နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုက်စ်ရဲ့ စပယ်ရှယ် ဖရီးကစ် သွင်းဂိုးတွေနဲ့ ချန်ပီယံလိဂ် ဘုရင်ကြီးကို အမ်းမရိတ်စ်မှာ ဂိုးပြတ် ဆုံးမလိုက်တဲ့ အာဆင်နယ် | ချန်ပီယံလိဂ်

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ အာဆင်နယ်က ရီးရဲလ်မက်ဒရစ်ကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ယူသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဖလား ၁၅ ကြိမ် ရထားသလို လက်ရှိ ချန်ပီယံလည်း ဖြစ်တဲ့ ပြိုင်ပွဲရဲ့ ဘုရင်ကြီး ရီးရဲလ်မက်ဒရစ်ကို ဒီရလဒ်နဲ့ ဒီခြေစွမ်းနဲ့ အနိုင်ရခဲ့မယ်လို့ ဘယ်သူကမှ ထင်ခဲ့မှာ မဟုတ်ပါဘူး။

ရီးရဲလ်မက်ဒရစ်တို့ Form ပျက်နေလို့ မလွယ်ဘူးလို့ ကြိုတွက်ထားခဲ့ပေမယ့် ဒီလောက်အထိ ဆိုးဆိုးရွားရွား ရှုံးနိမ့်လိမ့်မယ်လို့ စာရေးသူလည်း မထင်ခဲ့မိပါဘူး။ ဒီနေ့ပွဲမှာ ဒီကလန် ရိုက်စ် အားပါ ပြင်းထန်၊ တိကျ၊ လှပကောင်းမွန်တဲ့ ဒီကလန် ရိုက်စ်ရဲ့ ဖရီးကစ် ၂ ဂိုးနဲ့ မာရင်နိုရဲ့ ချိန်သားကိုက် သွင်းဂိုး ၁ ဂိုးက ပွဲရဲ့ အဖြေ ဖြစ်ခဲ့တယ် ဆိုပေမယ့် ဒီဂိုးတွေ မပါရင်တောင် ရီးရဲလ်မက်ဒရစ်ရဲ့ ခြေစွမ်းက သရေ ရလဒ်နဲ့တောင် မထိုက်တန်ခဲ့ဘူးလို့ ပြောရင် ပြင်းထန်မယ် မထင်ပါဘူး။ ဂိုးသမား သီဘို ကော့တွာစ်သာ မကယ်ရင် ဒီထက်တောင် ဂိုးပြတ် သွားနိုင်တဲ့ ပွဲဖြစ်ပါတယ်။ ပွဲပြီး အချက်အလက်တွေကိုပဲ ပြန်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်ကို အဘက်ဘက်မှာ အသာစီးနဲ့ ကစားသွားခဲ့တာပါ။ ဂိုးပေါက် ကန်ချက် ၁၂ ကြိမ်မှာ ဂိုးပေါက် တည့်မှု ၁၁ ကြိမ် ရှိခဲ့ပြီး လွဲချော်မှု လုံးဝ မရှိခဲ့သလို တစ်ဖက်က ရီးရဲလ်မက်ဒရစ် ကတော့ ဂိုးပေါက် ကန်ချက် ၉ ကြိမ်မှာ ဂိုးပေါက် တည့်မှု ၃ ကြိမ်သာ ရှိခဲ့ပါတယ်။

တကယ်တော့ အာဆင်နယ်ဟာ ဒီနေ့ပွဲမှာ High Line defence နဲ့ မကစားပဲ ဗင်နီးစီးယပ်စ်၊ အမ်ဘာပေး တို့လို ကစားသမားတွေကို ထိန်းချုပ်ဖို့ MidBlock၊ LowBlock တွေနဲ့ သတိကြီးကြီးထားပြီး ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဘောလုံး ဆုံးရှုံးနေတဲ့ အချိန်မှာလည်း အာဆင်နယ်က ပုံမှန် ကစားနေကြ 4-3-3 အစား 4-4-2 နဲ့ ပြောင်းကစားခဲ့ပါတယ်။ ဒီလို ပွဲကို ချဉ်းကပ်ပုံ ကောင်းခဲ့တဲ့ နည်းပြ မီခဲလ် အာတေးတားရဲ့ နည်းဗျူဟာ ကိုလည်း ချီးကျူးရမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဖလား ၁၅ ကြိမ် ရထားသလို လက်ရှိ ချန်ပီယံလည်း ဖြစ်တဲ့ ပြိုင်ပွဲရဲ့ ဘုရင်ကြီး ရီးရဲလ်မက်ဒရစ်ကို ဒီရလဒ်နဲ့ ဒီခြေစွမ်းနဲ့ အနိုင်ရခဲ့မယ်လို့ ဘယ်သူကမှ ထင်ခဲ့မှာ မဟုတ်ပါဘူး။
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ၂ နှစ်ဆက် တက်ရောက်နိုင်ခဲ့တဲ့ အာဆင်နယ်

