နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲလ်အာလီ၊ ပေါ်တို၊ အင်တာမိုင်ယာမီ၊ ပါးလ်မီးရက်စ်တို့ ပါဝင်တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု A ကို သုံးသပ်ကြည့်ခြင်း

ဒီနှစ် နွေရာသီ ကတော့ ဘောလုံး ပရိသတ်တွေ အတွက် သိပ်ပြီး ပျင်းရိရမှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ဇွန်လ ၁၅ ရက်နေ့ ကနေ ဇူလိုင်လ ၁၃ ရက်နေ့ထိ ကစားမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ရှိနေလို့ပါပဲ။ ဒီပြိုင်ပွဲဟာ မနှစ်က အထိ လူသိပ်ပြီး စိတ်မဝင်စားတဲ့ ပုံစံဟောင်းနဲ့ ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ ကမ္ဘာတစ်ဝှမ်းက ကလပ် အသင်းပေါင်း ၃၂ သင်းနဲ့ အုပ်စု အဆင့် ကနေ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဆုကြေးငွေ ကလည်း အမေရိကန် ဒေါ်လာ ၁ ဘီလီယံ အထိ ပေးအပ်သွားမှာ ဖြစ်သလို ချန်ပီယံ ဖြစ်တဲ့ အသင်း ကလည်း အမေရိကန် ဒေါ်လာ ၁၂၅ သန်း အထိ ရရှိသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဖီဖာ ကလပ် ကမ္ဘာ့ဖလားဟာ ကမ္ဘာ့ဖလား လိုပဲ ၄ နှစ်မှ တစ်ကြိမ် ကျင်းပသွားတော့မှာ ဖြစ်တာကြောင့်လည်း ပြိုင်ပွဲက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသွားခဲ့ပါတယ်။

အခု တစ်ခါမှာတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု A မှာ ပါဝင်တဲ့ အသင်းတွေ အကြောင်းကို အကျဉ်းချုံး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီအုပ်စု မှာတော့ အီဂျစ် ထိပ်သီး အဲလ်အာလီ၊ ပေါ်တူဂီ ကလပ် ပေါ်တို၊ လီယွန်နယ် မက်ဆီရဲ့ အင်တာမိုင်ယာမီ၊ ဘရာဇီးလ် ကလပ် ပါးလ်မီးရက်စ်တို့ ပါဝင်နေပါတယ်။

 

အဲလ်အာလီ

အီဂျစ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၄၅ ကြိမ် ရရှိထားပြီး လက်ရှိ ချန်ပီယံလည်း ဖြစ်တဲ့ အဲလ်အာလီ ကတော့ အာဖရိက ကလပ်ပေမယ့် လျှော့တွက်လို့ မရပါဘူး။ အဲလ်အာလီဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၀ ကြိမ် ကစားခဲ့ဖူးပြီး ဒီပြိုင်ပွဲ သမိုင်းတစ်လျှောက် တခြားသော ကလပ်တွေထက် ပိုတဲ့ အကြိမ်အရည်အတွက်လည်း ဖြစ်ပါတယ်။ အဲလ်အာလီက ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ အမြင့်ဆုံး အောင်မြင်မှု အနေနဲ့တော့ လွန်ခဲ့တဲ့ နှစ်နှစ်က အူရာရက်ဒိုင်းမွန်းကို အနိုင်ယူပြီး တတိယဆု ရရှိထားခဲ့ပါတယ်။ ဒေသတွင်း ကစားသမားတွေနဲ့ စုဖွဲ့ထားပေမယ့် အသင်းလိုက် ကစားပုံ ကောင်းမွန်ပြီး ဒီပြိုင်ပွဲမှာလည်း အတွေ့အကြုံ ရှိလို့ ပြိုင်ဘက် ကလပ်တွေ ခက်ခက်ခဲခဲ ကစားရမယ့် အသင်း ဖြစ်ပါတယ်။

အဲလ်အာလီ – အင်တာမိုင်ယာမီ (ဇွန် ၁၅)

အဲလ်အာလီ – ပါးလ်မီးရက်စ် (ဇွန် ၁၉)

အဲလ်အာလီ – ပေါ်တို (ဇွန် ၂၄)

 

ပေါ်တို

ဒီပေါ်တူဂီ ထိပ်သီး ကလပ် ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဦးဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ချန်ပီယံ ၂ ကြိမ်စီ ဖြစ်ထားတဲ့ ပေါ်တို

