောကြားထားခဲ့ပါတယ်။

ဖီဖာ ဥက္ကဌ ဂျီယန်နီ အက်ဖန်တီနို ကလည်း လာမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရော်နယ်ဒိုကို မြင်ရနိုင်ပြီး ကလပ် အသင်း တချို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ ဒီလို ပြောကြားချက်တွေ ကလည်း ရော်နယ်ဒိုကို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်း တစ်သင်းမှာ မြင်တွေ့ရလိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိလာစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒို အနေနဲ့ အဲလ်နာဆာမှာ ဆက်နေမလား။ ဒါမှမဟုတ် တခြား ကလပ် တစ်ခုကို ပြောင်းရွှေ့မလား ဆိုတာ ကတော့ လက်ရှိအချိန်ထိ ဘာဆိုဘာမှ ပြောလို့ မရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီတော့ ရော်နယ်ဒို အနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့နိုင်ဖွယ် ရှိသလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ပြောကြရအောင်ပါ။
အဲလ်ဟီလာ
ဒီဆော်ဒီပရိုလိဂ် ကလပ် ကတော့ ရော်နယ်ဒိုကို အဲလ်နာဆာထက် မနည်း ငွေကြေး အကျိုးခံစားခွင့်တွေ ပေးနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ နောက်ပြီး အဲလ်ဟီလာက အဲလ်နာဆာထက် ဆုဖလား အာမခံချက် ပိုရှိသလို ကလပ်ကမ္ဘာ့ဖလားလည်း ပါဝင် ကစားခွင့်ရရှိထားပါတယ်။ ရီယာ့ဒ် အခြေစိုက် ကလပ်ဟာ နောက်ဆုံး ၉ နှစ် အတွင်း တွင် ဆော်ဒီပရိုလိဂ်ဖလား ၆ ကြိမ် ရရှိခဲ့ပြီး ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဆော်ဒီနိုင်ငံ ကိုယ်စားပြု အဖြစ် ယှဉ်ပြိုင်ခွင့်ရတဲ့ တစ်သင်းတည်းသော ကလပ် ဖြစ်ပါတယ်။ အဲလ်ဟီလာဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာကို ခေါ်ယူဖို့ မျှော်လင့်နေပေမယ့် လက်ရှိ အချိန်ထိတော့ နေမာ နေရာ အတွက် အစားထိုးနိုင်ခြင်း မရှိသေးပါဘူး။
အဲလ်ဟီလာရဲ့ ကလပ်ကမ္ဘာ့ဖလား အုပ်စု အဆင့် ပြိုင်ဘက်များ – ရီးရဲလ်မက်ဒရစ်၊ ပါချူကာ၊ ဆဲလ်ဘာ့ဂ်။
အဲလ်အင်
ဒီကလပ် ကလည်း ဆော်ဒီပရိုလိဂ် ကလပ်တွေ နည်းတူ ချမ်းသာ ကြွယ်ဝပြီး ရော်နယ်ဒိုရဲ့ လုပ်ခလစာ အပြင် အကျိုးခံစားခွင့်တွေကိုပါ မလျော့ပဲ ပေးနိုင်တဲ့ အသင်းပါ။ ဒီအသင်းကို ယူအေအီး သမ္မတ မိုဟာမက် ဘင် ဇာယက်ဒ် အဲလ်နာယန် ကိုယ်တိုင် ကလပ် အကြီးအကဲ အဖြစ် ကိုင်တွယ်နေတာပါ။ ယူအေအီး ပရိုလိဂ်ဟာ ဆော်ဒီပရိုလိဂ်နဲ့ တူညီတဲ့ နိုင်ငံတကာ အာရုံစိုက်မှု မရတာကြောင့် ရော်နယ်ဒိုလို နာမည်ကျော် ကစားသမားကို ခေါ်ယူဖွယ် ရှိနေပါတယ်။
