ရှေ့မှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ၃ ခုကို သုံးသပ်ခဲ့ပြီးတဲ့နောက်မှာတော့ အုပ် D နဲ့ ပတ်သတ်ပြီး ဆက်လက် သုံးသပ်ကြည့်ရအောင်ပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီအုပ်စု ကတော့ သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းပါဘူး။ ဥရောပရဲ့ အင်အားကြီး ကလပ် ချဲလ်ဆီးနဲ့ တောင်အမေရိက ထိပ်သီး ဖလာမင်ဂို တို့ တွေ့ဆုံမယ့် ပွဲက လွဲရင် ကျန်ပွဲတွေက ရင်ခုန်စရာ မရှိလောက်ပါဘူး။ ကျန်နှစ်သင်း ကတော့ အိမ်ဖြည့်သာသာပဲ ရှိပါတယ်။
ချဲလ်ဆီး
ယူရိုပါကွန့်ဖရင့်လိဂ် ချန်ပီယံ ချဲလ်ဆီး ကတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်း ဥရောပမှာ အောင်မြင်မှုတွေ ရခဲ့တာကြောင့် ဒီပြိုင်ပွဲကို ဝင်ရောက် ကစားခွင့်ရခဲ့တာပါ။ နောက်ပြီး ချဲလ်ဆီးဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ၂၀၂၁ ယူအေအီးမှာ ချန်ပီယံ တစ်ကြိမ် ဖြစ်ထားပြီး ၂၀၁၂ ဂျပန် မှာတော့ ဘရာဇီးလ် ကလပ် ကိုရင်သီယန်ကို ရှုံးပြီး ဒုတိယ တစ်ကြိမ် ရထားပါတယ်။ ပြီးခဲ့တဲ့ရာသီ အခြေအနေကို ပြန်ကြည့်ရင် ချဲလ်ဆီးဟာ နည်းပြသစ် အန်ဇို မာရက်စ်ကာနဲ့ အတူ မဆိုးလှတဲ့ အနေအထားကို ပိုင်ဆိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ဥရောပဖလား တစ်လုံး ရခဲ့သလို ချန်ပီယံလိဂ်လည်း ဝင်ခွင့်ရခဲ့တဲ့ ချဲလ်ဆီးက ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အဆင့် ၆ နေရာမှာ ရှိနေပါတယ်။ အုပ်စုတွင်းမှာလည်း ချဲလ်ဆီးကို အခက်တွေ့အောင် လုပ်နိုင်မယ့် အသင်း ဆိုလို့ ဘရာဇီးလ် ကလပ် ဖလာမင်ဂို တစ်သင်းလောက်သာ ရှိပြီး ကျန်ပွဲတွေ ကိုတော့ သက်တောင့်သက်သာ ကစားနိုင်မှာပါ။ သေချာတာ ကတော့ ချဲလ်ဆီးလည်း ဒီပြိုင်ပွဲမှာ အနိမ့်ဆုံး ကွာတားဖိုင်နယ် အထိ တက်လှမ်းနိုင်ဖို့ ရှိနေတယ် ဆိုတာပါပဲ။
ချဲလ်ဆီး – အဲလ်အေအက်ဖ်စီ (ဇွန် ၁၇)
ချဲလ်ဆီး – ဖလာမင်ဂို (ဇွန် ၂၁)
ချဲလ်ဆီး – အက်စ်ပီရန်စီ (ဇွန် ၂၅)
အက်စ်ပီရန်စီ
တူနီးရှား ကလပ် အက်စ်ပီရန်စီ ကတော့ ဘောလုံး ပရိသတ်တွေနဲ့ သိပ်ပြီး မရင်းနှီးတဲ့ ကလပ် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအသင်းက CAF ချန်ပီယံလိဂ်မှာ ၄ ကြိမ် ချန်ပီယံ ဖြစ်ထားသလို တူနီးရှား ပြည်တွင်းလိဂ်ရဲ့ အအောင်မြင်ဆုံး ကလပ် ဖြစ်ပါတယ်။ ဒါ့အပြင် အက်စ်ပီရန်စီ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ၂၀၁၁၊ ၂၀၁၈ နဲ့ ၂၀၁၉ တို့မှာ ၃ ကြိမ် အထိ ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပြီး ပြိုင်ပွဲ အတွေ့အကြုံလည်း ရှိပါတယ်။ ဒါပေမယ့်လည်း ကလပ် အဆင့်အတန်းအရ ချဲလ်ဆီးနဲ့ ဖလာမင်ဂို တို့ကိုတော့ ယှဉ်ပြိုင်နိုင်ဖို့ ခက်တာကြောင့် အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ရမယ့် အခြေအနေ ဖြစ်ပါတယ်။