ဒီပေါ်တူဂီ ထိပ်သီး ကလပ် ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဦးဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဥရောပ ကလပ် ဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် မှာ ချန်ပီယံ ၂ ကြိမ်စီ ဖြစ်ထားပေမယ့် နောက်ပိုင်း နှစ်တွေ မှာတော့ အရှိန်အဝါ ကျဆင်းလာတဲ့ အသင်း ဖြစ်ပါတယ်။ အသင်းမှာ လူသိများတဲ့ ထိပ်တန်း ကစားသမား နည်းပါးပြီးတော့ ဒီရယ်လို၊ ဖေဘီယို ဗီအဲရာ၊ အက်ဂ်ဟီဟိုဝါ တို့လောက်ပဲ ရှိပါတယ်။ ပြီးခဲ့တဲ့ ရာသီ ပေါ်တူဂီလိဂ်မှာ အဆင့် ၃ နေရာနဲ့ပဲ ရာသီသိမ်းခဲ့တဲ့ ပေါ်တို က အုပ်စု A ရဲ့ အတောင့်တင်းဆုံး အသင်း အဖြစ် သတ်မှတ်လို့ ရပေမယ့် ဒီပြိုင်ပွဲ အောင်မြင်မှု ရဖို့တော့ အများကြီး မျှော်လင့်ထားရမယ့် အသင်း မဟုတ်ပါဘူး။

ပေါ်တို – ပါးလ်မီးရက်စ် (ဇွန် ၁၆)

ပေါ်တို – အင်တာမိုင်ယာမီ (ဇွန် ၂၀)

ပေါ်တို – အဲလ်အာလီ (ဇွန် ၂၄)

 

အင်တာမိုင်ယာမီ

လီယွန်နယ် မက်ဆီရဲ့ အရှိန်အဝါနဲ့ ဒီပြိုင်ပွဲမှာ ပါဝင်လာတဲ့ အင်တာမိုင်ယာမီ ကလည်း တကယ်တမ်းတော့ ဒီအုပ်စုမှာ အားအနည်းဆုံးလို့တောင် ပြောလို့ ရပါတယ်။ ဒီပြိုင်ပွဲ ကိုလည်း အခုမှ စပြီး ကစားမှာပါ။ အင်တာမိုင်ယာမီက ဧပြီလလယ် ကနေ မေလလယ်လောက် အထိ ရလဒ်တွေ ဆိုးရွားခဲ့ပြီးမှ နောက်ဆုံး ၂ ပွဲဆက် ပြန်နိုင်ပြီး ခေါင်းပြန်မော့လာတဲ့ အသင်းပါ။ ဂျားဗီးယား မာရှေယာနိုရဲ့ လက်အောက်မှာ အင်တာမိုင်ယာမီက ၁၃ ပွဲနိုင်၊ ၅ ပွဲ သရေ၊ ၆ ပွဲ ရှုံးထားပြီး ခြေစွမ်းက သိပ်တော့ အားရစရာ မရှိပါဘူး။ ပြိုင်ပွဲကြီး အတွေ့အကြုံရင့် မက်ဆီ၊ ဘူးစကွက်စ်၊ ဆွာရက်ဇ် တို့ကို အားကိုးရမှာ ဖြစ်ပြီး ယော်ဒီ အဲလ်ဘာ ကတော့ ဒဏ်ရာကြောင့် ပါဝင် ကစားနိုင်ဖို့ မသေချာသေးပါဘူး။ စိတ်မကောင်းစွာနဲ့ GOAT ကြီး မက်ဆီ ပါဝင်မယ့် အသင်းကို အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ရမယ်လို့ ခန့်မှန်းထားချင်ပါတယ်။

အင်တာမိုင်ယာမီ – အဲလ်အာလီ (ဇွန် ၁၅)

အင်တာမိုင်ယာမီ – ပေါ်တို (ဇွန် ၂၀)

အင်တာမိုင်ယာမီ – ပါးလ်မီးရက်စ် (ဇွန် ၂၄)

 

ပါးလ်မီးရက်စ်

ပါးလ်မီးရက်စ် ကတော့ ဘရာဇီးလ် ကလပ်တွေထဲမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို ၅ ကြိမ်မြောက် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရထားတဲ့ အသင်းပါ။ ဖီဖာ ကလပ် ကမ္ဘာ့ဖလားလို့ ဖြစ်မလာခင် ၁၉၅၁ မှာ ချန်ပီယံ တစ်ကြိမ် ရထားပြီးတော့ ၁၉၉၉၊ ၂၀၂၀၊ ၂၀၂၁ နဲ့ အခု ၂၀၂၅ တို့မှာ ဝင်ရောက် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ယူအေးအီး နိုင်ငံမှာ ကျင်းပတဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီးတော့ ချဲလ်ဆီးကို ရှုံးနိမ့်ကာ ဒုတိယဆု ရရှိခဲ့ဖူးပါတယ်။ တောင်အမေရိက ကလပ်ပီပီ ကြံ့ခိုင်မှု အသားပေး ကစားတတ်ပြီးတော့ ပြိုင်ပွဲ အတွေ့အကြုံလည်း များတာကြောင့် ပေါ်တို ပြီးရင် အုပ်စု A ရဲ့ အတောင့်တင်းဆုံး အသင်း အဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ပါးလ်မီးရက်စ် – ပေါ်တို (ဇွန် ၁၆)

ပါးလ်မီးရက်စ် – အဲလ်အာလီ (ဇွန် ၁၉)

ပါးလ်မီးရက်စ် – အင်တာမိုင်ယာမီ (ဇွန် ၂၄)

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်