အဲလ်အင်ရဲ့ ကလပ်ကမ္ဘာ့ဖလား အုပ်စု အဆင့် ပြိုင်ဘက်များ- မန်ချက်စတာစီးတီး၊ ဝီဒက် အေစီ အေစီ၊ ဂျူဗင်တပ်စ်။
ဘိုတာဖိုဂို
ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ဘရာဇီးလ် ကလပ် ဘိုတာဖိုဂိုလည်း ပါဝင်နေပါတယ်။ ကလပ် ကမ္ဘာ့ဖလားမှာ ဘရာဇီးလ် ထိပ်သီး ကလပ် ၄ သင်း ပါဝင်မှာ ဖြစ်ပြီး ဒီအသင်းတွေ ကတော့ ဖလူမီးနိစ်၊ ဖလာမင်ဂို၊ ပါလ်မီးရက်စ်နဲ့ ဘိုတာဖိုဂို တို့ ဖြစ်ပါတယ်။ တစ်ချိန်က ဘရာဇီးလ် အိုင်ကွန်တွေ ဖြစ်တဲ့ ဂါရင်ချာနဲ့ ဂျာဇင်ဟို တို့ရဲ့ ကလပ် ဖြစ်တဲ့ ဘိုတာဖိုဂိုကို မကြာသေးခင်ကပဲ ဆီးဒေါ့ဖ်နဲ့ ခရစ္စတယ်ပဲလေ့စ် တွဲဖက် ပိုင်ရှင် ဂျွန် တက်စ်တာက ထိန်းချုပ်ထားပါတယ်။ ရော်နယ်ဒို အနေနဲ့ ဒီအသင်းကို ရွေးချယ်ရင်တော့ သူရရှိခဲ့ဖူးတဲ့ လုပ်ခလစာကို မမျှော်လင့်နိုင်ပေမယ့်လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ တက်စတာ အနေနဲ့ ရော်နယ်ဒိုကို ခရစ္စတယ်ပဲလေ့စ်မှာ ရှယ်ယာ တစ်ခု ပိုင်ဆိုင်ခွင့်နဲ့ ရေရှည်မှာ အကျိုးအမြတ် ရနိုင်မယ့် မက်လုံးပေး ကမ်းလှမ်းမှု ရှိခဲ့ကြောင်း သိရပါတယ်။
ဘိုတာဖိုဂိုရဲ့ ကလပ်ကမ္ဘာ့ဖလား အုပ်စု အဆင့် ပြိုင်ဘက်များ – ပီအက်စ်ဂျီ၊ အက်တလက်တီကိုမက်ဒရစ်၊ ဆီယက်တဲလ် ဆောင်းဒါးစ်။
မွန်တာရေး
မက္ကဆီကို ကတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးမားဆုံး စျေးကွက်တွေထဲက တစ်ခု ဖြစ်ပြီးတော့ မွန်တာရေး ကလည်း ရော်နယ်ဒိုရဲ့ အနာဂတ် လားရာ တစ်ခု ဖြစ်လာနိုင်ပါတယ်။ တချို့သော သတင်းတွေမှာ လီဂါ MX ကလပ်ဟာ ကလပ်ကမ္ဘာ့ဖလား အတွက် ရော်နယ်ဒိုကို ကာလတို စာချုပ်နဲ့ ခေါ်ယူဖွယ် ရှိကြောင်း ဖော်ပြနေကြပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုရဲ့ အသင်းဖော်ဟောင်း ဆာဂျီယို ရာမို့စ် ကလည်း ဖေဖော်ဝါရီလ ကတည်းက မွန်တာရေးနဲ့ အတူ ရှိနေခဲ့ပြီး ချန်ပီယံလိဂ် ၃ ကြိမ် ရယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အဓိက ကစားသမားဟောင်း နှစ်ဦး ပြန်လည် ပေါင်းစည်းတာကို မြင်တွေ့ရဖွယ် ရှိနေပါတယ်။ ရာမို့စ် ကိုယ်တိုင် ကလည်း ရော်နယ်ဒိုကို မွန်တာရေးမှာ လာရောက် ကစားဖို့ တိုက်တွန်းထားပါတယ်။