အာတေးတားကို ချီးကျူးပြီးရင်တော့ ဒီနေ့ ပွဲအတွက် ဟီးရိုး ဖြစ်ခဲ့တဲ့ ဒီကလန် ရိုက်စ်ကို ချီးကျူးရပါမယ်။ ရိုက်စ်ဟာ တော်တော်များများ လက်ခံထားကြတဲ့ ထိပ်တန်း ကွင်းလယ်လူ တစ်ဦး ဖြစ်ပါတယ်။ နောက်ပိုင်း ပွဲတွေမှာ ရိုက်စ်က အလွတ် တည်ကန်ဘောတွေ ကနေ ဂိုးဖန်တီးလာနိုင်သလို အခုဆိုရင် ဂိုးပါ သွင်းယူလာနိုင်တာ အားရစရာပါ။ တစ်ဂိုး မဟုတ် နှစ်ဂိုး သွင်းပြလိုက်တော့ အားလုံး ဟာကနဲ၊ ဟင်ကနဲကို ဖြစ်သွားရတော့တာပါပဲ။ နောက်ထပ် မမေ့မလျော့ ချီးကျူးရမှာက ဒဏ်ရာရနေတဲ့ ဂါဘရီရယ် နေရာမှာ ဝင်ရောက် အသုံးတော်ခံခဲ့သူ ယာကုဗ် ကီဗီယော ဖြစ်ပါတယ်။ ဆလီဘာနဲ့ တွဲဖက်ကာ ရီးရဲလ် တိုက်စစ်ကို အတည်ငြိမ်ဆုံးနဲ့ အကောင်းဆုံး ဟန့်တားသွားခဲ့တာ အာဆင်နယ် ပရိသတ်တွေ အတွက် စိတ်ကျေနပ်စရာပါ။ နောက်ပြီး မာရင်နို ကိုလည်း ချီးကျူးရမှာ ဖြစ်ပြီး ကွင်းလယ် ကစားသမား ဆိုပေမယ့် တိုက်စစ်မှူး တစ်ဦးလိုပဲ တောက်လျောက် ဂိုးတွေ သွင်းပြနေပါတယ်။ အာဆင်နယ်ရဲ့ လက်တလော တိုက်စစ် ပြဿနာ အတွက် မီခဲလ်ရဲ့ အကောင်းဆုံး ရေတို ဖြေရှင်းမှုလို့ပဲ ဆိုရပါမယ်။

အာဆင်နယ်ဟာ သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် ဖလားကို တစ်ကြိမ် တစ်ခါမှ မရဖူးလို့ ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် အမြဲတမ်း အနှိမ်ခံရတဲ့ အသင်းပါ။ ဒါပေမယ့် ဂန်းနားတွေကို ကြည့်ရတာ ဒီရာသီမှာတော့ ဒီလို အနှိမ်ခံနေရတာကို ပေါက်ကွဲပြချင်နေပုံပါပဲ။ ဒီလိုပြောလို့ တစ်ဖက်က ရီးရဲလ်မက်ဒရစ် မှာရော ဆီမီးဖိုင်နယ် တက်ရေး မျှော်လင့်ချက် မရှိတော့ဘူးလား ဆိုရင်တော့ No လို့ပဲ ဖြေရမှာပါ။ ဘာလို့လဲ ဆိုတော့ အဖြေက တစ်ခုပါပဲ။ ရီးရဲလ်မက်ဒရစ် ကလည်း ရီးရဲလ်မက်ဒရစ် ဖြစ်ပြီး ချန်ပီယံလိဂ် ကလည်း ချန်ပီယံလိဂ် ဖြစ်နေလို့ပါ။ နောက်ပြီး ချန်ပီယံလိဂ်နဲ့ ရီးရဲလ်မက်ဒရစ်က ကံစပ်လွန်း၊ ပနံသင့်လွန်းလို့ပါ။ ရီးရဲလ် ကစားသမား တချို့ ကတော့ ဘာနေဗျူးမှာ သူတို့ ပြန်လာနိုင်မယ်လို့ ယုံကြည်နေကြဆဲပါ။

စာရေးသူရဲ့ အမြင်အရတော့ ဘာနေဗျူးဟာ အာဆင်နယ်ကြောက်တဲ့ ရပ်ဝန်း မဟုတ်ကြောင်း သမိုင်း မှတ်တမ်း ရှိထားပါတယ်။ နောက်တစ်ချက်က ခေတ်နဲ့ လိုက်မမှီတော့တဲ့ နည်းပြကြီး အန်ဆယ်လော့တီရဲ့ နည်းစနစ် ဗျူဟာပိုင်းပါ။ ဒီပုံအတိုင်း ဆက်သွားနေဦးမယ် ဆိုရင်တော့ ဒီတစ်ကြိမ်က ရီးရဲလ် အတွက် Epic Comeback ဆိုတာ မရှိနိုင်ပါဘူး။ ဆိုတော့က ဒီပွဲ အတွက် အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကို ၁၀/၁၀ အထိတောင် ပေးပြီး ချီးကျူးရမှာ ဖြစ်သလို ဒုတိယအကျော့ ဘာနေဗျူး ပွဲစဉ်ကို ဆက်လက် စောင့်ကြည့်ရဦးမှာပါလို့ ပြောကြားရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်