နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီဘရွန်းနားရဲ့ နေရာမှာ အစားထိုးဖို့ မန်စီးတီး ပစ်မှတ်ထားနေတဲ့ ကစားသမား ၃ ဦး | ကလပ်ကမ္ဘာ့ဖလား

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ပပ် ဂွာဒီယိုလာရဲ့ အသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း ပေါင်သန်း ၁၈၀ သုံးစွဲခဲ့ပေမယ့်လည်း လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ငွေထပ်မံ သုံးစွဲဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ 

မန်စီးတီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရပြီးတော့ ဖလား လက်မဲ့ ရာသီ အဖြစ်နဲ့ အဆုံးသတ်ခဲ့ရတာပါ။ ဒါကြောင့် နည်းပြ ဂွာဒီယိုလာက သူ့ရဲ့ အသင်းကို ရာသီသစ် အတွက် ပြင်ဆင်မှုတွေ ပြုလုပ်တဲ့ အနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ထိပ်တန်း ကစားသမားတွေ ခေါ်ယူ အားဖြည့်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ မန်စီးတီး ဥက္ကဋ္ဌ ဖြစ်သူ အဲလ်မူဘာရက်ခ်က ကစားသမားသစ် ခေါ်ယူမှုတွေကို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် အပြီးသတ်နိုင်ဖို့ ရည်မှန်းထားကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။  

ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတော့ ဇွန် ၁၄ ရက် ကနေ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီးတော့ လက်ရှိ ချန်ပီယံ မန်စီးတီးက အုပ်စု (G) မှာ ဝီဒတ်၊ အဲလ်င်၊ ဂျူဗင်တပ်စ် တိုနဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ မန်စီးတီး အနေနဲ့ ပြီးခဲ့တဲ့ရာသီက ဖလားလက်မဲ့ ဖြစ်ခဲ့တာကြောင့် အနီးစပ်ဆုံး ဖြစ်တဲ့ ဒီပြိုင်ပွဲမှာ အောင်မြင်မှု ရယူဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မန်စီးတီးဟာ ကွင်းလယ်ပိုင်း အတွက် ထိပ်တန်း ကစားသမား တော်တော်များများကို စောင့်ကြည့်နေပေမယ့် သတင်း အထွက်ဆုံး ကစားသမား ကတော့ ၃ ဦးပဲ ရှိပါတယ်။ 

 

တီဂျန်နီ ရီအင်ဒါ (အေစီမီလန်)

မန်စီးတီးဟာ အသက် ၂၆ နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကစားသမားကို ဒီနွေရာသီ အပြောင်းအရွှေ့မှာ အဓိက ပစ်မှတ်ထား ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ကီဗင် ဒီဘရွန်းနား၊ ကိုဗာချစ် တို့ မရှိတော့တဲ့နောက် ရီအင်ဒါကို သူတို့ရဲ့ နေရာ အတွက် အစားထိုး ဝင်ရောက်မယ့် ကစားသမား အဖြစ် မန်စီးတီးက ရှုမြင်ထားတာပါ။ ဒါ့အပြင် ပပ် ဂွါဒီယိုလာ ကိုယ်တိုင် ကလည်း ရီအင်ဒါရဲ့ ခြေစွမ်းကို သဘောကျနေပြီးတော့ အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ဒီကစားသမား အတွက် ကိုတော့ မန်စီးတီးက ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ဝန်းကျင် သုံးစွဲရဖွယ် ရှိနေပါတယ်။ ရီအင်ဒါ ကတော့ ပပ် ဂွါဒီယိုလာ အလိုအရှိဆုံး ကစားသမား ဖြစ်ကြောင်းလည်း သိရပါတယ်။ 

 

ရေယန် ချာကီ (လိုင်ယွန်)

ဒီအခြေအနေမှာ မန်စီးတီး ဥက္ကဋ္ဌ ဖြစ်သူ အဲလ်မူဘာရက်ခ်က ကစားသမားသစ် ခေါ်ယူမှုတွေကို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် အပြီးသတ်နိုင်ဖို့ ရည်မှန်းထားကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။
ဒီဘရွန်းနား နေရာ အတွက် ကစားသမား ရှာဖွေနေတဲ့ မန်စီးတီး

ဒီကစားသမား ကတော့ အသက် ၂၁ နှစ် အရွယ်သာ ရှိနေသေးပြီး ပြီးခဲ့တဲ့ ရာသီက လိုင်ယွန် အတွက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ ချာကီက ပြိုင်ပွဲစုံမှာ ၄၄ ပွဲ အထိ ကစားပေးခဲ့ပြီး ၁၂ ဂိုး သွင်းကာ ဖန်တီးမှု အကြိမ် ၂၀ အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ဥရောပထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေသူပါ။ Goal.com မှာတော့ ပပ် ဂွါဒီယိုလာ ကိုယ်တိုင်က ကစားသမားကို တိုက်ရိုက် ဆက်သွယ် စကားပြောထားတယ်လို့ ဖော်ပြထားပြီး ယူရို သန်း ၄၀ လောက်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့လည်း သိရပါတယ်။ 

 

မော်ဂန် ဂစ်ဘ်ဝှိုက် (နော့တင်ဟမ်ဖောရက်စ်)

မန်စီးတီးဟာ အင်္ဂလန်သားကို အခုမှ စိတ်ဝင်စားခဲ့တာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေထဲက စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ မန်စီးတီးက ဂစ်ဘ်ဝှိုက်ကို စိတ်ဝင်စားမှု လျော့ကျသွားပြီးတော့ ရီအင်ဒါနဲ့ ချာကီ တို့ဘက်ကို ပြောင်းလဲ ပစ်မှတ်ထားသွားခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ ဂစ်ဘ်ဝှိုက် အနေနဲ့ ပြီးခဲ့တဲ့ ရာသီက အပေါ်က ကစားသမား နှစ်ဦးလောက် စွမ်းဆောင်ရည် မပြသနိုင်ခဲ့တာကြောင့် ဖြစ်နိုင်သလို ဖောရက်စ် ဘက်က အလွယ်တကူ လက်လွှတ်မှာ မဟုတ်တဲ့ အခြေအနေကို သိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်