မွန်တာရေးရဲ့ ကလပ်ကမ္ဘာ့ဖလား အုပ်စု အဆင့် ပြိုင်ဘက်များ – ရေးဗားပလိတ်၊ အင်တာမီလန်၊ အူရာဝါ ရက်ဒ် ဒိုင်းမွန်း
ရီးရဲလ်မက်ဒရစ်
ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ကို တစ်လတာ အငှားမျိုးနဲ့ ကလပ်ကမ္ဘာ့ဖလား သီးသန့် ကစားဖို့ ပြောင်းရွှေ့နိုင်ချေ ရှိပါတယ်။ မက်ဒရစ်ရဲ့ ကစားသမား ခေါ်ယူရေး ပေါ်လစီအရ သက်ကြီး ကစားသမားတွေကို ခေါ်ယူလေ့ မရှိပေမယ့် လက်ရှိ အသင်းမှာ အမြင့်ဘောတွေကို အဆုံးသတ်နိုင်တဲ့ အထောင် တိုက်စစ်မှူး မရှိတာ၊ မအောင်မြင်ခဲ့တဲ့ ဘောလုံးရာသီ တစ်ခု အပြီးမှာ အသင်းရဲ့ ကစားသမားတွေနဲ့ ပရိတ်သတ်တွရဲ့ စိတ်ဓာတ်ခွန်အားကို တက်ကြွလာအောင် မြင့်တင်ပေးနိုင်မယ့် ကစားသမား လိုအပ်နေတာ စတဲ့ အချက်တွေကြောင့် ရော်နယ်ဒို အနေနဲ့ မက်ဒရစ်ကို ခဏတာ အငှားနဲ့ ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ချေ ရှိနေတာပါ။ ဒီလို သတင်းတွေ ထွက်ပေါ်နေချိန်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ အင်စတာဂရမ် အကောင့် ကနေ ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ်ဖလားနဲ့ အောင်ပွဲခံခဲ့တဲ့ ပုံကို တင်လိုက်တာကြောင့် အပြောင်းအရွှေ့က ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါတယ်။ တချို့ သတင်းတွေ မှာတော့ ပီရက်ဇ်က ရော်နယ်ဒိုကို ဖုန်းနဲ့ ဆက်သွယ်ခဲ့တယ်၊ ရော်နယ်ဒို မက်ဒရစ်မြိုထံ ရောက်နေတယ် စတဲ့ သတင်းတွေ တွေ့နေရပေမဲ့ အတည်ပြုလို့တော့ မရသေးပါဘူး။
ရီးရဲလ်မက်ဒရစ်ရဲ့ ကလပ်ကမ္ဘာ့ဖလား အုပ်စု အဆင့် ပြိုင်ဘက်များ – အဲလ်ဟီလာ၊ ပါချူကာ၊ ရက်ဘူးလ် ဆဲလ်ဘာ့ဂ်
အဲလ်အေ အက်ဖ်စီ
ဒီအသင်း ကတော့ ရော်နယ်ဒို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ချေ အနည်းဆုံးပါပဲ။ အဲလ်အေ အက်ဖ်စီဟာ မေဂျာလိဂ် ပြိုင်ဘက် အင်တာမိုင်ယာမီမှာ လီယွန်နယ် မက်ဆီ ရှိနေသလို သူတို့ အသင်း မှာလည်း ရော်နယ်ဒိုကို ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ နောက်ပြီး ဒီကလပ် ကလည်း ကလပ် ကမ္ဘာ့ဖလား ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားတာကြောင့် ရော်နယ်ဒိုနဲ့ သတင်းတွေ ထွက်လာတာ မထူးဆန်းပါဘူး။
အဲလ်အေ အက်ဖ်စီရဲ့ ကလပ်ကမ္ဘာ့ဖလား အုပ်စုအဆင့် ပြိုင်ဘက်များ – ဖလာမင်ဂို၊ အက်စ်ပီယာရန့် ဒီ တူးနစ်၊ ချဲလ်ဆီး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.