ဥရောပဘောလုံး အဖွဲ့ချုပ် အနေနဲ့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ပြိုင်ပွဲတွေမှာ လိဂ်အဆင့် ရပ်တည်မှု မြင့်မားတဲ့ အသင်းတွေ အားသာချက် ရရှိစေမယ့် စည်းမျဉ်း အပြောင်းအလဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ယူအီးအက်ဖ်အေဟာ လာမယ့် ရာသီမှာ ကျင်းပမယ့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ယူရိုပါကွန့်ဖရင့်လိဂ် ပြိုင်ပွဲ ၃ ခု အတွက် စည်းမျဉ်း အပြောင်းအလဲတွေ စတင် ပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ယူအီးအက်ဖ်အေ ကတော့ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ရာသီမှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ပြိုင်ပွဲတွေကို League Phase ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲအားလုံးမှာ ယခင်က အုပ်စု အဆင့် ပုံစံနဲ့ မဟုတ်တော့ပဲ လိဂ်အဆင့် ပုံစံနဲ့ စတင် ယှဉ်ပြိုင်ကြရတာ ဖြစ်ပါတယ်။
လိဂ်အဆင့် ပြီးတဲ့နောက် မှာတော့ ပလေးအော့ဖ်နဲ့ ၁၆ သင်း အဆင့် ပွဲစဉ်တွေကို ကစားရတာ ဖြစ်ပါတယ်။ ပွဲစဉ်တွေ ရေးဆွဲရာမှာတော့ ဆီဒင် ရရှိတဲ့ အသင်းတွေ အနေနဲ့ ဒုတိယအကျော့ ပွဲစဉ်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခွင့် ရရှိရန် သတ်မှတ်ခဲ့ပေမယ့်လည်း ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ် အဆင့်တွေ မှာတော့ သတ်မှတ်ခဲ့ခြင်း မရှိပါဘူး။ ဒါကြောင့် လိဂ်အဆင့်မှာ စွမ်းဆောင်ရည် ကောင်းမွန်ခဲ့တဲ့ အသင်းတွေ အနေနဲ့ နစ်နာမှု ရှိခဲ့ကြောင်း ထောက်ပြမှုတွေ ရှိခဲ့တဲ့ အတွက် လာမည့်ရာသီမှာ အပြောင်းအလဲ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ယူအီးအက်ဖ်အေ အနေနဲ့ လာမယ့် ရာသီမှာ လိဂ် အဆင့် (League Phase) မှာ ရပ်တည်မှု မြင့်မားခဲ့တဲ့ အသင်းတွေကို ဆီမီးဖိုင်နယ် အဆင့် အထိ ဆီဒင်ရ အသင်းတွေ အဖြစ် သတ်မှတ်ကာ ဒုတိယအကျော့ ပွဲစဉ်တွေကို အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားစေမှာ ဖြစ်ကြောင်း သိရသည်။ ယူအီးအက်ဖ်အေ အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ပြီးခဲ့တဲ့ ရက်က ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲ ကျင်းပရေး ကော်မတီ အစည်းအဝေးမှာ အခုလို စည်းမျဉ်း အပြောင်းအလဲ ပြုလုပ်ဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီ သဘောတူညီချက်ကို လာမယ့် သြဂုတ်လ အတွင်း ကျင်းပမယ့် လိဂ်အဆင့် မဲခွဲပွဲ မတိုင်ခက် အမှုဆောင် ကော်မတီ အစည်းအဝေးမှာ အတည်ပြုဖို့ ကျန်ရှိနေသးပေမယ့်လည်း လက်ခံဖွယ် ရှိကြောင်း သိရပါတယ်။ ဒီလိုမျိုး စည်းမျဉ်း အပြောင်းအလဲ ပြုလုပ်လိုက်ခြင်းကြောင့် လိဂ်အဆင့်မှာ ရပ်တည်မှု မြင့်မားဖို့ ပိုပြီး အရေးကြီးလာတဲ့ အတွက် လိဂ်အဆင့်မှာ ပြိုင်ဆိုင်မှု ပိုမို မြင့်မားလာဖွယ် ရှိကြောင်း သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ပီအက်စ်ဂျီ ကတော့ လိဂ် အဆင့် ၈ ပွဲ ကစားရာမှာ ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးခဲ့ပြီးတော့ အမှတ်ပေးဇယား အဆင့် ၁၅ နေရာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ် ထိပ်သီး တို့က ပလေးအော့ဖ် ကစားခဲ့ရပြီး ဘရတ်စ်ကို နှစ်ကျော့ပေါင်း ၁၀-၀ ရလဒ်နဲ့ ကျော်ဖြတ်ခဲ့ပါတယ်။ အဲဒီနောက် ၁၆ သင်း အဆင့် မှာတော့ ပီအက်စ်ဂျီက လစ်ဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် နှစ်ကျော့ပေါင်း ၁-၁ ရလဒ် ထွက်နေခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး ၁-၄ ရလဒ်နဲ့ ကွာတားဖိုင်နယ် တက်ခဲ့ပါတယ်။ ကွာတားဖိုင်နယ် မှာတော့ ဗီလာ၊ ဆီမီးဖိုင်နယ် မှာတော့ အာဆင်နယ် တို့ကို ပီအက်စ်ဂျီက ပုံစံကောင်း တစ်ခုနဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့ပြီးတော့ ဗိုလ်လုပွဲ မှာတော့ အင်တာမီလန်ကို ၅-၀ ရလဒ်နဲ့ အနိုင်ရကာ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.