နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲလ်ဟီလာ၊ ပါချူကာ၊ ရီးရဲလ်မက်ဒရစ်၊ ဆဲလ်ဘာ့ဂ်တို့ ပါဝင်တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု H ကို သုံးသပ်ကြည့်ခြင်း

ဖီဖာ ကလပ် ကမ္ဘာ့ဖလားရဲ့ အုပ်စု H မှာတော့ ဆော်ဒီပရိုလိဂ် ထိပ်သီး အဲလ်ဟီလာ၊ မက္ကဆီကို ကလပ် ပါချူကာ၊ ချန်ပီယံလိဂ် ဘုရင်ကြီး ရီးရဲလ်မက်ဒရစ်နဲ့ ဩစတြီးယား ကလပ် ဆဲလ်ဘာ့ဂ်တို့ ပါဝင်နေပါတယ်။ လွယ်မယောင်နဲ့ ခက်မယ့် အုပ်စုလို့ ပြောလို့ ရပြီးတော့ စိတ်ဝင်စားဖွယ် ထိပ်တိုက် တွေ့ဆုံမှုတွေကို ရှုစားရဦးမှာ ဖြစ်ပါတယ်။ အဲလ်ဟီလာနဲ့ ရီးရဲလ်မက်ဒရစ်တို့ ပါဝင်နေတာက ဒီအုပ်စုကို ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်သွားစေသလို မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်လာမလား ဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ်။

 

အဲလ်ဟီလာ

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာ ၂၀၂၂ ခုနှစ် မော်ရိုကို ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဒုတိယရခဲ့ပြီးတော့ ဒီပြိုင်ပွဲကို ဝင်ရောက် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ တစ်သင်းတည်းသော ဆော်ဒီပရိုလိဂ် ကလပ်လည်း ဖြစ်ပါတယ်။ အားလုံး သိကြတဲ့ အတိုင်း အဲလ်ဟီလာဟာ အာရှ ကလပ် ဖြစ်ပေမယ့် နည်းပြ ဆီမြွန်နီ အင်ဇာဂီ ဦးဆောင်လာမယ့် အသင်းက ဘွန်နူ၊ ကူလီဘလီ၊ ကန်ဆယ်လို၊ ရူဘင် နီးဗက်စ်၊ မီထရိုဗစ်၊ ဆာ့ဂျ် မီလန်ကိုဗစ် ဆာဗစ်၊ အဲလ်ဒေါဆာရီ၊ မဲလ်ကွန် တို့လို ကစားသမားတွေနဲ့ တောင့်တင်းတဲ့ အစုအဖွဲ့ကို ပိုင်ဆိုင်ထားပါတယ်။ ဒီအုပ်စုထဲမှာ အဲလ်ဟီလာ ကြောက်ရမယ့် အသင်းက ရီးရဲလ်မက်ဒရစ် တစ်သင်းပဲ ရှိပြီးတော့ ကျန် ကလပ်တွေ ကိုတော့ သူတို့ ခြေရည်တူ ကစားနိုင်စွမ်း ရှိပါတယ်။ နောက်တစ်ဆင့် တက်ရေး အတွက် ဆိုရင်တော့ အဲလ်ဟီလာ အနေနဲ့ ပါချူကာ၊ ဆဲလ်ဘာ့ဂ် တို့နဲ့ အဓိက ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အဲလ်ဟီလာ – ရီးရဲလ်မက်ဒရစ် (ဇွန် ၁၉)

အဲလ်ဟီလာ – ဆဲလ်ဘာ့ဂ် (ဇွန် ၂၃)

အဲလ်ဟီလာ – ပါချူကာ (ဇွန် ၂၇)

 

