အင်တာမီလန် – ဘာစီလိုနာ
မနက်ဖြန် ညမှာတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေဆက်လက် ကစားဖို့ ရှိပြီးအင်တာမီလန်ကဘာစီလိုနာကိုဆန်စီရိုမှာဧည့်ခံရမှာပါ။ပထမအကျော့ စပိန်မြေမှာမထင်မှတ်ထားတဲ့ ပုံစံနဲ့ ဘာစီလိုနာကိုအခက်တွေ့စေခဲ့ပြီး ၃ ဂိုးစီသရေရအောင် စွမ်းဆောင်ခဲ့တဲ့ အင်တာမီလန်တို့ အိမ်ကွင်းအားသာချက်ကိုအကောင်းဆုံးအသုံးချသွားနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ။
ပထမအကျော့ ဘာစီလိုနာအိမ်ကွင်းမှာအင်တာမီလန် ကစားသွားပုံကတော်တော်လေးကောင်းပါတယ်။ ရင်သပ် ရှုမောဖွယ်ရာအရည်အသွေးမြင့် သွင်းဂိုးတွေနဲ့ ဒရမ်မာဆန်ခဲ့ပြီးအင်တာမီလန်ရဲ့ လက်တွေ့ဆန်တဲ့ ပွဲချဉ်းကပ်ပုံကြောင့် ဘာစီလိုနာတို့ ရုန်းကန်ခဲ့ရပါတယ်။ဒါပေမယ့်လည်းဘာစီလိုနာကတော့ ဘာစီလိုနာပဲဖြစ်ခဲ့ပြီးအရည်အသွေးမြင့် ကစားသမားတွေရဲ့ တစ်ကိုယ်တော် စွမ်းဆောင်ရည်တွေ၊ အသင်းလိုက် ချိတ်ဆက်မှုတွေနဲ့ မရှုံးအောင်တော့ ကစားနိုင်ခဲ့ပါတယ်။ ဒီတော့ အခုပွဲမှာဘယ်အသင်းကအသာရပြီးချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတက်လှမ်းသွားမလဲဆိုတာကနည်းနည်းတော့ ပြောရခက်ပါတယ်။ အင်တာမီလန် အိမ်ကွင်းဖြစ်နေတာကိုမေ့ထားလိုက်ပြီးအခွင့်အရေးက ၅၀-၅၀ ပါပဲ။
နှစ်သင်းစလုံးဒီချန်ပီယံလိဂ်ပွဲမတိုင်ခင် ရှေ့ရက်မှာသက်ဆိုင်ရာလိဂ်ပွဲတွေကိုယ်စီကစားခဲ့ပြီးနိုင်ပွဲတွေလည်းရရှိထားခဲ့ပါတယ်။ တစ်ခုရှိတာကဒီပွဲကိုအင်တာမီလန်ရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ လော်တာရိုမာတီနက်ဇ် လွဲချော်ဖို့ ရှိနေတာကြောင့် တိုက်စစ်ပိုင်းကအနည်းငယ် အားနည်းနေမှာဖြစ်သလိုဘာစီလိုနာဘက်မှာလည်းလီဝမ်ဒေါစကီးပါဝင်ကစားဖို့ မသေချာသေးသလိုနောက်ခံလူဂျူးလ်စ် ကွန်ဒေး လည်းလွဲချော်မှာပါ။ သေချာတာကတော့ ပထမအကျော့ လူစာရင်းအတိုင်းအပြောင်းအလဲသိပ်မရှိပဲပွဲထွက်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် အင်တာမီလန်တို့ အိမ်ကွင်းမှာကစားရမှာဖြစ်ပေမယ့် ခံစစ်ကိုကျစ်ကျစ်လျစ်လျစ် ကစားပြီးအခွင့်အရေးရတာနဲ့ အပိုင်အသုံးချဖို့ ပြင်ဆင်လာပါလိမ့်မယ်။ ဘာစီလိုနာကတော့ လိုအပ်နေတဲ့ သွင်းဂိုးတွေအတွက် ယာမယ်၊ ရာဖင်ညာတို့ရဲ့ ထက်မြတ်တဲ့ တောင်ပံတိုက်စစ်တွေနဲ့ အင်တာမီလန်ရဲ့ ခံစစ်ကိုကျော်ဖြတ်ဖို့ ကြိုုးစားပါလိမ့်မယ်။
နှစ်ဖက်အသင်းသတင်းများ

