နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆုဖလား ဆာလောင်မှုတွေနဲ့ အလိုင်းရန့်ဇ် အရီနာမှာ အကြိတ်အနယ် ဗိုလ်လုကြမယ့် ပီအက်စ်ဂျီနဲ့ အင်တာမီလန် | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ပီအက်စ်ဂျီ – အင်တာမီလန်

ဘောလုံးပရိသတ်တွေ စောင့်မျှော်နေတဲ့ ၂၀၂၄-၂၀၂၅ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကတော့ မကြာခင်မှာ ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ လက်ရှိ ဥရောပရဲ့ ထိပ်တန်း ကလပ်တွေ ဖြစ်တဲ့ အင်တာမီလန်နဲ့ ပီအက်စ်ဂျီ တို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပြီး မြူးနစ်မှာ ဘယ်အသင်းက အောင်ပွဲခံသွားနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

အရင်ဆုံး ပီအက်စ်ဂျီ အကြောင်း ပြောရမယ် ဆိုရင် လူးဝစ္စ အန်နရီကေးရဲ့ အသင်းက လက်ရှိ ဥရောပရဲ့ အကောင်းဆုံးလို့ သတ်မှတ်လို့ ရပြီး တစ်ဦးချင်းကောင်းတဲ့ ကစားသမားတွေလည်း အများအပြား ရှိနေပါတယ်။ အရင်နဲ့ မတူတာက ပီအက်စ်ဂျီဟာ နည်းပြ လူးဝစ္စ အန်နရီကေးရဲ့ လက်အောက်မှာ အမှားတွေကို သင်ယူတတ်တဲ့ အသင်း ဖြစ်လာပြီး တစ်ပွဲထက် တစ်ပွဲလည်း ကစားပုံ ပိုကောင်းလာတာ တွေ့ရပါတယ်။ ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဖြတ်သန်းမှုတွေကို ပြန်ကြည့်ရင် ပရီးမီးယားလိဂ် ထိပ်သီးတွေကို ကျော်ဖြတ်လာပြီး သူတို့ အတွက် ပထမဦးဆုံး ဥရောပ အောင်မြင်မှု အတွက် အဆင်သင့် ဖြစ်နေပုံပါပဲ။

ပီအက်စ်ဂျီကို အတွေ့အကြုံ၊ အစဉ်အလာ၊ တည်ငြိမ်မှုတွေနဲ့ ပြန်လည် ရင်ဆိုင်မှာက အင်တာမီလန် ဖြစ်ပါတယ်။ အင်တာမီလန်က နည်းပြ ဆီမြွန်နီ အင်ဇာဂီ လက်ထက်မှာ ၃ နှစ် အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ကြိမ် တက်ထားတဲ့ အသင်း ဖြစ်လို့ လျှော့တွက်လို့ မရပါဘူး။ အင်တာမီလန်ဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ မထင်မှတ်တာတွေ လုပ်ပြလိမ့်မယ်လို့ ကျွန်တော် မကြာခဏ ပြောခဲ့သလိုပဲ သူတို့ အသင်း အခုလည်း ဗိုလ်လုပွဲ ရောက်လာပြန်ပါပြီ။ အင်တာမီလန်ရဲ့ အားသာချက်က ခံစစ် ကျစ်လျစ်ပြီး လျင်မြန် တိကျတဲ့ ပေးပို့မှုတွေနဲ့ တန်ပြန် တိုက်စစ်ကို အကောင်းဆုံး ပုံဖော်နိုင်တာပါ။ နောက်ပြီး အင်တာမီလန်က ပြိုင်ဘက် ဂိုးရသွားရင်တောင် ပြိုလဲမသွားပဲ ချက်ချင်း တုန့်ပြန်နိုင်တဲ့ အသင်း ဖြစ်ပါတယ်။

ပြောရမယ် ဆိုရင်တော့ ပီအက်စ်ဂျီက တစ်ဦးချင်း စွမ်းဆောင်ရည် မြင့်တဲ့ ကစားသမားတွေနဲ့ ရင်ဆိုင်လာမှာ ဖြစ်ပြီး အင်တာမီလန်က ခံစစ်ကို အကောင်းဆုံး ကစားပြီး အသင်းလိုက် စုဖွဲ့မှု ကောင်းကောင်းနဲ့ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီနှစ် ချန်ပီယံလိဂ်မှာ နာမည်ကြီးနေတဲ့ ဗစ်တင်ညာ၊ ရူအစ်ဇ်၊ ယာအို နီးဗက်စ် တို့ရဲ့ ကွင်းလယ် အတွဲအဖက်နဲ့ ဘာရယ်လာ၊ ချလနောဂလူ၊ မက်ခီတာရန် တို့ရဲ့ ကွင်းလယ် အတွဲအဖက် အားပြိုင်မှုတွေ ကိုလည်း ရှုစားရဦးမှာပါ။

