ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု B အဖွင့် ပွဲစဉ်မှာ ပီအက်စ်ဂျီက အက်တလက်တီကိုမက်ဒရစ်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရသွားခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ဥရောပ ချန်ပီယံတွေဟာ စပိန် ထိပ်သီး ကလပ်ကို အဘက်ဘက်မှာ အသာစီးနဲ့ ကစားပြီး ဂိုးပြတ်နိုင်ပွဲ တစ်ပွဲ ဖော်ဆောင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီးတော့ ကြိုတင် သတင်းထွက်ခဲ့တဲ့ အတိုင်း ပီအက်စ်ဂျီ ဘက်မှာ ဒမ်ဘီလီနဲ့ ဘာကိုလာ တို့က လွဲရင် လူစုံခဲ့ကြသလို ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ် ကလည်း အဓိက ကစားသမားတွေနဲ့ပဲ ရင်ဆိုင်သွားခဲ့ကြပါတယ်။ ပြောရရင် ပီအက်စ်ဂျီဟာ အက်တလက်တီကိုမက်ဒရစ်ကို တစ်ပွဲလုံး သူတို့ ကစားချင်သလို ကစားသွားခဲ့ပြီး လိုအပ်နေတဲ့ ဂိုးတွေ ကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ပထမပိုင်းမှာတင် အက်တလက်တီကိုမက်ဒရစ် ဘက်ကို ဂိုးပေါက် ကန်ချက် ၉ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီးတော့ ဂိုးပေါက် ၆ ကြိမ် တည့်ခဲ့ကာ သွင်းဂိုး ၂ ဂိုး ရယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီ အတွက် ပထမပိုင်း သွင်းဂိုးတွေကို ဖေဘီယန် ရူအစ်ဇ်နဲ့ ဗစ်တင်ညာ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ် ကတော့ ပီအက်စ်ဂျီ ဘက်ကို တစ်ပွဲလုံးမှ ဂိုးပေါက် ကန်ချက် ၅ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သလို ထိရောက်တဲ့ ဂိုးပေါက် ကန်ချက် ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ ဒုတိယပိုင်းမှာလည်း ပုံစံကောင်းတစ်ခုကို ဆက်လက် ပြသနိုင်ခဲ့ပြီးတော့ တိုက်စစ်ကို ပုံစံမျိုးစုံနဲ့ ကစားပြရင်း ပြိုင်ဘက်ရဲ့ ဘောလုံး လားရာ လမ်းကြောင်းတွေကို ကောင်းကောင်းကြီး ဖြတ်တောက် တားဆီးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီ အတွက် နောက်ထပ် သွင်းဂိုး ၂ ဂိုး ကိုတော့ မာယုလူနဲ့ လီကန်အင် (ပင်နယ်တီ) တို့ကနေ တဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လူးဝစ္စ အန်နရီကေးရဲ့ အသင်းကို ထက်မြတ်တဲ့ တိုက်စစ် ပိုင်ဆိုင်ထားတဲ့ အသင်း အဖြစ် လက်ခံထားကြပေမယ့် တကယ်တမ်း မှာတော့ ခံစစ် ကစားပုံလည်း သိပ်ကို ပါးနပ်တာ တွေ့ရပါတယ်။ အန်နရီကေး အနေနဲ့ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို ကိုယ့်ဘက် ဂိုးဧရိယာနား အရောက်မှ ခုခံတာထက် ပြိုင်ဘက် တိုက်စစ် စတင်ချိန်ကတည်းက ထိထိရောက်ရောက် ဖြေရှင်းတဲ့ နည်းလမ်းကို အသုံးပြုတာက ပွဲတိုင်း အလုပ်ဖြစ်နေစေပါတယ်။ နောက်တစ်ချက်က သူတို့ အားသာတဲ့ တိုက်စစ်ပိုင်းပါ။ ပီအက်စ်ဂျီ နောက်ဆုံး ၂ ပွဲမှာ တွေ့ဆုံခဲ့ရတာက ခံစစ် ကျစ်လျစ် မာကျောပါတယ် ဆိုတဲ့ ဥရောပရဲ့ ထိပ်တန်း ကလပ်တွေ ဖြစ်တဲ့ အင်တာမီလန်နဲ့ ပီအက်စ်ဂျီပါ။ ဒါပေမယ့်လည်း ပါရီ ကလပ်က နှစ်ပွဲပေါင်း ၉ ဂိုး သွင်းပြခဲ့ပြီး ပေးဂိုးတောင် မရှိခဲ့ပါဘူး။ ခုဏက ပြောခဲ့သလိုပဲ ပီအက်စ်ဂျီက တိုက်စစ်ကို တစ်ဦးချင်းရော၊ အသင်းလိုက်ပါ ကစားပြီး ပြိုင်ဘက်ရဲ့ ခံစစ်ကို ပုံစံမျိုးစုံနဲ့ ကျော်ဖြတ်ပြနေတာ ဖြစ်ပါတယ်။ ပွဲကြိုမှာ ဆိုခဲ့သလိုပဲ ဒမ်ဘီလီ၊ ဘာကိုလာတို့ မရှိလည်း ပီအက်စ်ဂျီက ကျန်ကစားသမားတွေနဲ့ အလုပ်ဖြစ်နေဆဲ ဖြစ်ပါတယ်။ သေချာတာ ကတော့ ဒီခြေစွမ်းအတိုင်းသာ ဆိုရင်တော့ ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာ ပီအက်စ်ဂျီကို ကျော်နိုင်မယ့် အသင်း ခပ်ရှားရှားရယ်ပါ။ ပြင်သစ်မြို့တော် အပြာရောင် တပ်သားတွေ ဘယ်လောက်အထိ ခရီးရောက်နိုင်မလဲ ဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းနေပါပြီ။
တခြားသော ပွဲစဉ်တွေ အဖြစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလားရဲ့ အစောဆုံး ပွဲစဉ်မှာတော့ အီဂျစ် ကလပ် အဲလ်အာလီနဲ့ အင်တာမိုင်ယာမီတို့ ၀-၀ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဘေယန်မြူးနစ်နဲ့ အချိန်ပိုင်း ကစားသမားတွေ စုဖွဲ့ထားတဲ့ ဩစတြေးလျ ကလပ် အုတ်ကလန်းစီးတီး တို့ရဲ့ တွေ့ဆုံမှု မှာတော့ ဂျာမန် ဘီလူးကြီးက ဂိုးသွင်းလေ့ကျင့်ခဲ့ပြီး ၁၀-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ တခြားသော ပွဲစဉ်တွေမှာတော့ ဘရာဇီးလ် ကလပ် ပါလ်မီးရက်စ်နဲ့ ပေါ်တူဂီ ထိပ်သီး ပေါ်တိုတို့ ဂိုးမရှိ သရေကျခဲ့ပြီး ဘိုတာဖိုဂို ကတော့ ဆီယက်တဲလ်ဆောင်းဒါးစ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.