အခုပွဲကိုတော့အင်တာမီလန် ဘက်ကဘင်ဂျာမင် ပါဗက်၊ လော်တာရိုမာတီနက်ဇ်နဲ့ ကာဘိုနီတို့ လွဲချော်မှာဖြစ်ပြီးဘာစီလိုနာဘက်မှာတော့ ကွန်ဒေး၊ ဘာနဲလ်၊ ကာဆာဒိုတို့
လွဲချော်ပါမယ်။ ဒါ့အပြင် လီဝမ်ဒေါစကီး၊ ပါဘလိုတိုရေးနဲ့ ဒန်နီရယ် ရိုဒရီဂွက်ဇ် တို့ကလည်းပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း
အင်တာမီလန် -ဆွမ်မား၊ ဘစ်ဆက်ခ်၊ အကာဘီ၊ ဘက်စတိုနီ၊ ဒမ်းဖရီးစ်၊ ဘာရယ်လာ၊ ချလနောဂလူ၊ မက်ခီတာရန်၊ ဒီမာကို၊ အာနူတိုဗစ်၊ သူရမ်
ဘာစီလိုနာ-ရှက်ဇီနီ၊ ဂါစီယာ၊ အာရူဟို၊ ကူဘာဆီ၊ မာတီနက်ဇ်၊ ဒီယောင်၊ ပီဒရီ၊ ယာမယ်၊ အော်လမို၊ ရာဖင်ညာ၊ ဖာရန်းတောရက်စ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့နောက်ဆုံး၅ပွဲရလဒ်
ဒီနှစ်သင်းက၇ကြိမ် တွေ့ဆုံထားရာမှာအင်တာမီလန်က ၁ ကြိမ်နိုင်၊ ဘာစီလိုနာက ၃ ကြိမ် နိုင်ပြီး ၃ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။အင်တာမီလန် အိမ်ကွင်းမှာကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာတော့ ၁ ကြိမ်စီအနိုင်ရထားကာ ၁ ကြိမ် သရေကျထားပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲရလဒ်ကိုပြန်ကြည့်ရင်တော့ အင်တာမီလန်ကနိုင်ပွဲ ၁ ပွဲသာရှိထားပြီး ၁ ပွဲသရေ၊ ၃ ပွဲရှုံးထာပါတယ်။ဘာစီလိုနာကတော့ ၄ ပွဲနိုင်၊ ၁ ပွဲသရေကျထားကာပုံစံကောင်းတွေရနေပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်
SBOTOPရဲ့ 1X2 မှာအင်တာမီလန်နိုင်ရင်၂.၇၈ဆ၊ဘာစီလိုနာနိုင်ရင်တော့၂.၁၅ဆ၊သရေဆိုရင်တော့၃.၆၀ဆရမှာဖြစ်ပါတယ်။အာရှဟန်းဒီးကပ်မှာတော့ဘာစီလိုနာဘက်ကခပ်ပါးပါးကြေးဖွင့်ပေးထားပြီးတော့ ဂိုးပေါင်းကတော့ ၃ လုံးကစဖွင့်ပါတယ်။ နှစ်သင်းစလုံးသတိကြီးကြီးထားပြီးကစားရမယ့် ပွဲဖြစ်ပါတယ်။ ဒါပေမယ့်လည်းနှစ်ဖက်စလုံးမှာ Talent Players တွေပါနေသလိုဂိုးရအောင် ဘယ်လိုကစားရမယ် ဆိုတာသိနေတဲ့ အသင်းတွေဖြစ်နေတာကြောင့်တော့ ပထမအကျော့အတိုင်းအပြန်အလှန် သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုရသအပြည့်ပေးမယ့် ပွဲဖြစ်လာဦးမယ် ဆိုတာယုံကြည်ပါတယ်။ ကျွန်တော် ကတော့ သာမန် ပွဲချိန် အတွင်းအပြန်အလှန် ဂိုးတွေသွင်းရင်းသရေကျသွားမယ့် ပွဲလို့ ထင်ပါတယ်။ နောက်တစ်ဆင့် တက်မယ့် အသင်းဆိုရင်တော့ ဘာစီလိုနာကိုပဲရွေးချယ်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
အင်တာမီလန် ၂-၂ဘာစီလိုနာ (အချိန်ပိုသို့မဟုတ် ပင်နယ်တီနဲ့ ဘာစီလိုနာဗိုလ်လုပွဲတက်)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.