ပီအက်စ်ဂျီနဲ့ အင်တာမီလန် ကတော့ လာမယ့် ဇွန်လ ၁ ရက်နေ့ ဂျာမန်နိုင်ငံ မြူးနစ်က အလိုင်းရန့်ဇ် အရီနာမှာ ချန်ပီယံလိဂ် ဖလားကို လုကြရမှာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်မှာ နှစ်ဖက်အသင်း နည်းပြတွေ အနေနဲ့ စကားစစ်ထိုးတာတွေ ပြုလုပ်လျက် ရှိနေပြီး အခုတစ်ခါမှာလည်း အင်တာမီလန် နည်းပြ ဆီမြွန်နီ အင်ဇာဂီက ပြိုင်ဘက် အသင်း အပေါ် ပြောဆိုမှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။ အင်ဇာဂီက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက် ပီအက်စ်ဂျီ အပေါ် လေးစားမှု အပြည့် ရှိနေပေမယ့်လည်း အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အင်ဇာဂီက “ပီအက်စ်ဂျီက အရမ်းကောင်းတဲ့ အသင်း ဖြစ်ပြီး ထိပ်တန်း နည်းပြ အန်နရီကေးလည်း ရှိနေပါတယ်။ သူတို့ အသင်းမှာ ပါရမီရှင် ကစားသမားတွေ ရှိနေတာကြောင့် ကျွန်တော်တို့ အနေနဲ့ ပြီးပြည့်စုံအောင် ကစားနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပီအက်စ်ဂျီ အသင်း အပေါ် လေးစားမှု အပြည့် ရှိပေမယ့် ဗိုလ်လုပွဲမှာ သူတို့ကို အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ သူတို့ကို လေးစားပေမယ့် ကြောက်ရွံနေတာမျိုးတော့ မရှိပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

အင်တာမီလန် ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နောက်ဆုံး ၃ နှစ် အတွင်း ဒုတိယအကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ပီအက်စ်ဂျီ ကတော့ ဒုတိယအကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကတော့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေကို ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန် ကတော့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်တဲ့ ဘာစီလိုနာကို ကျော်ဖြတ်လာတာ ဖြစ်လို့ နှစ်သင်းစလုံးက လျှော့တွက်လို့ မရပါဘူး။
ဒီနှစ်သင်းမှာ ပီအက်စ်ဂျီက တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းတဲ့ ကစားသမားတွေနဲ့ တိုက်စစ် အားပြု ကစားဖို့ ရှိပြီး အင်တာမီလန် ကတော့ အတွေ့အကြုံ၊ ကျစ်လျစ်တဲ့ ခံစစ်၊ အသင်းလိုက် ကစားပုံ ကောင်းကောင်းနဲ့ ပြန်လည် ရင်ဆိုင်သွားဖို့ ရှိနေပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ အခြေနေက ဒီနှစ် ချန်ပီယံလိဂ်မှာ နာမည်ကြီးနေတဲ့ ဗစ်တင်ညာ၊ ရူအစ်ဇ်၊ ယာအို နီးဗက်စ် တို့ရဲ့ ကွင်းလယ် အတွဲအဖက်နဲ့ ဘာရယ်လာ၊ ချလနောဂလူ၊ မက်ခီတာရန် တို့ရဲ့ ကွင်းလယ် အတွဲအဖက် အားပြိုင်မှုတွေ မြင်တွေ့ရဖို့ ရှိနေတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ နည်းပြ အန်နရီကေး ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အင်တာမီလန်နဲ့ ပတ်သတ်ပြီး အခုလို ပြောကြားထားခဲ့ပါတယ်။ အန်နရီကေးက “အင်တာမီလန်က နှစ်ပေါင်းများစွာ အဆင့်မြင့်မြင့် ကစားလာခဲ့တဲ့ အသင်းပါ။ နည်းပြနဲ့ အဓိက ကစားသမား အစုအဖွဲ့က အရမ်းကို စည်းလုံးညီညွတ်မှု ရှိပြီး တခြား အသင်း တော်တော်များများနဲ့ ကစားပုံ ကလည်း ကွဲပြား ခြားနားပါတယ်။ သူတို့က ရှေ့တန်းကနေရော နောက်တန်း ကနေပါ ခံစစ်ပုံစံ ကစားနိုင်သလို အဲ့ဒါက သူတိုရဲ့ ဖိအားပေး ကစားပုံမှာ အမျိုးမျိုး ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ အင်တာက တကယ့် အသင်းကောင်း တစ်သင်းပါပဲ။ လူတိုင်းက ကိုယ့် အစုအဖွဲ့ အတွက် ကိုယ့်အလုပ်ကိုယ် လုပ်ကြရပါတယ်။ တစ်ဦးချင်း ကောင်းတဲ့ ကစားသမားတွေ ရှိသလို ဘောလုံးရွှေ့လျားနိုင်စွမ်းလည်း ကောင်းမွန်ပြီး ဘာလုပ်ရမယ် ဆိုတာကို အတိအကျ သိကြပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.