နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်း ပရိသတ်တွေကို နောက်ရာသီ ချန်ပီယံလိဂ် ဖလား ယူပေးမယ် ဆိုပြီး ကြုံးဝါးလိုက်တဲ့ ယာမယ်

ဒီနှစ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်တဲ့ ဘာစီလိုနာ ကတော့ ဆီမီးဖိုင်နယ်မှာ အင်တာမီလန်ကို နှစ်ကျော့ပေါင်း ရလဒ် ၇-၆ နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။ ဒီလို ဆီမီးဖိုင်နယ် နဲ့ပဲ ကျေနပ်ခဲ့ရပေမယ့်လည်း ဘာစီလိုနာ တိုက်စစ် ကြယ်ပွင့် လာမင်း ယာမယ် ကတော့ နောက်ရာသီ ချန်ပီယံလိဂ် ဖလား ယူပေးမယ် ဆိုပြီး အသင်း ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

ယာမယ်က “ကျွန်တော်တို့ အားလုံး အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒီနှစ်တော့ မရခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပြန်လာမှာပါ။ ဘာဆာ ပရိသတ်တွေ သံသယ မရှိပါနဲ့။ ဒီကလပ်ကို ထိုက်တန်တဲ့ နေရာ အမြင့်ဆုံး နေရာကို မရောက်မချင်း ကျွန်တော်တို့ ရပ်တန့်မှာ မဟုတ်ဘူး။ ကျွန်တော့် ကတိကို တည်စေမှာပါ။ ဘာစီလိုနာမြို့ဆီကို ချန်ပီယံလိဂ် ဖလား ယူလာ ပေးမှာပါ။ ကျွန်တော်တို့ မရတဲ့ အထိ ရပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တနင်္ဂနွေနေ့ ကလည်း နောက်ထပ် ဗိုလ်လုပွဲ တစ်ပွဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး အတူတူ ရှိနေရပါမယ်။ ဘာဆာ ရေရှည် တည်တံ့ပါစေ။” လို့ ယာမယ်လ်က သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာ ကနေ တဆင့် အခုလိုပဲ ရေးသားခဲ့ပါတယ်။

ဘာစီလိုနာမြို့ဆီကို ချန်ပီယံလိဂ် ဖလား ယူလာ ပေးမှာပါ။ ကျွန်တော်တို့ မရတဲ့ အထိ ရပ်မှာ မဟုတ်ပါဘူး။
ချန်ပီယံလိဂ် ဖလား ရတဲ့အထိ မရပ်တန့်ဘူး ဆိုတဲ့ လာမင်း ယာမယ်

ဘာစီလိုနာဟာ ဆန်စီရိုမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေရာ ကနေ ဒုတိယပိုင်းမှာ ပြန်လာနိုင်ခဲ့ပြီး အနိုင်ရလုနီးပါး ဖြစ်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုး ခွင့်ပြုပေးလိုက်ရတာကြောင့် အချိန်ပို အထိ ကစားခဲ့ရပြီးတော့ ၄-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာက နှစ်ကျော့ပေါင်း ရလဒ် ၇-၆ နဲ့ ရှုံးနိမ့်ပြီးတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကနေပါ ထွက်ခဲ့ရပါတယ်။ ဒီလို ဒရမ်မာဆန်တဲ့ ရှုံးပွဲနဲ့ ရင်ဆိုင်ရ အပြီးမှာတော့ လာမင်း ယာမယ်က လာမယ့် နှစ်တွေမှာ ဥရောပရဲ့ အကြီးကျယ်ဆုံး ဆုဖလားကို ဘာစီလိုနာ ပရိသတ်တွေ အတွက် အရ ယူလာပေးမယ်လို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။

ဘာဆာ အတွက် အရေးပါတဲ့ တတိယမြောက် ဂိုးကို ပွဲပြီးခါနီး ၈၇ မိနစ်မှာ သွင်းယူပေးခဲ့တဲ့ တောင်ပံကစားသမား ရာဖင်ညာ ကလည်း စိတ်ပျက်နေခဲ့ပြီး X မှာ ပိုစ့်တင်ခဲ့ပါသေးတယ်။ “ကျွန်တော်တို့ ပိုပြီး အားကောင်းစွာနဲ့ ပြန်လာပါမယ်။ ပရိသတ်တွေ အားလုံးရဲ့ ပံ့ပိုးမှု အတွက် ကျေးဇူးတင်ပါတယ်။ ဘာဆာ ပရိသတ်တွေ။ ကျွန်တော် တို့နဲ့ အတူတူ ရှိနေတုန်းပါပဲ။ ဒီရာသီက မပြီးသေးပါဘူး။ နေ့တိုင်း နေ့တိုင်း ဒီဂျာစီကို ဝတ်ဆင်ရတာ ပိုပြီး ဂုဏ်ယူရပါတယ်။ ဒီအသင်း အတွက် ဂုဏ်ယူပါတယ်။ ဘာကာ အမြဲတမ်း အဓွန့်ရှည် တည်တံ့ပါစေ။” လို့ ရာဖင်ညာက ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ ကတော့ နည်းပြ ဟန်ဆီ ဖလစ်ခ်နဲ့ အတူ ဒီရာသီမှာ ပြည်တွင်း ဆုဖလား ၂ လုံး ဖြစ်တဲ့ စပိန် စူပါဖလားနဲ့ ကိုပါဒယ်ရေးဖလား တို့ ဆွတ်ခူးထားခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာ လာလီဂါ အမှတ်ပေးဖလား ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်နေပြီးတော့ လက်ကျန် ပွဲတွေမှာ ခြေမချော်ဖို့ပဲ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ လာမယ့် တနင်္ဂနွေနေ့ မှာလည်း အိမ်ကွင်း ပွဲစဉ် အဖြစ် ခါးသီး ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီပွဲရလဒ်က လာလီဂါ အမှတ်ပေးချန်ပီယံဆု အတွက် အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်