ပါချူကာ

မက္ကဆီကိုရဲ့ အအောင်မြင်ဆုံး ကလပ်တွေထဲက တစ်ခု ဖြစ်တဲ့ ပါချူကာ ကတော့ ကွန်ကာကပ်ဖ် ချန်ပီယံများဖလားမှာ ၆ ကြိမ် အထိ ဗိုလ်စွဲထားသလို ပြီးခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာလည်း ဗိုလ်လုပွဲ တက်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ပါချူကာက မွန်တာရေးနဲ့ အတူ ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ပါချူကာဟာ သူတို့ ပြီးခဲ့တဲ့ ဗိုလ်လုပွဲမှာ ၃ ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ တစ်အုပ်စုတည်း ကျရောက်နေသလို အဲလ်ဟီလာ၊ ဆဲလ်ဘာ့ဂ် တို့ကလည်း ခက်ခဲတဲ့ ပြိုင်ဘက်တွေ အဖြစ် ရှိနေမှာပါ။ 

ပါချူကာ – ဆဲလ်ဘာ့ဂ် (ဇွန် ၁၉)

ပါချူကာ – ရီးရဲလ်မက်ဒရစ် (ဇွန် ၂၃)

ပါချူကာ – အဲလ်ဟီလာ (ဇွန် ၂၇)

 

ရီးရဲလ်မက်ဒရစ်

ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ကလပ် ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ကတော့ ဒီပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ထိပ်ဆုံး ၅ သင်းထဲမှာ ရှိနေပါတယ်။
ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေတဲ့ ရီးရဲလ်မက်ဒရစ်

ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ကလပ် ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ကတော့ ဒီပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ထိပ်ဆုံး ၅ သင်းထဲမှာ ရှိနေပါတယ်။ နည်းပြသစ် ဇာဘီ အလွန်ဆို အတွက် သူ့ရဲ့ အရည်အချင်းတွေကို ထုတ်ပြရမယ့် အဖွင့် ပြိုင်ပွဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီပြိုင်ပွဲရဲ့ အရင်ပုံစံဟောင်းမှာ ၆ ကြိမ်အထိ ဗိုလ်စွဲခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ အသင်း အရေအတွက်လည်း ပိုတိုးလာတာကြောင့် သူတို့ အတွက် လွယ်ကူမယ် မထင်ပါဘူး။ ချန်ပီယံလိဂ် ဘုရင်ကြီး တို့ဟာ ဒီအုပ်စုမှာ သူတို့ထက် အင်အားနည်းတဲ့ အသင်းတွေ ပါဝင်နေတာကြောင့်တော့ ရှုံးထွက်တက်ရေး အခက်အခဲ ရှိနိုင်မယ် မထင်ပါဘူး။

ရီးရဲလ်မက်ဒရစ် – အဲလ်ဟီလာ (ဇွန် ၁၉)

ရီးရဲလ်မက်ဒရစ် – ပါချူကာ (ဇွန် ၂၃)

ရီးရဲလ်မက်ဒရစ် – ဆဲလ်ဘာ့ဂ် (ဇွန် ၂၇)

 

ဆဲလ်ဘာ့ဂ်

ဩစတြီးယား ကလပ် ဆဲလ်ဘာ့ဂ် ကတော့ ဖီဖာရဲ့ စပွန်ဆာရှစ် စည်းမျဉ်းတွေကြောင့် အပြင် ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ၄ ကြိမ်မှာ နိုင်ငံ တစ်နိုင်ငံကနေ အမြင့်ဆုံး အဆင့် ရတဲ့ အသင်း ဖြစ်နေတာကြောင့် ဒီပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆဲလ်ဘာ့ဂ်က ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အားအနည်းဆုံး အသင်းတွေထဲမှာ ပါနေပြီး အုပ်စု အဆင့် ကနေ တက်လှမ်းနိုင်ဖို့ ကတော့ တော်တော်လေး ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။

ဆဲလ်ဘာ့ဂ် – ပါချူကာ (ဇွန် ၁၉)

ဆဲလ်ဘာ့ဂ် – အဲလ်ဟီလာ (ဇွန် ၂၃)

ဆဲလ်ဘာ့ဂ် – ရီးရဲလ်မက်ဒရစ် (ဇွန် ၂၇)

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်