 

နှစ်ဖက်အသင်း သတင်းများ

အင်တာမီလန်ဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ မထင်မှတ်တာတွေ လုပ်ပြလိမ့်မယ်လို့ ကျွန်တော် မကြာခဏ ပြောခဲ့သလိုပဲ သူတို့ အသင်း အခုလည်း ဗိုလ်လုပွဲ ရောက်လာပြန်ပါပြီ။
အင်တာမီလန်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲ ရှုံးထားတဲ့ ပီအက်စ်ဂျီ

အခုပွဲကို ပီအက်စ်ဂျီ ဘက်က ကင်ပမ်ဘီ တစ်ဦးတည်း လွဲချော်မှာ ဖြစ်ပြီးတော့ အင်တာမီလန် ဘက်မှာတော့ ပါဗက်၊ ဇီလင်းစကီး၊ ဘစ်ဆက်ခ်တို့ ပါဝင် ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ ဒီကစားသမား ၃ ဦး မပါနိုင်ရင်တော့ အင်တာမီလန်ရဲ့ လူစာရင်းက အနည်းငယ် အားနည်းနေမှာ အမှန်ပါပဲ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ပီအက်စ်ဂျီ – ဒွန်နာရမ်းမား၊ ဟာကီမီ၊ မာကွင်ညော့စ်၊ ပါချို၊ နူနို မန်းဒက်စ်၊ ယာအို နီးဗက်စ်၊ ဗစ်တင်ညာ၊ ရူအစ်ဇ်၊ ဒူရေး၊ ဒမ်ဘီလီ

အင်တာမီလန် – ဆွမ်မား၊ ဘစ်ဆက်ခ်၊ အကာဘီ၊ ဘက်စ်တိုနီ၊ ဒမ်းဖရီးစ်၊ ဘာရယ်လာ၊ ချလနောဂလူ၊ မက်ခီတာရန်၊ ဒီမာကို၊ သူရမ်၊ မာတီနက်ဇ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ဒီနှစ်သင်းက ၅ ကြိမ် တွေ့ဆုံထားခဲ့ပြီး ခြေစမ်းပွဲနဲ့ ချစ်ကြည်ရေး ပွဲတွေမှာပဲ ဖြစ်ပါတယ်။ ဥရောပ စင်မြင့်ထက် မှာတော့ ပထမဦးဆုံး တွေ့ဆုံကြမှာ ဖြစ်လို့ ဘယ်အသင်း အသာရနိုင်မလဲ ဆိုတာ မှန်းဆရတော့ ခက်ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင် ပီအက်စ်ဂျီက ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပြီး အင်တာမီလန် ကတော့ ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ပီအက်စ်ဂျီ နိုင်ရင် ၂.၂၀ ဆ၊ အင်တာမီလန် နိုင်ရင်တော့ ၃.၀၆ ဆ၊ သရေ ဆိုရင်တော့ ၃.၁၂ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ပီအက်စ်ဂျီ ဘက်ကပဲ ခပ်ပါးပါးကြေး ဖွင့်ပေးထားပြီး ဂိုးပေါင်း ကတော့ ၂.၂၅၊ ၂.၅၀၊ ၂.၇၅ ကြိုက်ရာ ရွေးချယ်နိုင်ပါတယ်။ ဒီပြိုင်ပွဲမှာ တစ်ကြိမ် တစ်ခါမှ ချန်ပီယံ မဖြစ်ဖူးသေးတဲ့ ပီအက်စ်ဂျီကို မျှော်လင့်နေသူတွေ ပိုများလိမ့်မယ် ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အင်တာမီလန်က ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၇ ကြိမ်မြောက် တက်ရောက်လာတာ ဖြစ်ပြီး ချန်ပီယံ ကလည်း ၃ ကြိမ် ဖြစ်ဖူးထားလို့ပါ။ ဒါပေမယ့် အင်တာမီလန် နည်းပြ အင်ဇာဂီ အတွက် ပထမ အကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကျရှုံးခဲ့လို့ ဒီတစ်ကြိမ် မှာတော့ ချန်ပီယံဆုကို အရယူချင်နေမှာ သေချာပါတယ်။ နှစ်သင်းစလုံးက Game Plan ကောင်းပြီး တည်ငြိမ်ကြပါတယ်။ ကျွန်တော် ကတော့ ဒီပွဲမှာ အတွေ့အကြုံ ကပဲ စကားပြောသွားဦးမယ် ထင်ပါတယ်။ ဒါကြောင့် အများနဲ့ ဆန့်ကျင်ပြီး အင်တာမီလန် ဘက်မှာပဲ ရပ်တည်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

ပီအက်စ်ဂျီ ၁-၂ အင်တာမီလန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်