အက်စ်ပီရန်စီ – ဖလာမင်ဂို (ဇွန် ၁၇)
အက်စ်ပီရန်စီ – အဲလ်အေအက်ဖ်စီ (ဇွန် ၂၁)
အက်စ်ပီရန်စီ – ချဲလ်ဆီး (ဇွန် ၂၅)
ဖလာမင်ဂို

အုပ်စု D ရဲ့ ဒုတိယမြောက် အင်အားအကြီးဆုံး အသင်း ဖြစ်ပြီးတော့ ဘရာဇီးလ် ထိပ်တန်း ကလပ်လည်း ဖြစ်တဲ့ ဖလာမင်ဂိုက ချဲလ်ဆီးနဲ့ အတူ သေချာပေါက် အုပ်စု အဆင့်ကို လွန်မြောက်နိုင်မယ့် အသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဖလာမင်ဂိုဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာတော့ အမြင့်ဆုံး အောင်မြင်မှု အနေနဲ့ ၂၀၁၉ ကာတာ မှာ လစ်ဗာပူးလ်ကို ရှုံးပြီး ဒုတိယ ရဖူးပါတယ်။ လက်ရှိ ဘရာဇီးလ် စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ ဖလာမင်ဂိုက ဒီပြိုင်ပွဲ အမှီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူ အားဖြည့်ထားပြီးတော့ ဒန်နီလို၊ အဲလက်စ် ဆန်ဒရို၊ အဲဗာတန်၊ ဂါဆန် တိုလို ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ဖလာမင်ဂိုကို ရလဒ်ကောင်းတွေ ရှာဖွေပေးထားတဲ့ အသက် ၃၉ နှစ် အရွယ် နည်းပြ ဖီလစ်ပီ လူးဝစ္စ ကလည်း အက်တလက်တီကိုမက်ဒရစ်၊ ချဲလ်ဆီး တို့မှာ ကစားသမား ဘဝ ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ဖလာမင်ဂိုမှာ ကစားသမားဘဝ အဆုံးသတ်ပြီး မကြာခင်မှာပဲ နည်းပြ ဖြစ်လာတဲ့ လူးဝစ္စက ဘရာဇီးလ် ကလပ်ကို ၅၁ ပွဲ ကိုင်တွယ်ရာမှာ ၃၃ ပွဲနိုင်၊ ၁၃ ပွဲ သရေ၊ ၅ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။ ဒီပြိုင်ပွဲမှာ ဘရာဇီးလ် ကလပ်တွေထဲက မဖြစ်မနေ စောင့်ကြည့်ရမယ့် ကလပ် တစ်ခုလည်း ဖြစ်ပါတယ်။
ဖလာမင်ဂို – အက်စ်ပီရန်စီ (ဇွန် ၁၇)
ဖလာမင်ဂို – ချဲလ်ဆီး (ဇွန် ၂၁)
ဖလာမင်ဂို – အဲလ်အေအက်ဖ်စီ (ဇွန် ၂၅)
အဲလ်အေအက်ဖ်စီ
အုပ်စု D ရဲ့ အိမ်ဖြည့် အသင်း ဖြစ်ပါတယ်။ အိမ်ရှင် ဆိုတဲ့ အားသာချက်က လွဲရင် ဒီပြိုင်ပွဲမှာ မေဂျာလိဂ် ကလပ်တွေက အိမ်ဖြည့်သာသာပဲ ရှိပါတယ်။ ဒီပြိုင်ပွဲမှာ အဲလ်အေအက်ဖ်စီ ပါဝင်လာခဲ့တာကြောင့် ဟူဂို လိုရစ်၊ အိုလီဗီယာ ဂျရူး တိုလို့ ကစားသမားတွေ ကိုတော့ အလွမ်းပြေ ပြန်လည် မြင်တွေ့ရမှာပါ။ နောက်ပြီး ဂျရူး ကလည်း အသင်းဟောင်း ချဲလ်ဆီးနဲ့ ပြန်လည် တွေ့ဆုံရမှာ ဖြစ်ပါတယ်။ လူစာရင်း အရရော၊ ခြေစွမ်းအရပါ အဲလ်အေအက်ဖ်စီဟာ အုပ်စုနဲ့ပဲ ကျေနပ်ရဖို့ ရှိပါတယ်။
အဲလ်အေအက်ဖ်စီ – ချဲလ်ဆီး (ဇွန် ၁၇)
အဲလ်အေအက်ဖ်စီ – အက်စ်ပီရန်စီ (ဇွန် ၂၁)
အဲလ်အေအက်ဖ်စီ – ဖလာမင်ဂို (ဇွန် ၂၅)
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.